• ငါတို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေကို အသက်ဆက်မယ်လို့ ရော်နယ်ဒိုတွန်းအားပေး

အက်သလက်တီကိုနဲ့ပွဲမတိုင်ခင်မှာ ရော်နယ်ဒိုက ပြောကြားခဲ့တာပါ။

ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဒီကနေ့ည အက်သလက်တီကိုနဲ့ ကစားမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ ပွဲစဥ်မတိုင်ခင်မှာ အသင်းဖော်တွေကို သူ့ရဲ့ ဆိုရှယ်မီဒီယာကတဆင့် တွန်းအားပေးလိုက်ပါတယ်။ ပထမအကျော့ အက်သလက်တီကို အိမ်ကွင်းမှာတုန်းက ဒီနှစ်သင်း တဖက်တဂိုးစီသရေကျခဲ့တာပါ။

image

အခု ဒုတိယအကျော့ ယူနိုက်တက်အိမ်ကွင်းမှာတော့ ကွာတားဖိုင်နယ်တက်ရေးအတွက် နှစ်သင်းလုံးမှာ အခွင့်အရေး ဆတူရှိနေပြီး ရော်နယ်ဒိုကတော့ သူတို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေကို အသက်ဆက်နိုင်ရေးအတွက် အသင်းဖော်တွေကို အခုလိုပဲ တွန်းအားပေးလာခဲ့တာဖြစ်ပါတယ်။

image

ရော်နယ်ဒိုက “ဒီလိုနေ့ရက်မျိုးက ကျနော်တို့ စောင့်မျှော်နေတဲ့ နေ့ရက်တွေထဲမှာ အပါအဝင်ပါပဲ။ အိုးထရက်ဖို့ဒ်ကွင်းကို ဘာကြောင့် အိပ်မက်ပြဇာတ်ရုံလို့ ခေါ်တာလဲဆိုတာ သက်သေပြနိုင်တဲ့ အခွင့်အရေးတွေထဲက တခုပါပဲ။ နောက်ဆုံး အိမ်ကွင်းပွဲမှာ ငါတို့ ဖန်တီးခဲ့တဲ့ အနေအထားတရပ်ကို ပြန်လည် ဖန်တီးကြရအောင်”

“ငါတို့ရဲ့ ချန်ပီယံလိဂ်အိပ်မက်တွေကို အသက်ဆက်သွင်းကြရအောင်။ ငါတို့က မန်ချက်စတာယူနိုက်တက်ဖြစ်တယ်။ လုပ်ပြလိုက်ကြရအောင် သရဲနီတို့ရေ” လို့ သူ့ရဲ့ အင်စတာဂရမ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ဒီပွဲမတိုင်ခင် နောက်ဆုံးကစားခဲ့တဲ့ စပါးနဲ့ပွဲမှာ အသင်းအတွက် ဟက်ထရစ်သွင်းယူပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ ရန်းနစ်ဂ်ကိုယ်တိုင်က ရော်နယ်ဒိုကို အက်သလက်တီကိုနဲ့ပွဲမှာ ဟက်ထရစ်ထပ်သွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုကလည်း သူ့ရဲ့ ကစားသမားဘဝတလျှောက်မှာ အက်သလက်တီကိုနဲ့တွေ့တိုင်း ဂိုးမြူးလေ့ရှိတဲ့ အစဥ်အလာတွေကြောင့် ဒီကနေ့ညမှာလည်း ယူနိုက်တက်နဲ့အတူ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်ရောက်သွားနိုင်မလား စိတ်ဝင်စားဖို့ ကောင်းနေပါပြီ။ 

Share

Loading Next Article...
က္က