• သူတွဲခေါ်ခဲ့တဲ့ မက်ဆီနဲ့ပတ်သက်လို့ အကြီးအကျယ်ရှော့ခ်ရခဲ့တဲ့အကြောင်းကို ရော်နယ်ဒင်ဟိုဖွင့်ဟ

မက်ဆီ PSG ကို ရောက်သွားတဲ့အပေါ် ရော်နယ်ဒင်ဟိုက ပြောကြားခဲ့တာပါ။

ဘရာဇီးဂန္တဝင်ကစားသမားကြီး ရော်နယ်ဒင်ဟိုက မက်ဆီကို PSG ဂျာစီနဲ့မြင်တွေ့ခွင့်ရလိမ့်မယ်လို့ စိတ်ကူးတောင်မယဥ်ခဲ့ဖူးကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ မက်ဆီဟာ သူ့ရဲ့ကစားသမားဘဝ မြှုပ်နှံရာ ဘာစီလိုနာကို ပြီးခဲ့တဲ့နွေရာသီက စွန့်ခွာခဲ့ပြီးနောက် ပြင်သစ်လီဂူးကလပ် PSG ကို ရောက်ရှိလာခဲ့တာပါ။

image

ရော်နယ်ဒင်ဟိုကလည်း သူ့ရဲ့ ကစားသမားဘဝမှာ ဘာစီလိုနာအတွက်ရော၊ PSG အတွက်ပါ ကစားပေးခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က လိုက်ပ်ဇစ်ကို PSG တို့ ၃-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲကို ရော်နယ်ဒင်ဟို သွားရောက်ကြည့်ရှုခဲ့ပြီး နေမာ၊ မက်ဆီတို့နဲ့ တွေ့ဆုံပြီးတဲ့နောက် အခုလိုမျိုး ဝန်ခံပြောကြားခဲ့ပါတယ်။

image

ရော်နယ်ဒင်ဟိုက “သူတို့နဲ့ (နေမာ၊ မက်ဆီ) ပြန်တွေ့ရတာဝမ်းသာပါတယ်။ သူတို့ အေးဆေးအခြေအနေကောင်းနေပြီး ဒီလိုပြန်တွေ့ရတာ ကြီးကျယ်ခမ်းနားတဲ့ကိစ္စပါ။ နေမာအနေနဲ့ ခက်ခဲရှုပ်ထွေးတဲ့အချိန်တွေကို ကျော်ဖြတ်ခဲ့ရပေမယ့် ဘရာဇီးမှာရှိတဲ့လူတိုင်းက သူ့အကြောင်းကို ကောင်းကောင်းသိပါတယ်”

“မက်ဆီ ဘာစီလိုနာမှာရှိတည်းက ကျွန်တော်နဲ့မက်ဆီနဲ့က နေမာရဲ့ အရည်အသွေးတွေအကြောင်းကို အများကြီးပြောဖြစ်ခဲ့တာပါ။ နောက်ပြီး သူတို့နှစ်ယောက် လေ့ကျင့်ခန်းအတူတူဆင်းနေတာကိုလည်း ကျွန်တော်မြင်ခဲ့ပါတယ်။ မက်ဆီ PSG ဂျာစီကို ဝတ်ဆင်ဖြစ်မယ်လို့ ကျွန်တော် တစ်ခါမှတောင် စိတ်မကူးခဲ့ဖူးပါဘူး”

“အခုဆိုရင် သူတို့ ချန်ပီယံလိဂ်ဖလားကို ရဖို့ စိတ်အားထက်သန်နေမယ်လို့ ကျွန်တော်ထင်ပါတယ်။ မက်ဆီ၊ နေမာတို့လို ကစားသမားမျိုးတွေရှိနေပြီဆိုရင် အရေးကြီးတဲ့အရာတစ်ခုခု မဖြစ်နိုင်လောက်ဘူးလို့ စဥ်းစားရတာ ခက်ခဲပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ရော်နယ်ဒင်ဟိုဟာ ဘာစီလိုနာမှာ မက်ဆီအတွက်တော့ ကွင်းအတွင်း လက်ဦးဆရာအဖြစ် သတ်မှတ်ခံထားရသူပါ။ PSG ကွင်းထဲမှာ မက်ဆီနဲ့ ရော်နယ်ဒင်ဟိုတို့ ပြန်လည်ဆုံတွေ့ချိန်မှာလည်း နှစ်ယောက်သား ရင်းရင်းနှီးနှီး ပွေ့ဖက်နှုတ်ဆက်ခဲ့ကြပါသေးတယ်။ 

Share

Loading Next Article...
က္က