ZTE ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ nubia ဟာ ဒီနှစ်ထဲမှာ Red Magic Metaverse နဲ့ ချိတ်ဆက်နိုင်မယ့် VR Headset သစ်တစ်မျိုးကို ကြေညာသွားဖို့ ရှိပါတယ်။
Nubia ရဲ့ Weibo အကောင့်ပေါ်မှာ VR Headset ၊ Red Magic 7 ဖုန်း ၊ Router သစ်တစ်လုံးနဲ့ Gaming Monitor တစ်မျိုးတို့ မိတ်ဆက်မယ့်အကြောင်း ပြောထားတာပါ။ nubia အနေနဲ့ ၂၀၂၂ ခုနှစ်မှာ VR Ecosystem နဲ့ ထုတ်ကုန်တွေ ဖန်တီးပြီး Red Devils Metaverse သစ်ကို ဖော်ဆောင်မယ်လို့ ဆိုပါတယ်။

Photo: GSMArena
၂၀၂၂ ခုနှစ်ဟာ နည်းပညာကုမ္ပဏီကြီးတွေရဲ့ metaverse ဘက်ကို ခြေလှမ်းသစ်တွေ လှမ်းလာတဲ့နှစ် ဖြစ်လာနိုင်ပါတယ်။ နာမည်ကြီး Gaming ထုတ်ကုန်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ nubia အနေနဲ့လည်း VR ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖို့ အားစိုက်လာနိုင်ပါတယ်။
Nubia ရဲ့ ကိုယ်ပိုင် VR Headset အကြောင်းနဲ့ တခြား ထုတ်ကုန်တွေ ဖြစ်တဲ့ Router ၊ Gaming Monitor တွေအကြောင်းတော့ အချက်အလက် ထွက်ရှိခြင်း မရှိသေးပါဘူး။ Nubia ရဲ့ နောက်ထပ် Flagship ဂိမ်းဖုန်းတစ်လုံးဖြစ်တဲ့ Red Magic 7 ကတော့ ဖေဖော်ဝါရီလထဲမှာ ဖြန့်ချိသွားဖို့ ရှိပါတယ်။ Red Magic 7 ဟာ အရင် Gaming ဖုန်းတွေနဲ့ ဆင်ပြီး ဂိမ်းကစားဖို့ Shoulder Trigger အာရုံခံခလုတ်တွေ သုံးလာနိုင်ပါတယ်။
၂၀၂၂ ထွက် Flagship ဖုန်းဖြစ်တဲ့အတိုင်း Snapdragon 8 Gen 1 Chipset သုံးလာဖို့ ရှိပြီး Display ဟာ 165Hz Refresh Rate အထိ support ပေးနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ RAM 12GB/ဘက်ထရီပါဝါ 4380mAh နဲ့ 65W Fast Charing လည်း သုံးလာနိုင်ပါတယ်.