• ၂၀၂၀ မှာ 5G ဖုန်း သန်း ၁၀၀ အထိ တင်ပို့နိုင်ဖို့ Huawei မျှော်မှန်း

တောင်ကိုရီးယားမှာလည်း ရင်းနှီးမြှပ်နှံမှုတွေ လုပ်မှာပါ

တရုတ်နိုင်ငံဟာ ပဉ္စမမျိုးဆက် ကွန်ရက်စနစ်သုံး ထုတ်ကုန်တွေအတွက် အကြီးဆုံး ဈေးကွက်တစ်ခု ဖြစ်လာမယ်လို့ အစီရင်ခံစာတစ်စောင်က ဖော်ပြထားပါတယ်။

၂၀၂၀ မှာတော့ ကမ္ဘာ့အကြီးဆုံး တယ်လီကွန်းကုမ္ပဏီကြီး ဖြစ်တဲ့ Huawei ဟာ တရုတ်ပြည်တွင်းဈေးကွက်မှာ 5G စမတ်ဖုန်းသန်း ၁၀၀ အထိ ရောင်းချနိုင်ဖို့ ရှိတယ်လို့လည်း စမတ် capacitor ထုတ်လုပ်တဲ့ Taiyo Yuden ကုမ္ပဏီက ခန့်မှန်းထားပါတယ်။ Taiyo Yuden ကုမ္ပဏီအနေနဲ့ 5G ကွန်ရက်အတွက် ပစ္စည်းအစိတ်အပိုင်း အော်ဒါမှာယူမှုလည်း တိုးရလာနေတယ်လို့ ဆိုပါတယ်။

image

Photo: techgenyz


Huawei နဲ့ ZTE တို့ကတော့ 5G capacitors အတွက် အော်ဒါမှာယူမှု အများဆုံး ဖောက်သည်ကုမ္ပဏီနှစ်ခု ဖြစ်တယ်လို့လည်း Taiyo Yuden ရဲ့ CEO ရှိုအီချီ တိုဆာကာက ပြောပါတယ်။ သူ့ခန့်မှန်းချက်အရ Huawei ကုမ္ပဏီတစ်ခုတည်းကပဲ လာမယ့် ၂၀၂၀ မှာ 5G စမတ်ဖုန်းပေါင်း သန်း ၁၀၀ အထိ ရောင်းချသွားဖို့ရှိတယ်လို့ ဆိုပါတယ်။

တိုဆာကာကတော့ ကုမ္ပဏီဟာ နှစ်စဉ် 5G base station အတွက် အော်ဒါမှာယူမှုများ ရထားပြီး ဖြစ်တဲ့အပြင် လာမယ့် ရက်သတ္တပတ်တွေအတွင်း 5G စမတ်ဖုန်းအစိတ်အပိုင်းတွေအတွက် အမှာစာ‌တွေပါ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။

Huawei ဟာ တောင်ကိုရီးယားမှာ ရင်းနှီးမြှပ်နှံမှုတွေ တိုးမြင့်လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့လည်း ကုမ္ပဏီရဲ့ ကမ္ဘာ့မီဒီယာနဲ့ ဆက်သွယ်ရေးပိုင်းအကြီးအကဲ ဖြစ်သူ ကားလ်ဆောင်ကိုင်က ဆိုပါတယ်။ တောင်ကိုရီးယားမှာ Huawei အနေနဲ့ ဘယ်လောက်ပမာဏအထိ ရင်းနှီးမြှပ်နှံသွားမလဲဆိုတာတော့ ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါဘူး။


Photo: twistarticle

Yonhap သတင်းအေဂျင်စီရဲ့ အဆိုအရ Huawie ဟာ ယခုနှစ်အတွင်း တောင်ကိုရီးယားမှ ဝမ် ၁၃ ထရီလီယံ (ဒေါ်လာ ၁၁.၁ ဘီလျံ) ဖိုးခန့် ဝယ်ယူခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာကတော့ ဝမ် ၁၀.၆ ထရီလီယံဖိုး ဝယ်ခဲ့တာပါ။

အမေရိကန်အစိုးရအနေနဲ့ Huawei အပေါ် အမေရိကန်ထုတ်ကုန်များ ဝယ်ယူခွင့် ပိတ်ပင်ခဲ့ပြီးနောက် တောင်ကိုရီးယားအပါအဝင် အမေရိကန်မဟုတ်တဲ့ နိုင်ငံတွေက supplier များနဲ့ လက်တွဲဖို့ မျက်စိကျလာခဲ့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က