• Featured

    နှင်းတောထဲမှာ ကံကောင်းလို့ အရှက်မကွဲခဲ့တဲ့ ကမ္ဘာကျော်ဂိုးသမားကြီး နူအာ

မနေ့က ဒိုင်နမိုကိဗ်နဲ့ပွဲမှာ နူအာတယောက် ဘောချော်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ဂျာမန်လူမျိုး ဂိုးသမားကြီး နူအာဟာ မနေ့ညက ကစားခဲ့တဲ့ ဒိုင်နမိုကိဗ်နဲ့ပွဲမှာ ကလေးဆန်ဆန် အမှားကတဆင့် ဂိုးပေးရဖို့ နီးစပ်ခဲ့ပေမယ့် ကံကောင်းလို့ ဂိုးမဝင်ခဲ့ပါဘူး။ ယူကရိန်းမြေမှာ ကစားခဲ့တဲ့ ဒီပွဲရဲ့ ပွဲချိန်တွင်း ဆီးနှင်းတွေ ကွင်းအတွင်းရှိနေခဲ့ပြီး ဘိုင်ယန်မြူးနစ်ကတော့ လီဝန်ဒေါစကီး၊ ကိုးမန်းတို့ရဲ့ဂိုးတွေနဲ့အတူ ၁-၂ ဂိုးနဲ့ အနိုင်ရရှိကာ ရာနှုန်းပြည့်နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။

image

ဒီပွဲရဲ့ ပွဲကစားချိန် (၂၈) မိနစ်မှာ နူအာအတွက်ရော၊ ပရိသတ်တွေအတွက်ပါ ရင်မစရာဖြစ်ရပ်ဖြစ်ပွားခဲ့တာပါ။ ဒိုင်နမိုကိဗ်ဘက်က ထိုးဖောက်လာတဲ့ ဘောလုံးကို ဧရိယာအစပ်နားလောက်မှာ ဘိုင်ယန်မြူးနစ် ကွင်းလယ်လူ ဂေါ်ရက်ဇ်ကာက ကြားကဖျက်ထုတ်နိုင်ခဲ့ပြီး နူအာဆီ ဘောလုံးက လိမ့်သွားခဲ့ပါတယ်။

image

ဒီဘောလုံးကို နူအာက ရှေ့ကန်တင်ဖို့ ကြိုးစားတဲ့နေရာမှာတော့ ဘောချော်သွားခဲ့ပြီး ဘောလုံးက နူအာနောက်ကို ထိပ်လိမ့်သွားခဲ့တာပါ။ အားလုံးကတော့ ဂိုးထဲဝင်သွားပြီလို့ ထင်မှတ်ခဲ့ကြပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ဂိုးတိုင်ကိုထိပြီး ထွက်သွားခဲ့ပါတယ်။

ဘောလုံးချော်ထွက်သွားတဲ့အချိန်မှာ နူအာတယောက် ဘာမှမတတ်နိုင်ဘဲ ဒီတိုင်းကို မတ်တပ်ရပ်ကြည့်နေခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန်တွင်း ရာသီဥတုကလည်း အလွန်ဆိုးရွားနေခဲ့ပြီး ဆောင်းရာသီအတွက် အထူးသီးသန့်ထုတ်လုပ်ထားတဲ့ ဘောလုံးနဲ့ ဒီပွဲကို ကစားခဲ့ရတာပါ။ ဒီဂိုးသာဝင်သွားခဲ့ရင်လည်း ဒါက နူအာရဲ့ ကစားသမားဘဝအတွက် ရှက်စရာကောင်းတဲ့ လွဲချော်မှု၊ အမှားအယွင်းတခုဖြစ်လာဖို့ရှိပြီး အခုချိန်မှာတော့ ကံကောင်းသွားခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့်ပဲ ဘိုင်ယန်မြူးနစ်က ချန်ပီယံလိဂ်မှာ အုပ်စု ပထမနေရာ သေချာသွားခဲ့သလို ဒိုင်နမိုကိဗ်ကလည်း ယူရိုပါလိဂ်တောင် ဝင်ခွင့်မရဘဲ အုပ်စုနောက်ဆုံးကို ရောက်ရှိသွားခဲ့ရပါတယ်။ 

Share

Loading Next Article...
က္က