• One Championship နဲ့ Amazon Prime တို့ ပူးပေါင်းမှုအပေါ် အောင်လအန်ဆန်ရဲ့အမြင်

အောင်လအန်ဆန်က ပြောကြားခဲ့တာပါ။

နာမည်ကျော် MMA ဖိုက်တာ အောင်လအန်ဆန်က One Championship နဲ့ Amazon Prime တို့ ပူးပေါင်းမှုအပေါ် အပေါင်းလက္ခဏာဆောင်တဲ့မှတ်ချက်ပေးသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လအတွင်းမှာ အစပြုခဲ့တဲ့ ဒီပေါင်းစည်းမှုက အနာဂတ်အတွက် ကောင်းမွန်တဲ့အကျိုးရလဒ်တွေရရှိလိမ့်မယ်လို့ အောင်လအန်ဆန်က ပြောကြားခဲ့ပါတယ်။

image

အောင်လအန်ဆန်ဟာ မစ်ဒယ်လ်ဝိတ်၊ လိုက်ဟဲဗီးဝိတ်ချန်ပီယံတွေအဖြစ် အောင်ပွဲခံခဲ့ဖူးပြီး သူ့ရဲ့ ကစားသမားဘဝ ပွဲပေါင်း (၄၁) ပွဲမှာ (၂၇) ပွဲ အနိုင်ရရှိအောင်စွမ်းဆောင်ထိုးသတ်နိုင်ခဲ့ပါတယ်။ One Championship နဲ့ Amazon Prime တို့ ပူးပေါင်းမှုအပေါ် အောင်လအန်ဆန်က “ကပ်ရောဂါကာလမှာ Amazon Prime က လျင်လျင်မြန်မြန် ကြီးထွားလာခဲ့ပြီး ဒီလိုပလက်ဖောင်းမျိုးပေါ်မှာ One Championship ကို ပြသနိုင်တာ ကြီးကျယ်ခမ်းနားပါတယ်”

image

“ဒါမျိုးကို အမေရိကန်ပရိသတ်တွေ မြင်ဖူးမှာမဟုတ်ပါဘူး။ အဆင့်မြင့် MMA ပွဲစဥ်တွေ၊ မွေထိုင်းပွဲတွေနဲ့ အခြားသော မတူကွဲပြားတဲ့ စည်းကမ်းတွေသတ်မှတ်ထားတဲ့ ပွဲစဥ်တွေကိုပေါ့။ ဒီတော့ ဒီလိုမျိုး အစီအစဥ်ကနေ ကြယ်ပွင့်တွေ အများကြီး ထွက်ပေါ်လာတော့မယ်ဆိုတာကို ကျနော် သေချာသိထားပါတယ်။ ပရိသတ်အများအပြားကလည်း ဒီအကြောင်းတွေကို ပြောနေကြပါတယ်”

“ကျနော့်အားကစားခန်းမက ကစားသမားတွေလည်း ဒီအကြောင်းကို ပြောနေကြပါပြီ။ ဒါ ကြီးကျယ်ခမ်းနားတဲ့ကိစ္စတရပ်ပါ။ One Championship ကို စောင့်ကြည့်တဲ့သူတွေ များပြားလာပြီး ကစားသမားတွေအတွက်လည်း သူတို့ရဲ့ အကောင်းဆုံးပုံစံတွေကို ပြသဖို့ အခွင့်အရေးရလာပါပြီ။ One Championship ဆိုတာကလည်း ကမ္ဘာ့အကောင်းဆုံးအရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့အစည်းတွေထဲကတခုပါ”

“အခု ပူးပေါင်းမှုက မတူညီတဲ့ ကိုယ်ခံပညာအမျိုးမျိုးကို ပြသနိုင်မှာဖြစ်ပြီး ပရိသတ်တွေကလည်း အားရပါးရ ကြည့်ရှုနိုင်မှာပါ။ လေးအောင်စလောက်ရှိတဲ့ လက်အိတ်တွေနဲ့ ထိုးသတ်ရတဲ့ မွေထိုင်းပုံစံကလည်း အမေရိကန်ဘက်က ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်မှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က