အနုပညာအလုပ်တွေကနေရပ်နားလိုက်တဲ့ ဟာသဝါရင့်သရုပ်ဆောင် ဦးချစ်စရာက ပင်စင်ငွေ တစ်သိန်းကျော်နဲ့ဘဝကိုတစ်ဦးတည်းရပ်တည်နေရတဲ့ အကြောင်းကိုရင်ဖွင့်လာပါတယ်။
ဇနီးဖြစ်သူ ဆုံးပါးပြီးတဲ့နောက် ရရှိလာတဲ့ နှစ်ယောက်ပေါင်းပင်စင်ငွေ တစ်သိန်းခွဲနဲ့ ဘဝကိုရပ်တည်နေရတဲ့အ ကြောင်းကို ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးချစ်စရာက အခုလိုပဲရင်ဖွင့်လာတာပါ။
"ဦးက အနုပညာအလုပ်တွေကနေ ၂၀၁၇ခုနှစ်က ရပ်နားလိုက်တာ၊ အဲ့ဒီ့နှစ်မှာပဲ အမျိုးသမီးက ၁၀လပိုင်းကျတော့ ကျန်းမာရေးကြောင့်ပဲ ဆုံးပါးသွားတယ်။ ဆုံးသွားတော့ ဦးတစ်ယောက်ထဲပေါ့၊ အမျိုးသမီးက သူက လုပ်သက်နည်းတော့ ပင်စင် ရတာ ၆သောင်းကျော်ကျော်၊ ဦးက တစ်သိန်းရတယ်။ အခုပင်စင်နဲ့သွားနေရတာပေါ့နော်။ တစ်သိန်း ခြောက်သောင်းနဲ့ပေါ့" ဆိုပြီး ဘဝရပ်တည်မှုတွေအ ကြောင်းကို ရင်ဖွင့်လာပါတယ်။
Photo-U Chit Sayar
ဦးချစ်စရာရဲ့ ကျန်းမာရေးအခြေအနေကလည်း မျက်လုံးတစ်ဖက်က ရေတိမ်ကြောင့် မမြင်ရတော့တဲ့အပြင် ဆီးချိုရောဂါလည်းရှိတဲ့ သူ့ရဲ့ကျန်းမာရေးအ ကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။
"၁၉၉၁ ခုနှစ်ကတည်းက မျက်လုံးနှစ်ဖက်စလုံး ရေတိမ်ဖြစ်တာ၊ အရင်တုန်းကတော့မြန်မာနိုင်ငံမှာ မျက်လုံးနဲ့ပတ်သက်တဲ့ခွဲစိတ်မှုက အောင်မြင်မှုနည်းတယ်။ ဒါပေမယ့်ခွဲစိတ်လိုက်တော့ဘယ်ရောညာရောမြင်ရတယ်။ အဲ့ဒီကနေ အခု ဘယ်ဘက်မျက်လုံးကွယ်သွားတယ်။ ညာဘက်မျက်လုံးကတော့ ရေတိမ်က ရှိတုန်းပဲ၊ ဆီးချိုရောဂါလည်း ရှိတယ်" ဆိုပြီး ဦးချစ်စရာက သူ့ရဲ့ ကျန်းမာရေးအ ခြေအ နေကိုပြောပြခဲ့ပါတယ်။
ဦးချစ်စရာရဲ့ မျက်လုံးနဲ့ ပတ်သက်ပြီးလတ်တလောမှာတော့ မေတ္တာဦးဆေးခန်းက ဒေါက်တာတစ်ဦးက အလှူပြုနေပြီး နောက်ထပ်အလှူရှင်တွေ ထပ်ပေါ်လာရင်တော့ ကံကောင်းမှုတစ်ခုဖြစ်လာမှာပါလို့လည်း ပြောပြခဲ့ပါတယ်။
Photo-U Chit Sayar
အသက်၇၄နှစ်ရှိပီဖြစ်တဲ့ဦးချစ်စရာက တော့ ၂၀၁၇ခုနှစ်ကတည်းက အနုပညာအလုပ်တွေကို ကျန်းမာရေးအခြေအနေ ကြောင့်ရပ်နားခဲ့တာပဲဖြစ်ပါတယ်။
ဝါရင့်လူရွှင်တော်သရုပ်ဆောင်ဦးချစ်စရာက တော့ဆယ်စုနှစ်ကြာအောင်အနုပညာလောကထဲမှာရပ်တည်ခဲ့သူဖြစ်ပြီး ဇာတ်ကားပေါင်းရာကျော်မှာလည်းပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ဟာသလူရွှင်တော်ပီပီ ဟာသမှာလည်း ပရိသတ်ကို ရယ်မောပျော်ရွှင်စေအောင် စွမ်းဆောင်နိုင်ခဲ့ပြီးအခုဆိုရင် သူ့အနေနဲ့ အနုပညာအလုပ်ကိုစွန့်လွှတ်ခဲ့တာ ၅နှစ်ရှိပြီပဲဖြစ်ပါတယ်။
အရပ်ပုပု ၊ လူကောင်သေးသေး ၊ အသံစူးစူး လေးတွေကတော့ ဦးချစ်စရာကို ပရိသတ်တွေ သတိထားမိစေခဲ့တဲ့ အားသာချက်ဖြစ်ပါတယ်။ အဲဒီနောက် TV ကြော်ငြာတွေ ရိုက်ကူးလာခဲ့ရသူဖြစ်ပြီး ဗီဒီယို ဇာတ်ကား များစွာတို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ရသည်အထိ ပရိသတ် အခိုင်အမာ ရရှိခဲ့တဲ့ ဝါရင့် အနုပညာရှင် ဖြစ်ပါတယ်။ အခုချိန်မှာတော့ သူ့ရဲ့ အနုပညာသက်တမ်းဟာ နှစ်ပေါင်း(၃၀) ကျော်ရှိခဲ့ပါပြီ။
သားသမီးကျောထောက်နောက်ခံမရှိပဲ ဇနီးဖြစ်သူကွယ်လွန်ပြီးကတည်းက ဘဝကိုတစ်ဦးတည်းရပ်တည်နေသူလည်းဖြစ်ပါတယ်။ ဟာသသရုပ်ဆောင်လူရွှင်တော်ကြီးဦးချစ်စရာကို ကူညီလှူဒါန်းလိုသူတွေအ နေနဲ့လည်း ဖုန်းနံပါတ် -၀၉၅၁၉၇၁၅၂ကိုဆက်သွယ်လှူဒါန်းနိုင်တဲ့အ ကြောင်းကိုလည်းဖြေကြားထားပါတယ်။
Share