• တပွဲလုံး လူချခံခဲ့ရလို့ ကွင်းလယ်ဒိုင်ကို ရော်နယ်ဒို ပေါက်ကွဲခဲ့

အက်သလက်တီကိုက ကစားပုံကြမ်းတမ်းခဲ့ကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ အက်သလက်တီကိုနဲ့ ယူနိုက်တက်တို့ရဲ့ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ပွဲစဥ်ကတော့ တဖက်တဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။ ပထမအကျော့အဖြစ် စပိန်နိုင်ငံ၊ မက်ဒရစ်မြို့မှာ ကစားခဲ့တဲ့ ဒီပွဲရဲ့ ပွဲချိန်တွင်း အက်သလက်တီကိုက ယူနိုက်တက်ကို မာမာထန်ထန် တုံ့ပြန်ခဲ့ပါတယ်။

image

ပေါ့ဘာ၊ ဘရူနိုဖာနန်ဒက်စ်၊ ဆန်ချို၊ ရပ်ရှ်ဖို့ဒ်၊ ရော်နယ်ဒိုတို့ဟာ အက်သလက်တီကို ကစားသမားတွေရဲ့ ခပ်ကြမ်းကြမ်း ကစားပုံအောက် ရုန်းကန်ခဲ့ရပြီး အထူးသဖြင့် အက်သလက်တီကို နောက်တန်းက ရော်နယ်ဒိုကို လူအသေကပ်ကစားတာ၊ မကြာခဏ ပြစ်ဒဏ်ကျူးလွန်တာတွေကို ပြုလုပ်ခဲ့ပါတယ်။

image

ပထမပိုင်းတည်းက အက်သလက်တီကို ကစားသမားတွေ မကြာခဏ ပြစ်ဒဏ်ကျူးလွန်ခဲ့ပေမယ့် ပွဲကစားချိန် (၄၅) မိနစ်အတွင်းမှာ ကွင်းလယ်ဒိုင်က ဟက်တာဟာရဲရားတယောက်ကိုသာ အဝါကတ်ပြားပြသခဲ့ပါတယ်။ ရော်နယ်ဒို ကိုယ်တိုင်လည်း ပထမပိုင်း ပွဲကစားချိန်အတွင်း ရည်ရွယ်ချက်ရှိရှိ လူချ ကစားခံခဲ့ရတာတွေရှိပါတယ်။

အဲ့ဒါကြောင့်လည်း ကွင်းလယ်ဒိုင် ဟာတီဂန်တယောက် ပထမပိုင်းနားဖို့ ခရာမှုတ်လိုက်ချိန်မှာ ရော်နယ်ဒိုက ဒိုင်လူကြီးကို သွားရောက် စောဒကတက်ခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ အက်သလက်တီကိုပရိသတ်တွေအတွက် ခါးသီးတဲ့ ပြိုင်ဘက်တယောက်ဖြစ်ပြီး ပွဲချိန်တလျှောက်လုံး အက်သလက်တီကို ပရိသတ်တွေက ရော်နယ်ဒိုကို ပစ်မှတ်ထားပြီး လှောင်ပြောင်ခဲ့ကြပါတယ်။

ရော်နယ်ဒိုကတော့ ဒိုင်လူကြီးကို အခုလိုမျိုး စောဒကသွားတက်ခဲ့ပေမယ့် ပွဲပါပြီးဆုံးသွားချိန်မှာတော့ ယူနိုက်တက်ဘက်က ကစားသမား (၅) ယောက်အထိ အဝါကတ် ပြသခံခဲ့ရပြီး အက်သလက်တီကိုဘက်ကတော့ (၄) ယောက်သာ အဝါကတ်ပြသခံခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က