မန္တလေးမြို့မှာ PUBG Mobile ဂိမ်းအတွက် Esports ပြိုင်ပွဲကိုကျင်းပသွားမှာဖြစ်ပြီး ဆုကြေးငွေစုစုပေါင်း ကျပ်သိန်း (၄၀) ထိပေးအပ်သွားမှာ ဖြစ်ပါတယ်။
ဒီရာသီကို မြန်မာနိုင်ငံရဲ့ Esports ရာသီလို့တောင် ခေါ်ရမလိုပါပဲ။ အရင်လမှာရော ဒီလထဲမှာပါ ဆုကြေးကြီးကြီး Esports ပြိုင်ပွဲတွေ အများကြီးကျင်းပခဲ့ပါတယ်။ ဒီ Esports ရာသီထဲကို နောက်ဆုံးဝင်ရောက်လာတာကတော့ Vibrant Esports Entertainment ရဲ့ Mandalay Electronic Show and PUBG Mobile Tournament ပဲဖြစ်ပါတယ်။

ဒီ ပြိုင်ပွဲကိုတော့ Vibrant Esports Entertainment က ကြီးမှူးကျင်းပပြီး Grand Royal Signature Blue Zone က Main Sponsor အဖြစ်လည်းကောင်း၊ Zarni Electronic က Diamond Sponsor အဖြစ်လည်းကောင်းပါဝင်ခဲ့ပြီး၊ My Com Computer Technology နဲ့ Remax Myanmar တို့u Silver Sponsor များအဖြစ် ကူညီအားဖြည့်ထားပါတယ်။
ဒီပြိုင်ပွဲမှာ ဆုကြေးငွေစုစုပေါင်း သိန်း ၄၀ ကျပ် ချီးမြှင့်သွားမှာဖြစ်ပြီး ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၀ သိန်း၊ တတိယဆု ၅ သိန်းဆိုပြီး အသီးသီးပေးအပ်ချီးမြှင့်သွားမှာပဲဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အသင်းပေါင်း ၁၅၀ အထိလက်ခံသွားမှာဖြစ်ပြီး LAN(Local Area Network) ပြိုင်ပွဲဖြစ်တာကြောင့် ပြိုင်ပွဲဝင်လိုသူများအနေနဲ့ မန္တလေးမြို့အထိ လာရောက်ယှဉ်ပြိုင်ရမှာပဲ ဖြစ်ပါတယ်။ အွန်လိုင်းကနေယှဉ်ပြိုင်ခွင့် လုံးဝ(လုံးဝ) မရှိပါဘူး။ ပြိုင်ပွဲဝင်လိုသူများ အနေနှင့်လည်း အောက်ပါလင့်မှာ စည်းကမ်းချက်များကိုဖတ်ရှုပြီး Register ပြုလုပ်နိုင်ပါတယ်။
Register Link - https://forms.gle/aHfSp6Yq9nkk6KKM9
Mandalay Electronic Show and PUBG Mobile Tournament ကြီးကိုတော့ မန္တလေးမြို့ရဲ့ မြို့တော်ခန်းမမှာ ဇူလိုင်လ ၂၆ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ သိုက်သိုက်ဝန်းဝန်း ကျင်းပသွားမှာပါ။ အဆိုပါပွဲကို တက်ရောက်ကြည့်ရှုသူ ပရိသတ်တွေအတွက်လည်း Give Away တွေပေးဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။ ပြိုင်ပွဲလည်းကြည့်ရမယ် Give Away တွေလည်း ရဦးမှာဆိုတော့ မန္တလေးမြို့ပရဝုဏ်အတွင်းမှာနေတဲ့သူတွေ စိတ်ဝင်စားရင် သွားကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။
Written by Myo Thant Kyaw