• မိခင်ကြီးကို စိတ်ချမ်းသာစေခဲ့တဲ့အရုပ်လေးအတွက် ကျေးဇူးတင်စကားဆိုလာတဲ့ မို့မို့မြင့်အောင်

We Love တွေပေးတာလား၊ ပရိသတ်တွေပေးတာလား။

မို့မို့မြင့်အောင် ပေးထားတဲ့ အရုပ်လေးကြောင့် မိခင်ကြီးက စိတ်ချမ်းသာနေတယ်လို့ ဆိုပါတယ်။ ဒီအရုပ်လေးကိုပေးတဲ့ We Love တွေနဲ့ ပရိသတ်တွေကို မို့မို့မြင့်အောင်က ကျေးဇူးတင်စကား ဆိုခဲ့ပါတယ်။

image

အကယ်ဒမီ မို့မို့မြင့်အောင်က သူမရဲ့ မိခင်ကြီးကိုလည်း ပြုစုစောင့်ရှောက်နေရသလို အနုပညာနဲ့ပတ်သက်ပြီး သင်တန်းပို့ချနေရတယ်လို့ ဆိုပါတယ်။ သူမရဲ့ မိခင်ကြီးအတွက် သူမကိုယ်စား We Love တွေရဲ့ လက်ဆောင်ဖြစ်တဲ့ အရုပ်လေးတစ်ရုပ်ကို ပေးထားဖြစ်တဲ့အကြောင့် ရင်ဖွင့်ပြောပြထားပါတယ်။

‘’we weတွေပေးတဲ့အရုပ်တွေစုသိမ်းထားတဲ့ထားတဲ အရုပ်ပုံးကြီးထဲက ပထမတစ်ရုပ်ကို ယူသွားပြတယ်။ ဖာသိဖာသာဘဲ။ နောက်နေ့တစ်ရုပ် ယူသွားတယ်၊ အရုပ်လေးကို နမ်းတယ်။ နောက်နေ့ နေ့လည်ဖက်အိပ်နေတာတွေ့လို့ မို့ မမကြီးက ဓါတ်ပုံခိုးရိုက်ထားတယ်။ ခုထိအဲ့ဒီအရုပ်လေး ကအဖော် ဖြစ်နေတယ်’’လို့ ဖေဖော်ဝါရီ ၂၁ ရက်နေ့ မနက် ၁၂ နာရီ ၇ မိနစ်က သူ့ရဲ့ Facebook Page မှာ ရေးသားခဲ့ပါတယ်။

Photo: Academy Moht Moht Myint Aung

မိခင်ဖြစ်သူ က အရုပ်လေးကို သဘောကျနှစ်သက်တာကြောင့်လည်း We Love တွေ နဲ့ ပရိသတ်ကို ကျေးဇူးတင်ကြောင်း သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

‘’မို့ ကို we we တွေရော ပရိသတ်ကြီးကရောပေးတဲ့အရုပ်တွေကများတော့ နာမည်ကလည်း တပ်မထားတော့ အဲ့ဒီ အရုပ်လေးပေးတဲ့ သူကို အမှန်တိုင်းဝန်ခံရရင်မမှတ်မိတော့လို့ပါ။ အရုပ် တွေကများလို့ပါ။ ခုစာဖတ်ပြီးပုံေ တွ့ပြီးရင်တော့ပေးတဲ့ we weလား၊ပရိသတ်လား ဝမ်းသာနေလောက်ရောပေါ့။မို့ ချစ်တဲ့ပရိသတ်မေတ္တာနဲ့ မို့မိခင်ကြီးကို စိတ်ချမ်းသာအောင်လုပ်ခွင့်ရတာကျေးဇူးတင်ပါတယ်’’သူက ဆိုပါတယ်။

Photo: Academy Moht Moht Myint Aung

မို့မို့မြင့်အောင် ဟာ အလုပ်တွေ များနေတာကြောင့် မိခင်ဖြစ်သူကို ပုံမှန်ဂရုတစိုက် မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့်လည်း အရုပ်လေးကို သူမရဲ့ ကိုယ်စား အဖော်လေးအဖြစ် ပေးခဲ့တာ လို့ ပြောပါတယ်။

‘’မို့ အမေနေမကောင်းလို့ဆေးရုံမှာ၂ည အနားယူပြီးဆေးရုံကဆင်းတော့မို့လည်း သင်တန်းကျောင်း ရှိတော့ အမေကိုအချိန်ပေးဖို့နည်းသွားတယ်။ စိတ်ထဲခံစားချက်နဲ့ သင်တန်း သွားပေးနေ ရမှာနောက်ဆံတင်းလွန်းလှပါတယ်။ မာမီကသစ်ခွပန်းပင်လေးတွေပန်း လေးတွေချစ်တတ်တယ် ။မို့ပန်းလှလှတွေယူသွားပေးရင်လက်ကမချဘဲအိပ်ယာဘေးထားအိပ်တဲ့အထိထားတတ်ပါတယ်။ မို့သင်တန်းသွားသင်ရင်မို့ကိုယ်စားအဖေါ်လေးစိတ်အဖေါ်လေးတခုဖြစ်အောင်ဘာစီစဉ်ရမလဲစဉ်းစားတယ်’’ လို့ ဆိုပါတယ်။

Photo: Academy Moht Moht Myint Aung

မို့မို့မြင့်အောင်ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က