• LG ရဲ့ ပထမဆုံး ခေါက်လိပ်နိုင် Rollable ဖုန်း နာမည်ထွက်လာ

နာမည်တွေ အများကြီး ပေါက်ထားပါတယ်

ကမ္ဘာ့ပထမဆုံးခေါက်သိမ်းနိုင် OLED display ပါ LG ဖုန်းကို ဥရောပသမဂ္ဂ ဉာဏမူပိုင်ခွင့်ရုံးမှာ ကုန်ပစ္စည်းအမှတ်တံဆိပ်လျှောက်ထားလိုက်ပြီလို့ ဆိုပါတယ်။

LG ရဲ့ ဆန်းသစ်တီထွင်မှုအပြည့်နဲ့ ဖုန်းသစ်ကို EUIPO လို့ ခေါ်တဲ့ အီးယူဉာဏမူပိုင်ခွင့်ရုံးမှာ LG Rollable နာမည်နဲ့Trademark တင်ထားတယ်လို့ GSMArena က ဖော်ပြထားပါတယ်။ LG ဟာ ဒီထုတ်ကုန်အတွက် LG Rollable အပြင် တခြားနာမည်အမျိုးမျိုးလည်း ပေးထားပါတယ်။

image

Photo: GSMArena

LG Rollable ဟာ LG The Roll ၊ LG Double Roll ၊ LG Dual Roll ၊ LG Bi-Roll နဲ့ LG Roll Canvas ဆိုတဲ့ နာမည်တွေနဲ့လည်း ထွက်ထားတာပါ။ အခုနောက်အသစ် ထွက်လာတဲ့ Trademark နာမည်အရ ဒီဖုန်းဟာ screen ကို ဘေးနှစ်ဖက် ဆွဲထုတ်နိုင်လို့ LG Slide ဆိုတဲ့ နာမည်နဲ့လည်း တင်ထားတယ်လို့ ဆိုပါတယ်။

ဒီထုတ်ကုန်ကို EUIPO ရဲ့ Class 9 တန်းမှာ ထည့်သွင်းထားပါတယ်။ Class 9 အောက်မှာ စမတ်ဖုန်း ၊ ဒီဂျစ်တယ် မိုဘိုင်းဖုန်း ၊ စမတ်ဖုန်းအတွက် အီလက်ထရွန်းနစ် touch screen pen နဲ့ earphones များ ၊ လက်မှာ ဝတ်ဆင်နိုင်တဲ့ စမတ်ဖုန်းများ ပါဝင်ပါတယ်။ LG Rollable ဖုန်းသစ်ဟာ ကုမ္ပဏီရဲ့ Explorer Project ကနေ ထွက်လာမယ့် ထုတ်ကုန်ဖြစ်ပါတယ်။

လာမယ့် ၂၀၂၁ ခုနှစ် မတ်လထဲမှာ ဒီထုတ်ကုန်ကို စပြီး ဖြန့်ချိသွားဖို့ ရှိပြီး ကမ္ဘာ့ပထမဆုံး ဈေးကွက်ဝင် ခေါက်လိပ်နိုင် Screen ပါ စမတ်ဖုန်းအဖြစ် မြင်ရမှာပါ။ LG ဟာ မကြာသေးခင်ကလည်း ဒေါ်လာ ၈၇၀၀၀ တန် LG ရဲ့ Rollable TV ကို မိတ်ဆက်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က