• Singles' Day နေ့မှာ Xiaomi ယွမ် ၁၄ ဘီလျံကျော်ဖိုး ရောင်းချနိုင်ခဲ့

Alibaba ပလက်ဖောင်းပေါ်ကနေ ဈေးဝယ်မှုဟာ ဒေါ်လာ ၇၄ ဘီလျံအထိ ရှိခဲ့ပါတယ်
[Zawgyi Version]

နိုဝင်ဘာ ၁၁ ရက် Singles' Day ဈေးရောင်းပွဲတော်နေ့မှာ Xiaomi ဟာ ပြီးခဲ့တဲ့နှစ်ကထက် ၂ ဆကျော် ရောင်းအားရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ Singles' Day ဟာ တစ်ကမ္ဘာလုံးမှာ အကြီးဆုံး အွန်လိုင်းဈေးရောင်းပွဲတော်တစ်ခု ဖြစ်ပြီး Amazon ရဲ့ Prime Day ဈေးပွဲတော်ထက် ပိုကြီးသလို Black Firday နဲ့ Cyber Monday နှစ်ခုပေါင်းထက်လည်း ရောင်းအားပိုများပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးရှိထားပေမယ့် ဒီနှစ်မှာလည်း Singles' Day ရောင်းအားဟာ မြင့်တက်နေခဲ့တယ်လို့ ဆိုပါတယ်။

Photo: gizmochina

Gizmochina သတင်းမှာ Xiaomi ဟာ ၁၁ ရက်တာ ဈေးပွဲတော်နေ့မှာ ယွမ် ၁၄.၃ ဘီလျံ (ဒေါ်လာ ၂.၁ ဘီလျံ) ဖိုး ရောင်းချနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ကာလတူရောင်းအား ယွမ် ၆.၁ ဘီလျံ (ဒေါ်လာသန်း ၉၂၀ ဝန်းကျင်) ခန့် နဲ့ စာရင် နှစ်အလိုက် ရောင်းအား ၁၃၄% တက်လာတာ ဖြစ်ပါတယ်။

ဒီနှစ် နိုဝင်ဘာ ၁ ရက်ကနေ ၁၁ ရက်အတွင်း Xiaomi ဟာ စံချိန်တင် ရောင်းအား ရခဲ့တာ ဖြစ်ပါတယ်။ Xiaomi ရဲ့ ထုတ်ကုန်တွေ ဖြစ်တဲ့ မိုဘိုင်းလ်ဖုန်း ၊ စမတ်တီဗွီ နဲ့ တစ်ခြား ထုတ်ကုန်တွေဟာ JD.com ၊ Tmall နဲ့ Suning တို့လို အွန်လိုင်းပလက်ဖောင်းတွေမှာ ထိပ်တန်းရောင်းအားစာရင်းဝင်နေတယ်လို့ ဆိုပါတယ်။

Photo: gizmochina

Xiaomi ထုတ် စမတ်တီဗွီဟာ JD.com နဲ့ Suning နှစ်နေရာစလုံးမှာ ရှိတဲ့ တီဗွီကဏ္ဍမှာ နံပါတ်တစ် ရောင်းအားအမြင့်ဆုံးဖြစ်နေပါတယ်။ Tmall ပေါ်မှာ Xiaomi ဟာ ၂၀၁၃ ခုနှစ်ကစပြီး ၇ နှစ်ဆက်တိုက် Singles' Day ရောင်းအားအမြင့်ဆုံး Brand တစ်ခုအဖြစ် ရပ်တည်နေပါတယ်။ 

Reuters ရဲ့ အစီရင်ခံစာအရ Singles' Day ဈေးပွဲတော်နေ့မှာ Alibaba ပလက်ဖောင်းပေါ်ကနေ ဈေးဝယ်မှုဟာ ဒေါ်လာ ၇၄ ဘီလျံအထိ ရှိခဲ့တယ်လို့လည်း သိရပါတယ်။JD.com ကတော့ နိုဝင်ဘာ ၁၁ ဈေးပွဲ‌တော်မှာ ယွမ် ၂၇၁.၅ ဘီလျံ ( ဒေါ်လာ ၄၀.၉ ဘီလျံ) ဖိုး ရောင်းချနိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...