• ၂၀၂၁ ခုနှစ်မှာ Huawei နဲ့ Apple တို့ကို ကျော်တက်နိုင်ဖို့ Xiaomi ရည်မှန်း

စမတ်ဖုန်းအလုံးရေသန်း ၂၄၀ အထိ တင်ပို့နိုင်ဖို့ ပစ်မှတ်ထားနေပါတယ်

တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ဟာ ကမ္ဘာ့ဒုတိယအများဆုံး စမတ်ဖုန်းတင်ပို့နိုင်တဲ့ ကုမ္ပဏီနေရာကို ရောက်ဖို့ ချိန်ရွယ်နေပါတယ်။

ကုမ္ပဏီအနေနဲ့ စမတ်ဖုန်းအတွက် စက်ရုံအော်ဒါမှာယူမှုတွေ တိုးမြှင့်ထားပြီး supplier တွေကိုလည်း စမတ်ဖုန်းအလုံးရေ သန်း ၂၄၀ စာအထိ ပစ္စည်းအစိတ်အပိုင်းကြိုတင်မှာယူဖို့ စကားပြောနေတယ်လို့ Nikkei Asia သတင်းက ဆိုပါတယ်။ ဒါဟာ Xiaomi ရဲ့ ဒီနှစ်စမတ်ဖုန်းတင်ပို့မှုထက် အတော်ကြီး ပိုများနေတာ ဖြစ်သလို Apple ရဲ့ နှစ်စဉ် ပျမ်းမျှ iPhone တင်ပို့မှုထက်လည်း ကျော်လွန်နေတာ ဖြစ်ပါတယ်။

image

Photo: Nikkei Asia Review


Xiaomi အနေနဲ့ သူ့အရှေ့က ကမ္ဘာ့ဒုတိယနဲ့တတိယအကြီးဆုံး ဖုန်းကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Apple နဲ့ Huawei တို့ကို ကျော်တက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိကမ္ဘာ့စမတ်ဖုန်းတင်ပို့မှုအနေအထားအရ Xiaomi ဟာ စတုတ္ထအကြီးဆုံးကုမ္ပဏီလည်း ဖြစ်ပါတယ်။ Nikkei Asia သတင်းမှာပဲ Internal Target အနေနဲ့ Xiaomi ဟာ နောက်နှစ်ထဲမှာ စမတ်ဖုန်းအလုံးရေသန်း ၃၀၀ အထိ တင်ပို့ဖို့ ကုမ္ပဏီအတွင်းပစ်မှတ်ထားနေတယ်လို့ supplier တချို့ကို ပြောထားတယ်လို့ ဆိုပါတယ်။

ဒီအရေအတွက်အထိ ရောက်ဖို့တော့ ဖြစ်နိုင်ဖွယ်မရှိပါဘူး။ supplier ကုမ္ပဏီတွေ ဖြစ်တဲ့ Qualcomm နဲ့ MediaTek တို့အနေနဲ့ ကုမ္ပဏီတစ်ခုတည်းအတွက် ဒီလောက်များတဲ့ ပစ္စည်းအစိတ်အပိုင်းပမာဏထုတ်ပေးဖို့ အာမမခံနိုင်ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် COVID-19 ကြောင့် ပစ္စည်းထုတ်လုပ်ပို့ဆောင်ရေးတွေ ခက်နေချိန်မျိုးမှာ ပိုလို့ ဖြစ်နိုင်ခြေ နည်းနေပါတယ်။

စမတ်ဖုန်းအလုံးရေ သန်း ၂၄၀ အထိ တင်ပို့နိုင်မယ်ဆိုရင်တော့ Xiaomi ဟာ Apple ကို အသာလေး ကျော်ဖြတ်နိုင်ဖို့ ရှိပါတယ်။ ပုံမှန်အားဖြင့် Apple ဟာ တစ်နှစ်ကို iPhone အလုံးရေသန်း ၂၀၀ ဝန်းကျင် တင်ပို့ပါတယ်။ နောက်ထပ်ပြိုင်ဘက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Huawei အနေနဲ့လည်း အမေရိကန်အစိုးရရဲ့ Sanctions နဲ့ကြုံနေရတာကနေ Xiaomi အတွက် အမြတ်ထုတ်နိုင်ပါတယ်။ Huawei ဘက်က Sub-Brand တစ်ခုဖြစ်တဲ့ Honor ကို ရောင်းထုတ်ထားတာလည်း ထည့်တွက်ရမှာပါ။

Photo: Yahoo Finance


Huawei ရဲ့ စမတ်ဖုန်းရောင်းအားအမြင့်ဆုံးကာလဖြစ်တဲ့ ၂၀၁၉ ခုနှစ်အတွင်းမှာ ဒီကုမ္ပဏီဟာ စမတ်ဖုန်းအလုံးရေ ၂၄၀.၆ သန်း တင်ပို့ရောင်းချနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်ထဲမှာ Xiaomi ဟာ စတုတ္ထအကြီးဆုံး ဖုန်းကုမ္ပဏီဖြစ်လာခဲ့ပြီး နောက်တစ်နှစ်မှာ စမတ်ဖုန်းအလုံးရေ ၁၂၅.၆ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ 

IDC အချက်အလက်တွေအရ Xiaomi ဟာ ၂၀၂၀ ပထမ ၉ လအတွင်း စမတ်ဖုန်းတင်ပို့မှုအနေနဲ့ နှစ်အလိုက် ၁၆% မြင့်တက်လာပြီး ၁၀၄.၅ သန်းအထိ ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က