Huawei ဟာ ဒီဇင်ဘာ ၁၈ ရက်နေ့ကစပြီး Harmony OS developer beta ဗားရှင်းကို ပထမဆုံး ဖြန့်ချိဖို့ ပြင်နေပါတယ်။
HarmonyOS ကို မိုဘိုင်းဗားရှင်းအဖြစ် လာမယ့်ဧပြီလထဲမှာ Public Beta ထုတ်ဖို့ စီစဉ်ထားပါတယ်။ ကုမ္ပဏီရဲ့ အမှုဆောင်တွေကတော့ Huawei နဲ့ Honor ဖုန်းအားလုံးရဲ့ ၉၀% ဟာ OS သစ် တင်နိုင်မယ်လို့ ဆိုပါတယ်။ Huawei Central ကလည်း HarmonyOS သစ် တင်လို့ရနိုင်မယ့် ဖုန်းအမျိုးအစား ၄၀ ကျော်အကြောင်း ထုတ်ပြန်ထားပါတယ်။

Photo: gsmarena
တရားဝင်ကြေညာမှု လုပ်ထားတာ မဟုတ်ပေမယ့် Honor V40 ၊ Huawei Nova 8 နဲ့ Nova 8 Pro တို့လည်း ဒီစာရင်းမှာ ပါနေပါတယ်။ Huawei Mate series အနေနဲ့ Huawei Mate 20 ၊ Mate 20 Pro ၊ Mate 20 X 4G/5G နဲ့ Huawei Mate 20 RS ကနေ နောက်ဆုံးထွက်ထားတဲ့ Huawei Mate 40 စီးရီးအထိ HarmonyOS သစ် တင်နိုင်မှာပါ။
Huawei P-series ၊ Mate series နဲ့ Nova စီးရီးထဲမှ ဖုန်းအမျိုးအစားပေါင်း ၂၈ ခု ၊ Honor ထဲမှ ဖုန်း ၁၄ မျိုး ၊ Huawei Watch GT 2/GT 2e နဲ့ Watch GT 2 Pro အပြင် တက်ဘလက်တွေ ဖြစ်တဲ့ Huawei MatePad Pro ၊ MatePad Pro 5G နဲ့ Honor Tablet V6 တို့လည်း HarmoyOS တင်နိုင်မယ်လို့ ဆိုပါတယ်။
လောလောဆယ်မှာ တန်ဖိုးနည်း entry-level ဖုန်းတွေတော့ OS သစ် တင်နိုင်မယ့်စာရင်းမှာ မတွေ့ရသေးပါဘူး။ Google Mobile Services မရတဲ့ Huawei ဖုန်းတိုင်း HarmonyOS ရမရဆိုတာ ပြောဖို့ စောနေတာလည်း ဖြစ်နိုင်ပါတယ်။