• မီ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ Actress In A Leading Role Awardဆုကို ရရှိသွားတဲ့ ပိုင်ဖြိုးသု

ပီတိဖြစ်လို့နေပါတယ်။

Actress In A Role Leading Award ဆုကို မီ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပိုင်ဖြိုးသုက ရရှိပိုင်ဆိုင်သွားပါတယ်။ 

image

ပထမဆုံးအကြိမ် ကျင်းပပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာတော့ Actress In A Leading Role Award ဆုကို မီ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ သရုပ်ဆောင် ပိုင်ဖြိုးသုက ရရှိပိုင်ဆိုင်ခဲ့ပါတယ်။

‘’အထူးကျေးဇူးတင်ရမှာကတေော့ ကိုဏကြီးပေါ့နော်။ ကိုဏကြီးကြောင့်မဟုတ်ရင် မီဆိုတာ ဖြစ်လာမှာ မဟုတ်ပါဘူး။ မီ တစ်ယောက်ဖြစ်လာဖို့အတွက် ကင်မရာနောက်ကွယ်ကနေ ပံ့ပိုးပေးခဲ့ကြသူတွေ အကုန်လုံး၊ သရုပ်ဆောင်တွေ အကုန်လုံးကို ကျေးဇူးတင်ပါတယ်။

image

Star Awards ဆုပေးပွဲမှာတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေအတွက် ဆု(၁၅)ဆု၊ ရုပ်ရှင်ဇာတ်လမ်းတွဲအတွက် ဆု (၅) ဆု ချီးမြှင့်သွားမယ်လို့ သိရပါတယ်။ Fashion ဆု ၃ ဆု တို့ကို ချီးမြှင့်သွားမှာဖြစ်ပါတယ်။ ရုပ်ရှင်ထူးချွန်ဆု ရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့အတူ ဆုကြေးငွေ သိန်း(၅၀) စီ၊ ရုပ်သံဇာတ်လမ်းတွဲ ဆုရရှိသူများကို ရွှေရောင်ဆုတံဆိပ်နဲ့ သိန်း (၃၀) စီ၊ ဖက်ရှင်ဆုရရှိသူများကို ရွှေ ၂ ကျပ်သားရှိတဲ့ ရွှေရင်ထိုးတို့ကို ချီးမြှင့်ပေးသွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ သတင်းစာ ဆရာများအသင်းက ကြီးမှူးကျင်းပပြီး Stellar Seven Entertainment က Organizer အဖြစ် ပြုလုပ်တဲ့ Star Awards ဆုပေးပွဲကြီးကို ဧပြီလ ၅ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘူမိ Even Park မှာ ကျင်းပပြုလုပ်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က