• ပန်းချီပညာကို ဝါသနာကြီးလွန်းသူလေး အေးသောင်း

ဆုတွေလည်း ရခဲ့ဖူးပါတယ်။

အေးသောင်းကတော့ ငယ်စဉ်ကတည်းက ပန်းချီပညာရပ်ကို လေ့လာခဲ့သလို ပန်းချီနဲ့ ပတ်သက်ပြီး ဆုတွေလည်း ရရှိခဲ့ဖူးတဲ့ အမှတ်တရတွေကို Duwun ပရိသတ်တွေအတွက် မျှဝေခဲ့ပါတယ်။ 

image

သရုပ်ဆောင် အေးသောင်းကတော့ ပန်းချီပညာနဲ့ ပတ်သက်ပြီး ငယ်စဉ်ကတည်းက ဝါသနာပါခဲ့သူ တစ်ယောက်ပါ။ သူ့ အနေနဲ့ ပန်းချီပညာကို လေ့လာခဲ့ဖူးသလို ပန်းချီနဲ့ ပတ်သက်ပြီး သူမရဲ့ စိတ်ခံစားချက်လေးတွေကလည်း တစ်နေ့နဲ့ တစ်နေ့ ပြောင်းလဲ လာတဲ့ အကြောင်းတွေကို Duwun ပရိသတ်တွေ အတွက် ပြောပြလာပါတယ်။ 

“ ပန်းချီကို ငယ်ငယ်ကတည်းက အစ်မက စိတ်ဝင်စားခဲ့တာ (၅)တန်း၊ (၆) တန်းလောက်တုန်းကတည်းက စိတ်ဝင်စားတာပါ။ အဲဒီတုန်းက အစ်မတို့အိမ်က ကျောက်ကုန်းမှာရှိတယ်။ ရှမ်းလေး ပန်းချီဆိုတာ ရွှေညောင်ပင်မှာရှိတယ်။ ညနေ ကျောင်းဆင်းပြီဆိုတာနဲ့ အဲဒီကို လမ်းလျှောက်ပြီး နေ့တိုင်း သွားသင်ဖြစ်တယ်။ ကျောင်းမှာဆိုလည်း ပန်းချီဆွဲပြိုင်တယ်၊ ဆုတွေလည်း ရခဲ့ဖူးတယ်။ ကိုယ်သိထားတဲ့ ပန်းချီဆိုတာ ကမ္ဘာကြီးပေါ်က ရေအိုင်လေးတစ်ခုလိုပဲ။ ပန်းချီကားတွေဆိုတာ တကယ်အဓိပ္ပာယ်ရှိတဲ့ အရာပါ၊ တကယ်လည်း ငေးမောနေရတယ်၊ ပန်းချီကား ကောင်းကောင်းလေးတွေရှိရင် အရမ်း သဘောကျတယ်။ နိုင်ငံခြား ခရီးတွေ သွားရင်လည်း ပန်းချီပြခန်းတွေကို မရောက် ရောက်အောင်သွားပြီး ကြည့်ဖြစ်တယ်။ ပြီးတော့ ဆရာကြီး ဦးခင်မောင်ရီ ဆွဲထားတဲ့ ပန်းချီတွေဆိုလည်း ငေးမောနေရတာ။ သူတို့ ဆွဲထားတာကို ကြည့်ပြီး ကိုယ်သိတဲ့ ပန်းချီဆိုတာ ရေအိုင်သေးသေးလေးပါလားပေါ့။ ပန်းချီကြောင့် ကိုယ့်ရဲ့ စိတ်ကူးလေးတွေက တစ်နေ့နဲ့ တစ်နေ့တောင် မတူဘူး” လို့ သူကဆိုပါတယ်။ 

Photo: Li John

အခုလက်ရှိမှာလည်း ကိုဗစ်အလှူ တစ်ခုအနေနဲ့ အနုပညာရှင်တွေရဲ့ ပန်းချီကားတွေကို လေလံရောင်းချနေရာမှာ အေးသောင်းက ပန်းချီဆရာကြီး ဦးဝင်းဖေရဲ့ " ဖရဲသီးစားသူများ" ဆိုတဲ့ ပန်းချီကားကို ငွေကျပ်(၂၅) သိန်းနဲ့ လေလံအောင်ထားသူဖြစ်ပါတယ်။ သူ စိတ်ဝင်စားတဲ့ ပန်းချီကားချပ်တွေကိုလည်း စိတ်ဝင်တစားနဲ့ လေလံဆွဲနေတာကိုလည်း တွေ့ရပါတယ်။

ပန်းချီဟာ စိတ်ကူးထားတာ ထက် ပုံဖော်ရ အရမ်းခက်တဲ့ ပညာရပ်တစ်ခုဖြစ်တယ်လို့ အေးသောင်းက ဆိုပါတယ်။ သူမရဲ့ ပန်းချီပညာရပ်ကို ‘ အဆိပ်’ ဆိုတဲ့ ရုပ်ရှင်ကားကြီးထဲမှာ ခံစားချက် အပြည့်ထည့်ရင်း ဆွဲခဲ့တဲ့ ပန်းချီကားလေးရှိတယ်လို့လည်း သိရပါတယ်။ ဒီပန်းချီကားကို အရမ်းကြိုက်လွန်းတာကြောင့် ဇာတ်ကားထွက်လာတဲ့ အချိန်မှသာ အမှတ်တရလေးတစ်ခု ဖန်တီးသွားမယ်လို့ အေးသောင်းက ပြောပါတယ်။

“ ပန်းချီဆိုတာက အနုပညာထဲမှာ ပုံဖော်ရ အရမ်းခက်တယ်၊ နားလည်ဖို့ကလည်း မလွယ်တဲ့ အရာတစ်ခုပါ။ အစ်မက ပုံတူဆွဲတာတော့ အများကြီးဆွဲဖူးတယ်။ ရှုခင်းပုံတွေ ဆွဲတယ်။ မှတ်မှတ်ရရ ‘ အဆိပ်’ ဇာတ်ကားရိုက်တုန်းက ပန်းချီဆွဲခဲ့တယ်။ အဲဒီမှာ ကောင်လေးက ကိုယ့်ကိုထားသွားတယ်။ သူ့မှာ တခြားကောင်မလေးတစ်ယောက်ရှိသွားပြီလို့ လာပြောတဲ့ အချိန်မှာ ကိုယ်က အရမ်းအထီးကျန်သွားပြီးတော့ စိတ်ထွက်ပေါက်အနေနဲ့ ပန်းချီဆွဲလေ့ရှိတဲ့ မိန်းကလေး တစ်ယောက်ပေါ့။ မှတ်မှတ်ရရ အစ်မ ဆွဲတဲ့ ပန်းချီကားတစ်ချပ်ရှိတယ်။ အဲဒီပန်းချီဆွဲတဲ့နေ့မှာ အရမ်းငိုပြီးတော့ ပင်ပင်ပန်းပန်း သရုပ်ဆောင်ရင်း ဆွဲထားတဲ့ ပန်းချီကားလေးရှိတယ်။ ဒီပန်းချီကို ကိုယ်ကိုယ်တိုင်လည်း အရမ်းကြိုက်သွားတယ်။ အမှတ်တရတွေလည်း အများကြီးရှိတဲ့ ပန်းချီဆိုတော့ ဒီရုပ်ရှင်ထွက်လာတဲ့ အခါကျရင် ဒါလေးကို အမှတ်တရ တစ်ခု အနေနဲ့ သီးသန့်တစ်ခုခု ထပ်လုပ်ဖို့တော့ရှိတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Venom

မအေးသောင်းဟာ ကိုဗစ်ကာလမှာဇာတ်ကားရိုက်ကူးရေးတွေ ရပ်နားထားပေမယ့် Social Media ကနေ ပရိသတ်တွေနဲ့ အဆက်မပြတ်စေမယ့် အနုပညာလှုပ်ရှားမှုလေးတွေတော့ အမြဲတမ်းရှိနေတဲ့သူပါ။ သူမဟာ ၂၀၁၇ ခုနှစ်မှာ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးမှုကို ယခင်ကထက်တောင် ပိုမိုရရှိလာပါတယ်။ မအေးသောင်းဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေမှာအဆက်မပြတ် သရုပ်ဆောင် နေရတဲ့ မင်းသမီးချောလေးပါ။ သူမဟာ ကိုယ်ပိုင်စီးပွားရေးတစ်ခုဖြစ်တဲ့ ရွှေချည်လွှာ နဲ့ ရွှေလွန်းသံ ပိုးထည်ဆိုင်တွေကိုလည်း ဦးဆောင်လုပ်ကိုင်နေသူ ဖြစ်ပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က