• Featured

    ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာတဲ့ အီလွန်မတ်စ်

Tesla ကားကုမ္ပဏီရဲ့ တန်ဖိုးကလည်း ဒေါ်လာဘီလျံ ၇၀၀ ကျော် တန်လာခဲ့ပါတယ်

Tesla ရှယ်ယာတွေ ထိုးတက်လာခဲ့ပြီးနောက် နာမည်ကျော်သူဌေးကြီး အီလွန်မတ်စ်ဟာ Amazon တည်ထောင်သူ ဂျက်ဖ်ဘီဇော့စ်ကို ကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာကို ရောက်ရှိလာပါတယ်။

Tesla နဲ့ SpaceX တည်ထောင်သူ အီလွန်မတ်စ်ဟာ အသားတင် ဒေါ်လာ၁၈၅ ဘီလျံ ကြွယ်ဝလာပြီး ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး နေရာကို ရောက်လာတာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ရဲ့ လျှပ်စစ်ကားကုမ္ပဏီ Tesla ဟာ ဒီနှစ်ထဲမှာ ကုမ္ပဏီတန်ဖိုး ထိုးတက်လာခဲ့ပြီး လုပ်ငန်းတန်ဖိုးဟာ ပထမဆုံးအကြိမ်အဖြစ် ဒေါ်လာဘီလျံ ၇၀၀ အထိ ရောက်ရှိခဲ့တယ်လို့ BBC သတင်းက ဆိုပါတယ်။ 

image

Photo: BBC

လက်ရှိမှာ Tesla ကားကုမ္ပဏီရဲ့ တန်ဖိုးဟာ နာမည်ကျော် Toyota ၊ Volkswagen ၊ Hyundai ၊ GM နဲ့ Ford ကုမ္ပဏီအားလုံးပေါင်းထက် တန်ဖိုးပိုများနေတာ ဖြစ်ပါတယ်။ အီလွန်မတ်စ်ဟာ ၂၀၂၀ မတိုင်ခင်က ဒေါ်လာ ၂၇ ဘီလျံပဲ ချမ်းသာပြီး ကမ္ဘာ့အချမ်းသာဆုံး လူ ၅၀ စာရင်းဝင်ပဲ ဖြစ်ခဲ့တာပါ။ နှစ်အကုန်မှာ သူ့ရဲ့ ချမ်းသာမှုမှာ ဒေါ်လာ ၁၄၀ ဘီလျံအထိ တိုးလာခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၁၆၇ ဘီလျံအထိ ထိုးတက်သွားခဲ့တာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ အီလွန်မတ်စ်ဟာ Microsoft တည်ထောင်သူ ဘီလ်ဂိတ်စ်ကို ကျော်ပြီး ကမ္ဘာ့ဒုတိယအချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာခဲ့ပါတယ်။ နှစ်လနီးပါးကြာပြီးနောက် အခုချိန်မှာ သူဟာ ၂၀၁၇ ကတည်းက ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်နေရာမှာ ခေါင်းဆောင်နေတဲ့ ဒေါ်လာ ၁၈၄ ဘီလျံ ချမ်းသာသူ Amazon သူဌေး ဂျက်ဖ်ဘီဇော့စ်ကို ကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ဖြစ်လာခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကြောင့် Amazon ဟာ အကျိုးအမြတ်တွေ ထိုးတက်လာခဲ့ပေမယ့် ဂျက်ဖ်ဘီဇော့စ်ဟာ ကွဲသွားတဲ့ သူ့ဇနီး မက်စ်ကန်ဒီစကော့တ်ကို လုပ်ငန်းထဲကသူ့ရှယ်ယာရဲ့ ၄% ကို ပေးခဲ့ရပါတယ်။

လတ်တလောမှာ ဝါရှင်တန်အစိုးရရဲ့ ဥပဒေကြောင်းကိစ္စကြောင့်လည်း Amazon ရဲ့ စတော့ရှယ်ယာဟာ တင်သလောက် မြင့်တက်လာခြင်းမရှိတာ ဖြစ်ပါတယ်။ Tesla ကတော့ ကြာသာပတေးနေ့မှာ ရှယ်ယာတန်ဖိုး ၈၁၆.၀၄ ဒေါ်လာ (၈%နီးပါး) အတက်ပြပြီး ပိတ်သွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က