• color display ၊ ၁၄ ရက်ခံ ဘက်ထရီနဲ့ မြန်မာငွေ ၅ သောင်းတန် OnePlus Band

တန်ဖိုးသင့် Smartband သစ်

performance ကောင်းတဲ့ ဖုန်းတွေနဲ့ နာမည်ကျော်တဲ့ OnePlus ကနေ ပထမဆုံး စမတ်လက်ပတ်သစ် ကြေညာလိုက်ပါတယ်။

OnePlus Band ဟာ နှလုံးခုန်တိုင်းစနစ် ၊ SpO2 sensor တွေနဲ့ ဘက်ထရီသက်တမ်းခံတဲ့ တန်ဖိုးနည်းစမတ်လက်ပတ်တစ်ခု ဖြစ်ပြီး Sports Modes တွေလည်း အများအပြား ပါရှိပါတယ်။ ကိုယ်ထည်ဟာ နှစ်ရောင်စပ် Dual-Color နဲ့လာတာ ဖြစ်ပြီး touch controls ပါ ၁.၁ လက်မ AMOLED display နဲ့ လာပါတယ်။ OnePlus Band မှာ physical buttons တွေ သုံးထားခြင်း မရှိပါဘူး။

image


Photo: tryotec

Screen ရုပ်ထွက် 126 x 294 pixel နဲ့ လာပြီး customize လုပ်လို့ရတဲ့ options တွေလည်း အများကြီးပေးထားပါတယ်။ မတူညီတဲ့ watch face ၃၇ မျိုး တင်နိုင်မှာ ဖြစ်ပြီး အလေးချိန်အနေနဲ့ စုစုပေါင်း ၂၂.၆ ဂရမ် လေးပါတယ်။ OnePlus Band ဟာ အနက် ၊ နက်ပြာနဲ့ လိမ္မော်-ခဲ (လိမ္မော်ရောင်က အတွင်းဘက် ၊ မီးခိုးက အပြင်ဘက်) ကာလာသုံးမျိုးနဲ့ ထွက်ထားပါတယ်။ အားကစားလုပ်ဆောင်ချက် ၁၂ မျိုးကို ပံ့ပိုးထားပြီး ဒီထဲမှာ မပါတဲ့ အားကစားနဲ့ ကိုယ်လက်လှုပ်ရှားမှုတွေအတွက်လည်း Free Training option တစ်ခု ထည့်ပေးထားပါတယ်။

OnePlus Band ဟာ 5ATM နဲ့ IP68 rating water resistance ထောက်ခံချက်ရထားတဲ့ ထုတ်ကုန်ဖြစ်ပြီး အန်းဒရိုက်ဖုန်းတွေနဲ့ ချိတ်ဆက်ဖို့ Bluetooth 5.0 စနစ် ပါရှိပါတယ်။ charging အတွက် pogo pins နှစ်ခုပါရှိသလို ဖုန်းနဲ့ချိတ်ပြီး အဝေးထိန်းကင်မရာရိုက်ကူးတာ ၊ သီချင်းဖွင့်တာတွေ လုပ်ဆောင်နိုင်မှာပါ။ OnePlus ထုတ်ကုန်တွေ သုံးသူတွေအတွက် Zen Mode synchronization ချိန်ညှိမှုပါ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Photo: firstpost


OnePlus Band ရဲ့ ဘက်ထရီပါဝါမသိရပေမယ့် တစ်ခါအားသွင်းပြီးရင် နှစ်ပတ်အထိ အားခံမယ်လို့ ဆိုပါတယ်။ စမတ်ကျန်းမာရေးစောင့်ရှောက်မှုစနစ်အနေနဲ့ သွေးတွင်းအောက်ဆီဂျင်တိုင်းတာမှု SpO2 ပျော်ဝင်မှု ပမာဏကို အနီအောက်ရောင်ခြည် sensor ကနေ ခြေရာခံနိုင်သလို နှလုံးခုန်နှုန်းစောင့်ကြည့်စနစ်နဲ့ အိပ်စက်မှုခြေရာခံခြင်းတို့လည်း ထည့်သွင်းထားပါတယ်။ ကျန်းမာရေးအချက်အလက်တွေကိုတော့ Google Play Store ပေါ်မှာ ရှိတဲ့ OnePlus Health app ကနေ ခြေရာခံစောင့်ကြည့်နိုင်မှာပါ။ 

လောလောဆယ် အိန္ဒိယဈေးကွက်ထဲ ဖြန့်ချိသွားမှာ ဖြစ်ပြီး ကနဦးဖြန့်ချိတဲ့ဈေးအနေနဲ့ ၂၄၉၉ ရူပီးနဲ့ ဈေးချထားပါတယ်။ ပုံမှန်ဈေးကတော့ ၂၇၉၉ ရူပီး (မြန်မာငွေ ၅ သောင်းဝန်းကျင်) ခန့် ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က