• သမီးလေးကို အောင်မြင်စွာ မွေးဖွားနိုင်ခဲ့တဲ့ ဝမ်း

Rဇာနည် ကတော့ အရမ်းကိုပျော်နေပါတယ်။

အဆိုတော် Rဇာနည်က ဒီနေ့( မေလ ၁၄ရက်)မှာ သမီးလေးတစ်ဦး ပိုင်ဆိုင်ခွင့်ရပြီဖြစ်လို့ အရမ်းဝမ်းသာနေပါတယ်။ သမီးလေးကို Grand Hantha ဆေးရုံမှာ မွေးဖွားခဲ့တာ ဖြစ်ပြီး မိခင်ရော ကလေးပါ ကျန်းမာတယ်လို့ အာဇာနည်က ဆိုပါတယ်။

image

အဆိုတော် Rဇာနည်ရဲ့ ဇနီးဖြစ်သူ သရုပ်ဆောင်ဝမ်းဟာ ဒီနေ့( မေလ ၁၄) ရက်နေ့မှာ တတိယမြောက် ရင်သွေးလေးဖြစ်တဲ့ သမီးလေးကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ခဲ့ပါတယ်။ အဆိုတော် အာဇာနည်ကတော့ သမီးလေး တစ်ယောက်ရလို့ အရမ်းကိုပျော်နေသလို သမီးလေးနဲ့ ပတ်သက်ပြီး ယခုလို ပြောပြခဲ့ပါသေးတယ်။

“ သမီးလေးကိုတော့ ဒီနေ့ ( မေလ ၁၄ ရက်) မနက်ပိုင်းမွေးပါတယ်။ အချိန်ကတော့ အတိအကျ မသိလိုက်ဘူး။ မွေးတာက Grand Hantha International ဆေးရုံမှာ မွေးတာပါ။ သမီးလေးကို ပိုင်ဆိုင်ခွင့်ရလာတာလည်း အတိုင်းမသိ ဝမ်းသာမိတယ်။ ကျွန်တော်တို့ အနေနဲ့ အခုဆိုရင် သားတွေရော၊ သမီးရော ဖြစ်သွားပြီပေါ့။ ကလေးရော၊ အမေရော ကျန်းကျန်းမာမာပါပဲ။ လောလောဆယ်တော့ အိပ်နေကြတယ်” လို့ သူက Duwun ကိုပြောပါတယ်။ 

Photo: R Zar Ni

သမီးလေးနဲ့ အမှတ်တရ ဓာတ်ပုံတွေကိုတော့ ဓာတ်ပုံရိုက်လို့ရတဲ့ အချိန်ကျရင် ပရိသတ်နဲ့ မိတ်ဆက်ပေးပါ့မယ်လို့လည်း Rဇာနည်က အင်တာဗျူးမှာ ပြောခဲ့ပါသေးတယ်။ အခုဆိုရင်တော့ သားဖြစ်သူ ဖစ်ဖစ်တုန် နဲ့ ချစ်ချစ်တုန် တို့ကလည်း သူတို့ရဲ့ ညီမလေးကို အရမ်းချစ်နေကြတယ်လို့ ဆိုပါတယ်။ 

“ သားနှစ်ယောက်ကလည်း အရမ်းပျော်နေတယ်။ သူတို့ ညီမလေးကို တွေ့ချင်လို့ အရမ်းလာချင်နေတာ ဒီလိုအခြေအနေနဲ့ကျတော့ သူတို့လည်း လိုက်လာလို့ အဆင်မပြေတဲ့အတွက် Video Call တွေ ပြောပြီးတော့ပဲ ပြရတာပေါ့။ သားငယ်လေးကလည်း သိတတ်နေပြီဆိုတော့ သူ့ ညီမလေးအတွက် ရင်ခုန်နေတယ်" လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: R Zarni

Rဇာနည် နဲ့ ဝမ်းတို့ အတွက် လူမှုကွန်ယက် စာမျက်နှာပေါ်မှာ ဂုဏ်ပြုစကားပြောခဲ့ကြတဲ့ အနုပညာညီအစ်ကို မောင်နှမတွေ၊ ပရိသတ်တွေကိုလည်း ကျေးဇူးတင်တယ်လို့ Rဇာနည်က ပြောခဲ့ပါသေးတယ်။ သူတို့ နှစ်ဦးရဲ့ သားကြီး ဖစ်ဖစ်တုန်ကတော့ အခုဆိုရင် အသက် (၁၀) နှစ် ရှိပြီဖြစ်ပါတယ်။ သားငယ်လေး ချစ်ချစ်တုန်ကတော့ အသက်(၂) နှစ်ကျော် ရှိပါပြီ။ Rဇာနည်နဲ့ ဝမ်း တို့ဟာ ၂၀၂၀ ခုနှစ် အောက်တိုဘာလ ၂၇ ရက်နေ့ဆိုရင် မင်္ဂလာသက်တမ်း (၁၆) နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ သားနှစ်ယောက်၊ သမီးလေး တစ်ယောက်နဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။ 



ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က