Samsung ထုတ် ဈေးအသက်သာဆုံး 5G ဖုန်း Galaxy A32 5G ကို ဥရောပဈေးကွက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။
Galaxy A32 5G ဟာ waterdrop notch ပါ Infinity-V ဒီဇိုင်းသုံးထားပါတယ်။ သုံးထားတဲ့ panel ဟာ LCD panel အမျိုးအစားဖြစ်ပြီး 720p+ ရုပ်ထွက်နဲ့ လာပါတယ်။ notch ထဲမှာ 13MP selfie ကင်မရာ ပါရှိပါတယ်။ Screen size ၆.၅ လက်မရှိပြီး ရှေ့ခြမ်းကို အကြမ်းခံတဲ့ မှန်အုပ်ထားပါတယ်။ လူငယ်အကိုက် ပေါ့ပါးတဲ့ ဒီဇိုင်းမျိုး သုံးထားပြီး ကျောဘက်မှာလည်း လေးလုံးတွဲကင်မရာစနစ်နဲ့ လာပါတယ်။

Photo: propakistani
သုံးထားတဲ့ processor အမျိုးအစားကိုတော့ Samsung ဘက်က ထုတ်ဖော်ပြောကြားခြင်းမရှိဘဲ 2.0GH octa-core processor သုံးထားတယ်လို့ပဲ ဆိုပါတယ်။ RAM အနေနဲ့ 4GB/6GB/8GB ဆိုပြီး ထွက်ရှိထားပြီး 64GB နဲ့ 128GB storage နဲ့ microSD card slot တို့လည်း ထည့်သွင်းထားပါတယ်။ ဖုန်းလုံခြုံရေးအတွက် ဘေးဘောင်မှာ လက်ဗွေဖတ်စနစ်တစ်ခု ထည့်ထားပါတယ်။
Galaxy A32 5G ဟာ အကြီးစား 5000mAh ဘက်ထရီနဲ့ လာပြီး 15W charging support ပေးထားပါတယ်။ အားသွင်းတာကိုတော့ USB-C port ကနေ အားသွင်းရမှာပါ။ ကျောဘက်ကင်မရာဒီဇိုင်းမှာ ထူးခြားတာက Camera Bump အိမ်မထားတာပါပဲ။ ကင်မရာအနေနဲ့ 48MP main sensor ၊ 8MP ultrawide ကင်မရာ ၊ 2MP macro lens နဲ့ 5MP depth sensor ဆိုပြီး ကင်မရာလေးလုံးတွဲစနစ် သုံးထားတာ ဖြစ်ပါတယ်။
အရောင်အနေနဲ့ Awesome Black, Awesome White, Awesome Blue နဲ့ Awesome Violet လေးရောင် ထွက်ထားပါတယ်။ ဥရောပဈေးကွက်မှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ဝင်ရောက်မှာ ဖြစ်ပြီး ယူရို ၂၈၀ (မြန်မာငွေ ၄ သိန်းခွဲခန့်) ဈေးကနေ စတင်ရောင်းချသွားမှာပါ။ 128GB ဗားရှင်းအတွက် ယူရို ၂၀ စီ ပိုပေးရမှာ ဖြစ်ပါတယ်။