• Featured

    ဒေါ်လာ ၃ ဘီလျံကျော် တန်ဖိုးရှိတဲ့ Amazon ရှယ်ယာများ ဘီ‌ဇော့စ် ရောင်းချ

ဒီနှစ်ထဲ ဒေါ်လာ ၁၀ ဘီလျံကျော်ဖိုး ရောင်းထုတ်ထားပါတယ်

Amazon ရဲ့ အမှုဆောင်အရာရှိချုပ် ဂျက်ဖ်ဘီဇော့စ်ဟာ ဒီတစ်ပတ်ထဲမှာ ဒေါ်လာ ၃ ဘီလျံကျော် တန်တဲ့ ကုမ္ပဏီရှယ်ယာတွေ ရောင်းချခဲ့တယ်လို့ ငွေချေးသက်သေခံလုပ်ငန်း ကြီးကြပ်ရေးကော်မရှင် SEC ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။

ဘီဇော့စ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ ဒေါ်လာ ၃.၁ ဘီလျံကျော် တန်တဲ့ Amazon ရှယ်ယာတွေ ရောင်းချခဲ့တာပါ။ ဒီအရင် ဖေဖော်ဝါရီလထဲမှာ သူဟာ ဒေါ်လာ ၄.၁ ဘီလျံကျော် တန်ဖိုးရှိတဲ့ ရှယ်ယာတွေ ရောင်းချခဲ့တာ ဖြစ်လို့ ဒီနှစ်ထဲမှာ အခုထိ ဒေါ်လာ ၁၀.၂ ဘီလျံဖိုး ရှယ်ယာတွေ ရောင်းချပြီး ဖြစ်တယ်လို့ CNBC သတင်းက ဆိုပါတယ်။

image

Photo: fairobserver


၂၀၁၉ ခုနှစ်မှာ ဘီဇော့စ်ဟာ ရှယ်ယာတန်ဖိုး ဒေါ်လာ ၂.၈ ဘီလျံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ Amazon တည်ထောင်သူ ဘီဇော့စ်ဟာ ကုမ္ပဏီမှာ ရှယ်ယာ ၅၃ သန်းကျော် ပိုင်ဆိုင်သူလည်း ဖြစ်ပါတယ်။ ရှယ်ယာတန်ဖိုးဟာ စုစုပေါင်း ဒေါ်လာ ၁၇၀ ဘီလျံကျော် တန်ဖိုးရှိတာပါ။ လက်ရှိမှာလည်း သူဟာ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်ပါတယ်။

ရှယ်ယာတွေ ဘာကြောင့် ဒီလောက် ရောင်းနေသလဲဆိုတာတော့ Amazon CEO က ရှင်းပြခဲ့ခြင်း မရှိပါဘူး။ ဘီဇောစ်ဟာ သူ့ပိုင်စတော့ရှယ်ယာတွေ ရောင်းလေ့ရှိပါတယ်။ အရင်ကတော့ သူဟာ Blue Origin အာကာသယာဉ်ကုမ္ပဏီမှာ ရံပုံငွေ ဖြည့်တင်းဖို့ နှစ်စဉ် Amazon ရှယ်ယာ ၁ ဘီလျံဖိုးခန့် ရောင်းဖြစ်တယ်လို့ ပြောဖူးပါတယ်။

ဂျက်ဖ်ဘီဇော့စ်ဟာ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ ဒေါ်လာ ၁၀ ဘီလျံတန် Earth Fund နာမည်နဲ့ ရံပုံငွေတစ်ခုလည်း ထူထောင်ထားပါတယ်။ The Atlantic ရဲ့ သတင်းအရ ဘီဇော့စ်ဟာ Earth Fund ရံပုံငွေထဲမှ ဒေါ်လာသန်း ၁၀၀ စီကို Nature Conservancy ၊ Environmental Defense Fund ၊ Natural Resources Defense Council နဲ့ World Wildlife Fund တို့ကို ပေးအပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က