• Featured

    မှန်ပြောင်းနဲ့ဘယ်လောက်ကြည့်ကြည့် လွဲနေတုန်းပါပဲဆိုတဲ့ ထွန်းထွန်း

ဆယ်လီစုံထောက်တွေ ရဲ့ အဖြစ်ကို ပြောပြလာပါတယ်။

ထွန်းထွန်းတစ်ယောက် The Mask Singer Myanmar ပြိုင်ပွဲဝင်တွေကို ခန့်မှန်းတဲ့အခါ မှန်ပြောင်းနဲ့ ခဏခဏ ကြည့်ရပါတယ်တဲ့ ။ ဒါပေမယ့် မှန်တယ် မမှန်ဘူးဆိုတဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။

image

ထွန်းထွန်းကတော့ The Mask Singer Myanmar မှာ ဆယ်လီစုံထောက် တစ်ဦးအနေနဲ့ ပါဝင်နေတာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေကို ခန့်မှန်းလိုက်ရင် အမြဲတမ်း လွဲနေတဲ့အကြောင်းကို ထွန်းထွန်းက မီဒီယာ အင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ်။

“ကျွန်တော့်ကြောင့် သူများတွေလည်း လွဲကုန်တာပဲပေါ့။ ဖိုးဝ ကိုတောင်မှ ကျွန်တော်က ဒါရဲလေး၊ ခရီးတွေတောင် အတူတူသွားဖူးသေးတာကို ကျွန်တော်ပြောတာ မှန်တယ်ဆိုပြီးတော့ ဖြစ်တာ။ ဘေးကလူတွေ ပြောတာကမှ မှန်ရင်မှန်ဦးမယ်။ အဲဒါကြောင့် အရှေ့မှာ ထပ်မလွဲအောင်ကြိုးစားနေပါတယ်။ အားလုံးက ထင်တာက ကျွန်တော်တို့ သိသိရက်နဲ့ လွဲတယ်ပေါ့နော်။ သူတို့ ဘယ်သူတွေလဲ ကျွန်တော်တို့ တကယ် မသိဘူး။ ဦးကျော်ထူးဆိုရင်တော့ သိတယ်။ ဒါပေမယ့် မသိချင်ယောင်ဆောင်ထားတာ စချင်တာကိုး။ တကယ်မသိတဲ့လူတွေဆိုရင်တော့ ကျွန်တော်တို့ ၄ ယောက်စလုံး ပုံစံတွေ ပျက်နေတယ်” လို့ ဆိုပါတယ်။

Photo: Tun Tun

The Mask Singer Myanmar မှာ ထွန်းထွန်းက ပြိုင်ပွဲဝင်တွေကို ခန့်မှန်းလိုက်တိုင်း မှန်ပြောင်းနဲ့ ကြည့်တာကတော့ ပရိသတ်တွေကြားမှာ ဟာသတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ထွန်းထွန်းကတော့ လွဲနေတုန်းပါပဲလို့ သဘောကျရယ်မောရင်း ပြောလာပါတယ်။

“ မှန်ပြောင်းနဲ့ ကြည့်တာကလည်း ရှေ့ပိုင်းအရုပ်တွေက မှန်ပြောင်းနဲ့ကြည့်ရတာ လွယ်တယ်။ အခုနောက်ပိုင်း Season မှာ စတဲ့ဟာတွေက ဘာမှ မပေါ်တော့ဘူး။ ဘယ်လို ကြည့်ကြည့်ကို မပေါ်တော့တာ။ ကျွန်တော် ကြည့်နေတာပဲရှိတာ ဘာမှကို မပေါ်ဘူး။ လွဲနေတာပါပဲ။ ဒါပေမယ့် ၄ ယောက်ထဲက တစ်ယောက် မှန်သွားရင်လည်း မနည်းဘူးဆိုပြီးတော့ ပြောလိုက်တာတွေလည်းရှိတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၆ ရက်နေ့ညက ရွာကျော်မိကဲ ရုပ်ရှင်ကားကြီး အထူးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Tun Tun

ဆယ်လီစုံထောက်တစ်ယောက်အနေနဲ့ The Mask Singer Myanmar မှာ သီချင်းလာဆိုတဲ့ ပြိုင်ပွဲဝင်တွေကို ခန့်မှန်းရတာ ပျော်ဖို့ကောင်းတယ်လို့ ထွန်းထွန်းက ပြောပါတယ်။

“ ရှားရှားပါးပါး ၂ ယောက်မှန်တယ်။ တကယ်ကို အသိသာကြီး ၂ ယောက်မှန်ဖူးတယ်။ လူကောင်တွေကတော့ မျက်နှာဖုံးတွေထဲမှာပဲရှိတာလေ။ တချို့ကျတော့ အသံတွေက အရမ်းသိသာတယ်။ သူတို့တွေကလည်း နည်းနည်းတော့ ညစ်တယ် မေးတာကို အမှန်အတိုင်းမဖြေဘူး။ သူတို့က အမှန်အတိုင်းဖြေပြန်တော့လည်း ကျွန်တော်က တလွဲတွေထင်ပြန်ရော”လို့လည်း ပြိုင်ပွဲပေါ်က အမှတ်တရတွေကို ပြောပြခဲ့တာပါ။ 

Photo: Tun Tun

The Mask Singer Myanmar ပြိုင်ပွဲမှာ သရုပ်ဆောင် ထွန်းထွန်း၊ အရိုင်း၊ ခိုင်သင်းကြည်နဲ့ ရတနာမိုင်တို့က ဆယ်လီစုံထောက်တွေအဖြစ် ပါဝင်ခဲ့ကြတာပါ။ ထွန်းထွန်းကတော့ ဂီတမှာသာမက သရုပ်ဆောင်အပိုင်းမှာလည်း အောင်မြင်ကျော်ကြားသူ တစ်ယောက်ဖြစ်ပါတယ်။ အဆိုတော် တစ်ယောက်အနေနဲ့ သီချင်းတွေလည်း အများကြီး ထွက်ထားသလို သရုပ်ဆောင်ဘက်မှာလည်း အကယ်ဒမီဆု ဆွတ်ခူးရရှိနိုင်ခဲ့သူတစ်ယောက်ပါ။ 




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က