• Featured

    မွေးနေ့အစီအစဉ်လေးကို ပြောလာတဲ့ စိုးပြည့်သဇင်

စက်တင်ဘာလ(၂၂) ရက်နေ့ဆိုရင် သူမရဲ့ မွေးနေ့ပါ။

စိုးပြည့်သဇင်ကတော့ သူမရဲ့ မွေးနေ့ကို ပရိသတ်တွေနဲ့ အတူတူ ကုသိုလ်ကောင်းမှုတွေ မလုပ်ဖြစ်တော့ဘူးလို့ဆိုလာပါတယ်။ 

image

သရုပ်ဆောင် စိုးပြည့်သဇင်က စက်တင်ဘာလ(၂၂) ရက်နေ့ ဆိုရင် မွေးနေ့ ကျရောက်ပြီဖြစ်ပါတယ်။ ကိုဗစ်ကာလ ဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေနဲ့ မဆုံဖြစ်လောက်တော့ဘူးလို့ Duwun ကနေ ပြောပြလာပါတယ်။ 

“ စိုးပြည့်ကတော့ မွေးနေ့ နှစ်တိုင်းကို Fan တွေနဲ့ အလှူအတန်းတွေ လုပ်ဖြစ်တယ်၊ မွေးနေ့ကိတ်ခွဲတယ်။ အမှတ်တရလေးတွေလုပ်ဖြစ်တယ်။ ဒီနှစ်မွေးနေ့တော့ အလှူအတန်းလောက်ပဲ စိုးပြည့်လုပ်ဖြစ်မယ်။ စိုးပြည့်မွေးနေ့က အခုလာမယ့် (၂၂) ရက်နေ့ ဆိုတော့ အခြေအနေတွေက ဘာဖြစ်လာမလဲဆိုတာ ပြောပြလို့ မရသေးဘူးရှင့်” လို့ သူက ဆိုပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်ဟာ ကိုဗစ်ကာလဖြစ်တာကြောင့် အနုပညာအလုပ်တွေလည်း ရပ်နားထားတယ်လို့ သိရပါတယ်။ ခြွေတာသင့်တာကို ခြွေတာပြီး ကိုဗစ်ကာလကို ဖြတ်သန်းနေတယ်လို့ ဆက်လက် ပြောပြလာပါတယ်။ 

“ စိုးပြည့်အတွက်ကတော့ Stay Home ကာလက အရမ်းကြီး သိသာထူးခြားတာမျိုးတော့ မရှိဘူး။ အရင်တုန်းကတည်းက စိုးပြည့်က အလုပ်ရှိရင် အလုပ်သွားတယ်၊ အလုပ်မရှိရင် အိမ်ပြန်တယ်။ ကိုယ်က အိမ်မှာပဲ နေဖြစ်တာ များတဲ့သူဆိုတော့ အရမ်းကြီးထူးခြားတာမရှိဘူး။ မိသားစုတွေနဲ့ကလည်း အမြဲတမ်း အတူတူနေဖြစ်ပါတယ်။ အခုချိန်မှာ လူတန်းစားအားလုံး စီးပွားရေးထိခိုက်ကြတာပဲ အဲဒီအတွက် သုံးသင့်တာသုံး၊ ခြွေတာသင့်တာ ခြွေတာရမှာပါပဲ” လို့ ဆိုပါတယ်။ 

Photo: Soe Pyae Thazin

စိုးပြည့်သဇင်က အသက်(၁၈) နှစ်အရွယ်မှာ ပထမဆုံးအကြိမ် အကယ်ဒမီဆု ရရှိခဲ့တာဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာလောကထဲကို စတင် ဝင်ရောက်ခဲ့သူပါ။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်းပရိသတ်အားပေးမှုရရှိထားသူ ဖြစ်ပြီး ချစ်သူရွေးမယ်တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။ ဂီတ နဲ့ ပတ်သက်ပြီးတော့လည်း အောင်မြင်မှုတွေ ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ စိုးပြည့်သဇင်က လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ သရုပ်ဆောင် တစ်ယောက်ပါပဲ။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က