• "နံပါတ် (၇)နဲ့အတူ ကျွန်တော်ဟာ ဘောလုံးမှာ အားလုံးကို ပိုင်ဆိုင်ခဲ့ပါတယ်" - ရော်နယ်ဒို

ရော်နယ်ဒိုက သူ့စိတ်ကြိုက် နံပါတ်အကြောင်း ပြောခဲ့တာပါ။

ပေါ်တူဂီစူပါစတား ရော်နယ်ဒိုဟာ ကလပ်အသင်း နဲ့ နိုင်ငံအသင်းမှာ ကျောနံပါတ် (၇)ဂျာစီကို ဝတ်ဆင်ကစားနေသူ ဖြစ်ပါတယ်။ အဆိုပါ ကျောနံပါတ် ဝတ်ဆင်ပြီး သွင်းဂိုးအများအပြား သွင်းယူကာ ကစားသမားဘဝမှာ အကြီးအကျယ် အောင်မြင်မှု ရရှိခဲ့တဲ့ ကစားသမား အဖြစ် ရော်နယ်ဒိုက ရပ်တည်နိုင်ခဲ့ပါတယ်။

image

Photo : Goal.com

 

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဘဝမှာ ကျောနံပါတ် (၇)ကို စတင်ဝတ်ဆင်ခဲ့ပြီးနောက် ဒီကျောနံပါတ်ဟာ ရော်နယ်ဒို စိတ်ကြိုက်အဖြစ်ဆုံး နံပါတ်ဖြစ်လာခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ကနေ ရီးရဲလ်မက်ဒရစ်၊ အဲဒီနောက် ဂျူဗင်တပ်စ်အသင်းတို့ကို ပြောင်းရွှေ့ခဲ့တဲ့အခါမှာလည်း ရော်နယ်ဒိုဟာ ကျောနံပါတ် (၇)ကိုသာ ရွေးချယ်ဝတ်ဆင်ခဲ့ပါတယ်။

ချီးကျူးဖွယ်ကောင်းနေတဲ့ စတီဗင်ဂျရတ်နဲ့ နည်းပြစွမ်းဆောင်ရည် 

Photo : Goal.com

 

CR7 လို့လည်း ထင်ပေါ်ကျော်ကြားတဲ့ပြီးနောက်မှာ အဆိုပါနာမည်ဟာ ကမ္ဘာကျော်အမှတ်တံဆိပ်အဖြစ်လည်း ထင်ရှားလာခဲ့ပါတယ်။ အသက် (၃၃)နှစ်အရွယ် ရော်နယ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ အခါမှာလည်း ဂျူဗင်တပ်စ်အသင်းဖော် ကွာဒရာဒို ဝတ်ဆင်နေတဲ့ ကျောနံပါတ် (၇)ကို လွှဲပြောင်းရယူပြီး သူ့ရဲ့ စိတ်ကြိုက်အဖြစ်ဆုံး ကျောနံပါတ်ကို ဝတ်ဆင်ခဲ့ပါတယ်။

 

"မန်ချက်စတာမှာ ကျွန်တော့်ရဲ့ ကစားသမားဘ၀ စတင်ခဲ့ပါတယ်၊ ယူနိုက်တက်နဲ့ စာချုပ်ချုပ်ခဲ့၊ အသင်းကို ရောက်ခဲ့တုန်းက ကျွန်တော် နံပါတ် (၂၈)ကို ဝတ်ဆင်ဖို့ ပြောခဲ့တာ မှတ်မိသေးတယ်၊ အဲဒီ နံပါတ်က ကျွန်တော် စပို့တင်းအသင်းမှာ ဝတ်ခဲ့တာလေ၊ ဒါပေမယ့်လည်း ဆာအဲလက်စ်က ကျွန်တော့်ကို အဲဒီနံပါတ်မဝတ်ဖို့ပြောခဲ့ပြီး နံပါတ် (၇) ဝတ်ဖို့ ပြောခဲ့တယ်၊ ကျွန်တော့်အတွက်တော့ နည်းနည်းလေး ထိတ်လန့်ခဲ့ရတာပေါ့၊ အဲဒီနံပါတ်ကို ဘက်ခမ်က ဝတ်ဆင်ခဲ့တာကိုးဗျ"

Photo : Goal.com

 

"ဒါပေမယ့် ကျွန်တော်က အိုကေလို့ ပြောလိုက်ပြီး အဲဒီစိန်ခေါ်မှုကို လက်ခံခဲ့တယ်၊ အဲဒီကတည်းက ကျွန်တော့်အတွက် နံပါတ် (၇)က ကံကောင်းစေခဲ့တော့တာပဲ၊ ဘာလို့လဲဆိုတော့ ဘောလုံးမှာ ဘာမဆို ကျွန်တော် ပိုင်ဆိုင်ခဲ့တာ အဲဒီ ကျောနံပါတ်နဲ့လေ၊ ဒါကြောင့် ကျွန်တော့် အတွက် ကံကောင်းစေတဲ့ ဂဏန်းဖြစ်လာတာပါ" လို့ ရော်နယ်ဒိုက နံပါတ် (၇) နဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကို ဖွင့်ဟပြောဆိုခဲ့ပါတယ်။

 

အဲဒီနောက်ပိုင်းမှာတော့ ရော်နယ်ဒိုဟာ ကျောနံပါတ် (၇)နဲ့အတူ ပိုမိုထင်ရှားကျော်ကြားခဲ့ပြီး ရီးရဲလ်အသင်းမှာ ဘလွန်းဒီအောဆု (၄)ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၄)ကြိမ် ရရှိခဲ့တဲ့အထိ အောင်မြင်ခဲ့ပြီး အသင်းရဲ့ ဂိုးသွင်းထိပ်သီးတစ်ဦး ဖြစ်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းကို ပြောင်းရွှေ့တဲ့အခါမှာလည်း ရော်နယ်ဒိုအတွက် ကျောနံပါတ် (၇)ကို ကွာဒရာဒိုက ကြည်ဖြူစွာပေးအပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကွာဒရာဒိုဟာ ကျောနံပါတ် (၁၆)ကို ဝတ်ဆင်နေတာ ဖြစ်ပါတယ်။

Photo : Goal.com

 

ပေါ်တူဂီလက်ရွေးစင်အသင်းမှာလည်း ရော်နယ်ဒိုဟာ မူလက ကျောနံပါတ် (၁၇)ကို ဝတ်ဆင်ခဲ့ရပြီး ကစားခဲ့ရပါတယ်။ လူးဝစ္စဖီဂို နိုင်ငံလက်ရွေးစင်ကစားသမားဘဝက အနားယူခဲ့ချိန်မှာတော့ ရော်နယ်ဒိုဟာ ကျောနံပါတ် (၇)ကို ဆင်မြန်းခွင့်ရရှိခဲ့ပြီး နိုင်ငံ နဲ့ ကလပ်အသင်းတွေမှာ ကျောနံပါတ် (၇)နဲ့အတူ ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။ ရော်နယ်ဒိုက သူ့အတွက်တော့ နံပါတ် (၇)ဟာ ကံကောင်းစေခဲ့တယ်လို့ ဝန်ခံခဲ့ပြီး ဘောလုံးလောကမှာ ဒီနံပါတ်နဲ့အတူ အရာအားလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က