• ရုပ်ရှင်သက်ကြီးတွေအတွက် ကျန်းမာရေးထောက်ပံ့ငွေလှူခဲ့တဲ့ ''ပြဿနာ''ရုပ်ရှင်အဖွဲ့သားများ

စုစုပေါင်း အလှူငွေ သိန်း ၈၀ လှူခဲ့တာဖြစ်ပါတယ်။

‘’ပြဿနာ’’ရုပ်ရှင်ဇာတ်ကားကြီးကနေ ရရှိလာတဲ့ ဝင်ငွေထဲက သိန်း ၈၀ ကို နာမကျန်းဖြစ်နေကြတဲ့ ရုပ်ရှင်သက်ကြီးတွေအတွက် နေတိုး၊ ဇာဂနာနဲ့ ထုတ်လုပ်သူတို့က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ပေးအပ်လှူဒါန်းခဲ့ကြတာဖြစ်ပါတယ်။

image

 ‘’ပြဿနာ’’ ရုပ်ရှင်အဖွဲ့သားများကိုယ်စား နေတိုးနဲ့ ဇာဂနာ နဲ့ ရွှေပိုးအိမ် တို့က ဒီရုပ်ရှင်ဇာတ်ကားကြီးကနေ ရတဲ့ ဝင်ငွေ တချို့ကို မေလ ၂၅ ရက်နေ့ မနက်ပိုင်းက နာမကျန်းဖြစ်နေကြသည့် ရုပ်ရှင်သက်ကြီး ဘိုးဘွားများအတွက် အလှူငွေကျပ် သိန်း ၈၀ ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

‘’ဒီနေ့ ပြဿနာ ရုပ်ရှင်အဖွဲ့သားများမှ အလှူ ငွေသိန်း(၈၀)ဆယ်အား သက်ကြီးပနုပညာရှင်များအားလှူဒန်း ခဲ့ကြပါတယ် ပရိသတ်များအားလုံးအမျှရကြပါစေခင်ဗျာ’’ ဆိုပြီးတော့ နေတိုးရဲ့ Facebook Page မှာ မေလ ၂၅ ရက်နေ့ နေ့လယ် ၁၁ နာရီ ၈ မိနစ်က ရေးတင်ထားတာ ဖြစ်ပါတယ်။ အဲဒီနောက် အလှူငွေ ပေးအပ်တဲ့ အမှတ်တရ ဓာတ်ပုံတွေကိုလည်း တင်ခဲ့ပါသေးတယ်။

Photo: Nay Toe

ပရိသတ်အချစ်တော် နေတိုးဟာ သရုပ်ဆောင်အပိုင်းမှာသာမက သီချင်းဆိုတဲ့အပိုင်းမှာလည်း ကျွမ်းကျင်တဲ့သူတစ်ယောက်ပါ။ မေလ ၉ ရက်နေ့မှာ ရုံတင်ပြသခဲ့တဲ့ ပြဿနာရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ဇာတ်ဝင်တေးကို နေတိုးကိုယ်တိုင် သီဆိုထားတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’လိုအပ်ရင်တော့ ကျွန်တော်တို့ အနေနဲ့ ကြိုးစားခွင့်လည်းရှိမယ်၊ ကိုယ်နဲ့လည်း အံဝင်ဂွင်ကျဖြစ်မယ့် ဟာမျိုးကိုတော့ သီဆိုဖြစ်တယ်။ ကိုယ် မဆိုဖြစ်တဲ့ ဇာတ်ကားတွေလည်း ရှိပါတယ်။ အဓိကကတော့ ပရိသတ်အတွက်၊ ကာရိုက်တာအတွက် လိုအပ်မယ်ဆိုရင်တော့ ဆိုဖြစ်တာများပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Nay Toe

ဒီဇာတ်ကားဟာ အချစ်ဟာသ၊ ဇာတ်လမ်းမြူးမြုးလေးရိုက်ထားတဲ့ ဇာတ်ကားလေး တစ်ကားပါ။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ဇာဂနာနဲ့ စိုးပြည့်သဇင် နဲ့ ရွှေပိုးအိမ် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ခဲ့တာပါ။ ပြဿနာ ရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်တေးကိုလည်း နေတိုးနဲ့ ဇာဂနာကိုယ်တိုင် သီဆိုထားတာဖြစ်ပြီး အဆိုတော် ကြက်ဖနဲ့ ဒဿတို့က ရေးဖွဲ့ပေးထားတာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က