• ခွန်အားဖြစ်စေမယ့် စိတ်တစ်ခုတည်းနဲ့ အားပေးခဲ့တာပါဆိုတဲ့ ဇေရဲထက်

ချမ်းမြေ့မောင်ချိုကို အားပေးလို့အဆဲခံရတယ်တဲ့။

သရုပ်ဆောင်ဇေရဲထက်ဟာ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးမှာဆိုရင် ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုကို အားပေး သူတစ်ယောက် ဖြစ်ပါတယ်။ဝေဖန်တိုက်ခိုက်မှုခံရတဲ့ချမ်းမြေ့မောင်ချိုက အသက်အရွယ်အရ ငယ် လွန်း တာကြောင့်၊ ကျန်းမာ ရေး ထိခိုက်မှုတွေ ခံစားနေရတာကို တွေ့ရတဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ ဇေရဲထက်က အားပေးမိ ခဲ့တယ်လို့ ဆိုပါတယ်။

image

Photo: Zay Ye Htet Facebook

 

သရုပ်ဆောင်ဇေရဲထက်ဟာ Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲကြီးမှာဆိုရင် ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုကို အားပေးသူတစ်ယောက် ဖြစ်ပါတယ်။ အားငယ်တဲ့ လူငယ်တစ်ယောက်ကို အားပေးတဲ့ စိတ်တစ်ခုတည်းနဲ့ ပေးဆပ်နိုင်သလောက် ပေးဆပ်မယ် ဆိုတာကို သြဂုတ်လ ၁၄ ရက်နေ့က Photo Shotting တစ်ခုမှာ Duwun Media ကို သီးသန့်ဖြေဆိုခဲ့တာဖြစ်ပါတယ်။

'' နာမည်တစ်ခုရဖို့ဆိုတာလည်း ကံ၊ ဉာဏ်၊ စန်း၊ ဝီရိယ အားလုံး အဖက်ဖက်က ပံ့ပိုးပေးမှ အောင်မြင်တာ။ သူတို့လေးတွေဆိုလည်း အဖက် ဖက် က အဆင်ပြေလို့ ဒီလိုနေရာမျိုးကို ရောက်လာတာ။ ကျွန်တော်ပြောချင်တာက တစ်ယောက်ယောက်ကို ထိုးနှက်မယ့် စကားလုံး မျိုး မပြောပဲနဲ့ ကိုယ်အားပေးချင်တဲ့သူကို အားပေးပါ။ တစ်ဖက်လူကိုတော့ မထိခိုက်စေချင်ဘူး'' လို့ ဆိုပါတယ်။

Photo: Zay Ye Htet Facebook

 

Myanmar Idol Season 3 သီချင်းဆိုပြိုင်ပွဲဟာ ဆိုရင် ဝေဖန်တိုက်ခိုက်မှုတွေများခဲ့တဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီဝေဖန်တိုက်ခိုက်မှုတွေ ခံရ တဲ့ ပြိုင်ပွဲဝင် နှစ်ဦးမှာ ချမ်းမြေ့မောင်ချိုက အသက်အရွယ်အရ ငယ်လွန်းတာကြောင့်၊ ကျန်းမာရေး ထိခိုက်မှုတွေ ခံစားနေရတာကို တွေ့ရတဲ့အတွက် ကိုယ်ချင်းစာစိတ်နဲ့ ဇေရဲထက်က အားပေးမိခဲ့တယ်လို့ ဆိုပါတယ်။

'' ဒီကောင်မလေးသည် ၁၉ နှစ်ပဲရှိသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အဲ့ဒီအရွယ်တုန်းက ခံစားခဲ့ဖူးတဲ့ ခံစားချက်တွေရှိတယ်။ ယောကျ်ား လေးက တော့ ခံနိုင်ရည်ရှိတယ်။ မိန်းကလေးက ကျတော့ အသက်ကလည်း ငယ်တယ်၊ မိဘတွေအုပ်ထိန်းမှုအောက်မှာရှိတယ်။ ဒီလောက အကြောင်း လည်း မသိတဲ့အခါမှာ ဒီလိုမျိုးကြီးကို ဖြစ်လာမယ်ဆိုတာ ကြိုမြင်လို့ ကျွန်တော်အားပေးမိတယ်'' လို့ ဆိုပါတယ်။

မောင်ချိုဘက်က မားမားမတ်မတ် ရပ်တည်လိုက်တဲ့ ဇေရဲထက် 

Photo: Zay Ye Htet Facebook

 

သရုပ်ဆောင် ဇေရဲထက်ဟာ Myanmar Idol Season 3 ပြိုင်ပွဲဝင် ချမ်းမြေ့မောင်ချိုကို အားပေးစကားပြောခဲ့မိတာကြောင့်လည်း တချို့ပရိသတ်တွေရဲ့ ဆဲဆိုခြင်းကို ခံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ အားပေးမှုက ပြိုင်ပွဲဝင်တစ်ယောက်အတွက် စိတ်ဓာတ်ခွန်အား ဖြစ်မယ်ဆိုရင် ကျေနပ်တယ်လို့ သူကပြောပါတယ်။

'' ကျွန်တော် သူ့ကို အားပေးတာက စိတ်ဓာတ်ခွန်အားကို  အားပေးတာ။ ဒါပေမယ့် ကျွန်တော်အဆဲခံရတယ်၊ ဒါပေမယ့် ကျွန်တော်မကြည့်ဘူး ဆဲကြပါစေ။ ဒီအားငယ်သူကို အားပေးမှုလေးတစ်ခု ရလိုက်ရင် ကျွန်တော်ကျေနပ်ပါပြီ။ ကျွန်တော်ရေးတဲ့ စာသည် သူ့အတွက် ခွန်အားလေး တစ်ခုဖြစ်ပါစေတော့ဆိုတဲ့ စိတ်တစ်ခုတည်းပါပဲ'' လို့ ဆိုပါတယ်။

Photo: Zay Ye Htet Facebook

 

ဇေရဲထက်ဟာ မိန်းကလေးပရိသတ်များရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူလည်း ဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပြီး မကြာသေးခင်က လည်း သူ့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေး တစ်ခုကိုလည်း တည်ထောင်ထားတယ်လို့ သိရပါတယ။်

 


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က