ကလေးတွေအတွက် စံပြဖြစ်အောင် ကြိုးစားနေတဲ့ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း
“သားကို ယောက်ျားကောင်းတစ်ယောက်ဖြစ်စေချင်တယ်။ သူ့ညီမလေး စန်ဆန်းအတွက် အကောင်းဆုံးအကိုတစ်ယောက်၊ သူ့အမေအတွက် အကောင်းဆုံးသားတစ်ယောက်၊ နောက်ပြီး ကိုယ့်ခွန်အားတွေကို အခြားသူတွေကို ကူညီတဲ့နေရာမှာ အသုံးချတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်အဖြစ် ကြီးပြင်းလာစေချင်တယ်။ သမီးကိုလည်း ကိုယ့်အခွင့်အရေးအတွက် ရဲရဲဝံ့ဝံ့ ရပ်တည်ပြောဆိုနိုင်တဲ့ အမျိုးသမီးတစ်ဦးဖြစ်စေချင်တယ်။” ကလေးတွေအတွက် စံပြဖြစ်အောင် ကြိုးစားနေတဲ့ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း က အမျိုးသမီးတွေရဲ့ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်ဖို့နဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်အောင် ရင်ဆိုင် တိုက်ခိုက်နေသူပါ။ မြန်မာတို့ရဲ့ MMA ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်းနဲ့အတူ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကို အလဲထိုး အဆုံးသတ်ကြပါစို့။