မနေ့ညက ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ အင်တာမီလန်တို့ရဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ကတော့ အကြိတ်အနယ်နဲ့ အချိန်ပို၊ ပင်နယ်တီအထိ ရောက်ရှိခဲ့ပါတယ်။ ပင်နယ်တီမှာတော့ အင်တာမီလန်တို့ ရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပါတယ်။


အချိန်ပိုမှာလည်း နှစ်သင်းစလုံး ဂိုးထပ်မသွင်းနိုင်တော့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီမှာတော့ အက်သလက်တီကိုဘက်က ဆာအူးလ်တစ်ယောက်တည်း ဂိုးမဝင်ခဲ့ဘဲ အင်တာမီလန်ဘက်က အလက်ဆစ်ဆန်းချက်ဇ်၊ ကလာဆန်၊ လော်တာရိုမာတီနက်ဇ်တို့ ပင်နယ်တီမဝင်ခဲ့ပါဘူး။
အဲ့ဒါကြောင့်လည်း ပင်နယ်တီအဆုံးအဖြတ်မှာ အက်သလက်တီကိုက ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်ခဲ့ပါတယ်။ အင်တာမီလန်ကတော့ စီးရီးအေချန်ပီယံဆုကို ရရှိဖို့ အခြေအနေကောင်းနေပေမယ့် ချန်ပီယံလိဂ်မှာတော့ စောစောစီးစီးပဲ ပြိုင်ပွဲကထွက်ခဲ့ရတာဖြစ်ပါတယ်။