• မြန်မာငွေ သိန်း ၃၀ နီးပါးတန် Honor ရဲ့ ပထမဆုံး ခေါက်သိမ်းနိုင်ဖုန်း ကြေညာ

Honor ရဲ့ ခြေလှမ်းကြဲကြီးတစ်လှမ်း

Snapdragon 8 Gen 1 Chipset သုံး ကမ္ဘာ့ပထမဆုံး Foldable ဖုန်းကို Honor က မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။

ဖုန်းဈေးကွက်ထဲ အကြီးအကျယ် ထိုးဖောက်မှု လုပ်ဆောင်လာနေတဲ့ Honor ရဲ့ နောက်ထပ်ခြေလှမ်းတစ်ခုအဖြစ် ကုမ္ပဏီရဲ့ ပထမဆုံး Foldable ဖုန်းကို ကြေညာသွားတာပါ။ Honor Magic V ဟာ ပေါက်ကြားလာတဲ့ ဒီဇိုင်းအတိုင်းပဲ ဖြစ်ပြီး Samsung Galaxy Z Fold 3 စတိုင် အတွင်းခေါက်ဒီဇိုင်းနဲ့ လာပါတယ်။ အတွင်းဖွင့် Folding Screen ဟာ အကြီးစား ၇.၉ လက်မဆိုဒ် ရှိပြီး ကိုယ်ထည် Aspect Ratio 10:9 နဲ့လာပါတယ်။ 

image


Photo: GSMArena


အတွင်း Screen ဟာ 2272 x1984p ရုပ်ထွက်ပါရှိပြီး HDR 10+ Support ၊ 90Hz Refresh Rate သုံးထားပါတယ်။ Screen Size မှာ Samsung ထုတ် ၇.၆ လက်မ Galaxy Z Fold 3 ထက် နည်းနည်း ပိုကြီးပါတယ်။ အပြင် Screen မှာလည်း ၆.၄၅ လက်မဆိုဒ်အထိ ရှိလာပြီး ရုပ်ထွက် 2560 x 1080p ၊ 120Hz Refresh Rate နဲ့ Screen အချိုး 21:9 နဲ့လာပြီး Cover Screen Size အကြီး သုံးထားလို့ ဖုန်းကို ခေါက်လျက်သားအခြေအနေနဲ့လည်း အများကြီး အသုံးဝင်မယ်လို့ ဆိုပါတယ်။ Honor CEO ဂျော့ချ် ကျောင်က ဒီဖုန်းဟာ အကြိမ်ပေါင်း ၂ သိန်းအထိ အဖွင့်အခေါက်လုပ်နိုင်မယ်လို့ ပြောပါတယ်။ 

Honor Magic V ဟာ IMAX Enhanced ထောက်ခံချက်ရ ပထမဆုံး Foldable ဖုန်းလို့လည်း ကြေညာသွားပါတယ်။ အတွင်း Screen ညာခြမ်းအလယ် Punch-Hole နဲ့ အပြင် Screen အလယ် Punch Hole မှာ 42MP Selfie ကင်မရာတစ်လုံးစီ သုံးထားပါတယ်။ ကျောဘက်မှာ 23mm နဲ့ ညီမျှတဲ့ အကြီးစား 50MP main sensor ၊ 13mm lens နဲ့ ညီတဲ့ 50MP Ultrawide lens နဲ့ 50MP Color Spectrum Shooter ဆိုပြီး 50MP သုံးလုံးတွဲကင်မရာ ပါရှိပါတယ်။

Photo: gizchina


Qualcomm ရဲ့ အဆင့်မြင့်ဆုံး နောက်ဆုံးပေါ် Snapdragon 8 Gen 1 chipset ၊ RAM 12GB နဲ့ 256GB/512GB storage ဆိုပြီး ထွက်လာပါတယ်။ ဘက်ထရီပါဝါ 4750mAh ဟာ 66W Wired Charging ပံ့ပိုးထားပြီး Android 12 ကို အခြေခံထားတဲ့ Magic UI 6.0 နဲ့ လာပါတယ်။ တိုက်တေနီယံငွေရောင် ၊ အနက်ရောင်နဲ့ လိမ္မော်ကာလာတွေနဲ့လာပြီး 256GB ဗားရှင်းကို ၉၉၉၉ ယွမ် (မြန်မာငွေ ၂၈ သိန်းဝန်းကျင်) ဈေး ၊ 512GB ဗားရှင်းအတွက် ၁၀၉၉၉ ယွမ် (မြန်မာငွေ သိန်း ၃၀ ကျော်) ဈေးတွေနဲ့ ဇန်နဝါရီ ၁၈ ရက်နေ့ကစပြီး ရောင်းချသွားမယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က