
Photo - YCDC
၃၃ KV ( လှော်ကား - အထယု ) ဓာတ်အားလိုင်း လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေးနဲ့ ဓာတ်အားလိုင်း အပြစ်ဖြစ်မှုနည်းစေရန်အတွက် ဓာတ်အားပိတ်ပြီး သစ်ကိုင်းတွေရှင်းလင်းမယ်လို့ ဆိုပါတယ်။ ထို့ကြောင့် မေလ ၃၀ ရက်နေ့ မနက် ၉ နာရီကနေ နေ့လည် ၂ နာရီအထိ လျှပ်စစ်ဓါတ်အားပိတ်ထားမှာဖြစ်တာကြောင့် ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ကန်းကျွန်း၊ ဒဂုံမြို့သစ် လေးမြို့နယ်၊ သာကေတ၊ ဒေါပုံနဲ့ လှိုင်သာယာမြို့နယ်တွေမှာ အဲ့ဒီအချိန် ရေရရှိမှာမဟုတ်ပါဘူး။
အဲ့ဒီမြို့နယ်တွေရေပြတ်တောက်မှုဖြစ်ပေါ်သလို အခြားသောမြို့နယ်တွေမှာလည်း ရေအားနည်းနိုင်တာကြောင့် ရေတွေကြိုတင်စုဆောင်ထားကြဖို့ဆိုပြီး ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုးက သူ့ရဲ့ လူမှုကွန်ရက် ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။ ရန်ကုန်မြို့တော်ကို သောက်သုံးရေစဉ်ဆက်မပြတ်ပေးဝေဖို့အတွက် လှော်ကား၊ ဂျိုးဖြူ၊ ဖူးကြီး၊ ငမိုးရိပ် ရေလှောင်ကန်နဲ့ ညောင်နှစ်ပင်ရေသန့်စင်စက်ရုံမှ ရေအား၊ လျှပ်စစ်ဓါတ်အားအသုံးပြုပြီး ရေတွန်းစက်တွေနဲ့ လည်ပတ်မောင်းနှင်ပြီး ရေပေးဝေတာဖြစ်ပါတယ်။
ရေလိုအပ်ချက်ရှိရင်တော့ အရှေ့ပိုင်းခရိုင်ရုံးအတွက် ဖုန်း ၀၉၂၅၀၂၈၃၈၂၃၊ အနောက်ပိုင်းခရိုင်ရုံးအတွက် ဖုန်း ၀၉၂၅၀၂၈၃၈၁၂၊ တောင်ပိုင်းခရိုင်ရုံး အတွက် ဖုန်း ၀၉၅၀၅၄၅၆၅ နဲ့ မြောက်ပိုင်းခရိုင်ရုံးအတွက် ဖုန်း ၀၉၂၅၃၈၃၅၂၇၅ ကို ဆက်သွယ်ပြီး အကူအညီတောင်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။