• MacBook ကနေ iPhone ကို ကြိုးမဲ့အားသွင်းနိုင်မယ့်နည်းပညာ Apple မူပိုင်ခွင့်တင်

MacBook တွေမှာ iPhone ထားပြီး ကြိုးမဲ့အားသွင်းနိုင်မှာပါ

iPhone ၊ iPad နဲ့ Apple Watch စတဲ့ Apple ထုတ်ကုန်တွေကို MacBook နဲ့ Wireless charging သွင်းနိုင်မယ့်နည်းပညာတစ်မျိုးကို Apple က မူပိုင်ခွင့်တင်လိုက်တယ်လို့ ဆိုပါတယ်။ 

နှစ်မျိုးသွား အားသွင်းကွိုင်တွေလို့ မူပိုင်ခွင့်မှာ ဖော်ပြထားပြီး ဒီနည်းပညာဟာ MacBook ကို အားသွင်းပေးနိုင်တဲ့အပြင် MacBook ကနေ တခြားထုတ်ကုန်တွေကိုပါ အားသွင်းနိုင်မယ်လို့ 9toMac သတင်းက ဆိုပါတယ်။ မူပိုင်ခွင့်မှာပါတဲ့ ပုံတွေအရ iPad ‌ပေါ်မှာ iPhone နဲ့ Apple Watch တို့ကို တင်ထားပြီး အားသွင်းပြထားပါတယ်။

image

Photo: The Verge

လက်ရှိအချိန်မှာ MacBook နဲ့ iPads တွေဟာ အလူမီနီယမ်နဲ့ လုပ်ထားတာ ဖြစ်လို့ ကြိုးမဲ့အားသွင်းနည်းပညာနဲ့ ချိတ်ဆက် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ Apple အနေနဲ့ Reverse Wireless Charging နည်းပညာကို ကုမ္ပဏီရဲ့ထုတ်ကုန်တွေမှာ သုံးမယ်ဆိုရင်တော့ ဒီဇိုင်းပိုင်းပါ အသစ်ပြန်ပြောင်းရဖို့ ရှိပါတယ်။ 

Apple ဟာ iPhone နဲ့ AirPodsနှစ်မျိုးစလုံးကို အားသွင်းပေးနိုင်တဲ့ MagSafe Battery Case အတွက်လည်း သီးသန့် မူပိုင်ခွင့်လျှောက်ထားပါတယ်။ ဒီမူပိုင်ခွင့်နှစ်မျိုးစလုံးကို Patently Apple မှာ တင်ထားပါတယ်။ လက်ရှိမှာ Apple ဟာ iPhone စီးရီးမှာ ကြိုးမဲ့အားသွင်း ကွိုင်တွေ ထည့်ထားပေမယ့် တခြားထုတ်ကုန်တွေကို ပါဝါလွှဲပေးတဲ့စနစ်တော့ မပါရှိပါဘူး။ 


Photo: 9to5mac

Reverse Wireless Charging နည်းပညာမျိုးကို အန်းဒရိုက်ဖုန်းကုမ္ပဏီကြီးတချို့ကလည်း မိတ်ဆက်ထားပါတယ်။ Huawei ဟာ Mate 20 Pro မှာ တခြား ကြိုးမဲ့အားသွင်းနည်းပညာသုံး ဖုန်းတွေကို ပြန်ပြီး အားပြန်သွင်းပေးနိုင်မယ့် Reverse Wireless Charging နည်းပညာကို စတင်မိတ်ဆက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ Samsung နဲ့ Google Pixel ဖုန်းတွေမှာလည်း ဒီနည်းပညာမျိုး သုံးလာခဲ့ပါတယ်။

Apple ကတော့ Macbook တွေမှာပါ Reverse Wireless Charging သုံးဖို့ ကြိုးစားလာပြီ ဖြစ်ပါတယ်။ တကယ်လို့ Macbook တွေမှာ ကြိုးမဲ့ပြန်အားသွင်းပေးနိုင်မယ့် နည်းပညာ ပါလာမယ်ဆိုရင်တော့ အတော်လေး စိတ်လှုပ်ရှားဖို့ ကောင်းမှာအမှန်ပါပဲ။ 



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က