အနိုင်ရသူ အကုန်ယူကြေး ကို ကမ္ဘောဒီးယားဖိုက်တာ နှစ်ဦးက သဘောတူ လက်မှတ်ထိုးထာပြီး ဖြစ်တယ်လို့ သိရပါတယ်။

မြန်မာလက်ခမောင်း ကုမ္ပဏီက ကြီးမှူးကျင်းပနေတဲ့ ကမ္ဘာ့လက်ဝှေ့ချန်ပီယံရှစ်(WLC)ပြိုင်ပွဲကို ပြည်တွင်းမှာ ကျင်းပလာတာ ၁၁ ကြိမ်မြောက်ရှိခဲ့ပြီ ဖြစ်ပြီး လာမယ့် ၁၂ကြိမ်မြောက်ပြိုင်ပွဲကိုတော့ ပထမဆုံး နိုင်ငံတကာမှာ ကျင်းပပြုလုပ်တဲ့အနေနဲ့ ကမ္ဘောဒီးယားမှာ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ WLC က သတင်းထုတ်ပြန်ထားပါတယ်။
ပြိုင်ပွဲရဲ့ နာမည်ကိုတော့ KHMER KINGDOM လို့ အမည်ပေးထားပြီး ဧပြီလ ၃ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာြဖစ်ပါတယ်။
အဓိက ခေါင်ပွဲအဖြစ် လိုက်ဝယ်လ်တာဝိတ်တန်း ချန်ပီယံ အန်တိုနီယာဖာရာနဲ့ ကမ္ဘောဒီးယားဖိုက်တာတို့က ထိုးသတ်သွား ကြမယ်လို့ ကနဦး သိထားရပါတယ်။
ဒါ့အပြင် ကမ္ဘောဒီးယားပြိုင်ပွဲမှာ WLC ပြိုင်ပွဲ သမိုင်းတစ်လျှောက် မရှိဖူးသေးတဲ့ ပြိုင်ပွဲအမျိုးအစားတစ်ခုကို ထည့်သွင်းလာပြီး ဒီပြိုင်ပွဲကတော့ နိုင်သူ အကုန်စားကြေးဆိုတဲ့ “Winner Takes All” ဆိုတဲ့ ပြိုင်ပွဲလို့ သိရပါတယ်။
WLC တည်ထောင်သူ ဦးဇေသီဟက သူ့ရဲ့ လူမှုကွန်ရက်ထက်ကနေ - “ လာမဲ့ ကမ်ဘောဒီယား ပွဲမှာ ပွဲစဥ်တစ်ခု ထူးထူးခြားခြားထည့်ထားပါတယ်။ ပွဲစဥ်ရဲ့ ခေါင်းစဥ်ကတော့ Winner Takes All လို့ နာမည်ပေးထားပါတယ်။
အမှတ်နဲ့ ဆုံးဖြတ်မှာ ဖြစ်ပြီး နိုင်သူက နှစ်ယောက်လုံးရဲ့ ထိုးကြေးကို ယူရမှာဖြစ်ပါတယ်။ ရှုံးနိမ့်သူကတော့ တပြားမှ မရပဲ အိမ်ပြန်ရမှာ ဖြစ်တဲ့ အတွက် ဒီပွဲဟာ ကစားသမား ၂ ဦးလုံးအတော်ကြီးကို ရုန်းကြလိမ့်မယ်ဆိုတာ သေချာပါတယ်။ ပွဲကြမ်းကြီးပေါ့ဗျာ။ ထိုးကြေးမြင့်တဲ့ ကစားသမား အတွက် အရင်းအနှီး ပိုကြီးသလို ထိုးကြေး နိမ့်တဲ့ ကစားသမားအတွက်လည်း လွယ်လွယ်ကူကူ အနိုင်ရမှာ မဟုတ်ပါဘူး။ ဒီလို ပြိုင်ပွဲကို ကမ်ဘောဒီးယားမှ နာမည်ရ ကစားသမား ၂ ဦးမှ ယုံကြည်ချက် အပြည့်နဲ့ လက်ခံ စာချုပ် ချုပ်ဆိုပြီး ဖြစ်ပါတယ်။”လို့ရေးသား ဖော်ပြ လာတာပါ။
နောက်ဆုံး ကျင်းပခဲ့တဲ့ WLC -11 ပြိုင်ပွဲမှာတော့ မစ်ဒယ်ဝိတ်တန်း ချန်ပီယံ တူးတူးကို ဥဇဘတ်ကစ္စတန်နိုင်ငံသား တူတာဗို့က အမှတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကို လွှဲပြောင်းရယူနိုင်ခဲ့ပါတယ်။
ဒါကြောင့် လက်ရှိ WLCရဲ့ ဝိတ်တန်း ၃ ခုဖြစ်တဲ့ ခရူဇာဝိတ်တန်း၊မစ်ဒယ်ဝိတ်တန်း၊လိုက်မစ်ဒယ်ဝိတ်တန်းနဲ့ လိုက်ဝယ်လ်တာ ဝိတ်တန်းတို့မှာ ချန်ပီယံခါးပတ်တွေကို နိုင်ငံခြားသားတွေကသာ ပိုင်ဆိုင်ထားပါတယ်။