• နိုင်ငံခြားထိသတင်းမွှေးတဲ့ လှည်းတန်းကိုပုရစ်

ပုရစ်ကြော်ကြိုက်သူတွေအတွက် လူသိများပြီးစား ကောင်းလှတဲ့ဆိုင်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။
[Zawgyi Version]

လှည်းတန်းစိန်ဂေဟာကုန်တိုက်ရှေ့က ဖြတ်လျှာက်သွားတဲ့အခါ ပုရစ်ကြော်မွှေးမွှေးလေးကိုတော့အားလုံးကသတိထားမိကြမယ်ထင်ပါတယ်။ဒီဆိုင်လေးကတော့ လှည်းတန်းကိုပုရစ်လို့ အများကသိကြတဲ့ ပုရစ်ကြော်ဆိုင်လေးပါ။ ပုရစ်ရာသီချိန်ရောက်ပြီဆိုရင်တာ့ ကိုပုရစ်ရဲ့ပုရစ်ကြော်ဆိုင်လေးက စားသုံးသူတွေနဲ့စည်ကားနေတာကို မြင်တွေ့ရမှာပါ။



ဘာ့ကြောင့် လူစည်ကားရသလဲ


ဒီလိုစည်ကားရတဲ့အကြောင်းကတော့ ပုရစ်ကြော်ရဲ့လတ်ဆတ်မှုကြောင့်လို့ဆိုနိုင်ပါတယ်။သန့်စင်ထားတဲ့ပုရစ်အစိမ်းကို ချက်ခြင်းကြော်ရောင်းတာမို့ ဒီဆိုင်ရဲ့ ပုရစ်ကြော်က လတ်ဆတ်ပြီးစားကောင်းပါတယ်။


"ကျွန်တော်ဆိုင်မှာက ပုရစ်ကို တစ်နေ့စာတစ်နေ့အတွက်ပဲကြော်ရောင်းတယ်။ ပုရစ်အစိမ်းကို အရင်ဆုံးသေချာသန့်စင်တယ် ပြီးရင် ဂျင်း၊ကြက်သွန်ဖြူ၊အရသာမှုန့် နဲ့နယ်ပြီး အနဲဆုံးနာရီဝက်‌လောက်နှပ်ထားပြီးတော့မှကြော်တာပါ။လတ်လတ်ဆတ်ဆတ်ကြော်ရောင်း‌တော့ စားကောင်းတယ်။စားကောင်းတော့လူပိုသိလာတာပါ"လို့ ကိုပုရစ်ကပြောပါတယ်။


ပုရစ်နဲ့အကျိုးပေးသူ


ကိုပုရစ်ရဲ့ ဆိုင်သက်တမ်းက၁၄နှစ်ကျော်ပြီဖြစ်ပါတယ်။စျေးရောင်းရတာဝါသနာပါတဲ့ကိုပုရစ်က ပုရစ်ကြော်မရောင်းခင်က တခြားစားသောက်ကုန်တွေကိုရောင်းချခဲ့ပြီး ပုရစ်ကြော်ကတော့ သူ့အတွက်အကျိုးပေးတဲ့ လုပ်ငန်းလို့သူကပြောပါတယ်။

"ကျွန်‌တော်ပုရစ်ကြော်စရောင်းတာက ၂၀၁၀က အဲ့တုန်းကတော့ ဗန်းသေး‌‌သေးလေး၊အကြော်အိုးကလည်းသေးသေးလေးနဲ့စခဲ့တာ။ပုရစ်အရှေ့မှာ ဈေးအစုံရောင်းဖူးတယ် ဇီးယိုထိုးရောင်းတယ် အစုံပဲ။ပုရစ်နဲ့မြဲသွားတာကကြ ကျွန်တာ်က လုပ်ရင်းနဲ့ ဒီအလုပ်ကိုဝါသနာပါသွားတယ်။ဒီအလုပ်က ကျွန်‌တော် ဘဝလိုဖြစ်သွားတာ နာမည်ကအစ ကိုပုရစ်ဆိုပြီးတွင်သွားတာပေါ့"လို့ ကိုပုရစ်က သူ့အလုပ်အပေါ် ကျေနပ်မှုအပြည့်နဲ့ပြောပါတယ်။



နိုင်ငံခြားထိသတင်းမွှေးတဲ့ကိုပုရစ်


ဆိုင်ရဲ့ရောင်းအားကတစ်ရက်ကို ပုရစ်အကောင်ငါး‌ထောင်ကျော်လောက်ပုံမှန်ရောင်းရပြီး နိုင်ငံခြား အော်ဒါတွေပို့ရတဲ့ရက်ဆိုရင်တော့ ပုရစ်အကောင် တစ်သောင်းလောက်ရောင်းရတယ်လို့သိရပါတယ်။ရန်ကုန်တစ်ခွင်သာမက ပြည်ပရောက်မြန်မာနိုင်ငံသားတွေကပါ သူ့လက်ရာပုရစ်ကြော်ကို အမြဲမှာယူစားသုံးကြလို့ နိုင်ငံခြားထိသတင်းမွှေးတဲ့ပုရစ်ကြော်ဆိုင်လေးပါ။


တစ်နှစ်နှစ်ခါပေါ်တဲ့ရာသီစာ


ပုရစ်က မိုးပုရစ်နဲ့ဆောင်းပုရစ်ဆိုပြီး တစ်နှစ်ကိုနှစ်ကြိမ်ထွက်ပေါ်ပါတယ်။ ဆောင်းပုရစ်ကဥပါပြီး စားသုံးသူပို ကြိုက်ကြပေမယ့် မိုးပုရစ်ကလည်းလက်ဆက်ရင်ချိုပြီးစားကောင်းတယ်လို့ ကိုပုရစ်ကပြောပါတယ်။ဒါ့အပြင်တခြားပုရစ်အမျိုးအစားတွေ ရှိသေးပေမယ့်လည်း မိုးပုရစ်နဲ့‌ေဆာင်းပုရစ်က တော့အရသာကောင်းပြီးလူကြိုက်အများဆုံးဖြစ်ပါတယ်။ဆိုင်အတွက်ပုရစ်ကိုတော့ ပုရစ်ထွက်ရှိရာဒေသတွေဖြစ်တဲ့ ဗန်းမော်၊ကသာ၊ထီးချိုင့်ဖက်ကနေမှာယူတာဖြစ်ပြီး ဒီနှစ်မှာ လမ်းပန်းအခက်ခဲကြောင့် ပုရစ်ရဲ့လက်ဆက်မှုကိုထိခိုက်မှာစိုးရိမ်ရတာတွေရှိတယ်လို့ ကိုပုရစ်က ပြောပါတယ်။



ကိုပုရစ်ဆိုင်‌လေး မှာထပ်ရနိုင်တာတွေက


ဒီဆိုင်လေးမှာ ပုရစ်အပြင် ရာသီပေါ် ဖောင်စီးဂဏန်း၊ဖားကြော်နဲ့ပိုးစာကြော် တို့လည်းရရှိပါတယ်။ပုရစ်ကြော်စျေးနှုန်းတွေကတော့ ဘူးအမျိုးအစားလိုက် ၆၀၀၀၊၁၀၀၀၀၊၁၅၀၀၀ ၃မျိုးရှိပါတယ်။

ကိုပုရစ်ရဲ့ဆိုင်နေရာလေးကတော့ လှည်းတန်းစိန်ဂေဟာရှေ့မှာဖြစ်ပြီး ဆိုင်ဖွင့်ချိန်ကနေ့လည် ၂နာရီက‌ေနည၈နာရီအထိပါ။မိုးပုရစ်အချိန်မို့ ရာသီပေါ်ပုရစ်လက်လက်ဆက်ဆက်တွေကို စားသုံးချင်သူတွေ အတွက် ကိုပုရစ်ဆိုင်လေးကိုညွှန်းဆိုပေးလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...