• Featured

    ခဲတံတစ်ချောင်းအရွယ်အစားရှိ S Pen Pro သစ် Samsung မိတ်ဆက်

နှစ်အကုန်ပိုင်းမှာ ထွက်လာဖို့ ရှိပါတယ်

ခန့်မှန်းထားတဲ့ သတင်းတွေအတိုင်း Galaxy S21 Ultra မှာ S Pen သုံးနိုင်လာပြီ ဖြစ်သလို ကုမ္ပဏီအနေနဲ့လည်း S Pen သစ် နှစ်မျိုးကို ကြေညာထားပါတယ်။

Galaxy S21 မိတ်ဆက်ပွဲမှာ S Pen Pro အပါအဝင် S Pen သစ် နှစ်မျိုးကိုပါ မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။ Galaxy S21 Ultra 5G မှာ Stylus နှစ်မျိုးစလုံးကို support ပေးထားတာ ဖြစ်လို့ Note စီးရီးမှာ သုံးနေတဲ့ S Pen တွေရော နှစ်ကုန်ပိုင်းလောက် ထွက်လာမယ့် S Pen Pro ပါ သုံးနိုင်မှာပါ။ S Pen Pro သစ်မှာ အရင်နှစ် Galaxy Note 20 Ultra မှာ သုံးခဲ့တဲ့ S Pen လိုမျိုး Bluetooth နဲ့ Air Gestures ပံ့ပိုးမှု ပါလာမှာ ဖြစ်ပါတယ်။ 

image

Photo: androidpolice


S Pen Pro ရဲ့ အရွယ်အစားနဲ့ ပတ်သက်လို့ တရားဝင် သတင်းအချက်အလက် မသိရသေးပေမယ့် အရွယ်အစားအနေနဲ့ Note စီးရီးတွေမှာ သုံးနေတဲ့ stylus ထက် အများကြီး ပိုကြီးမှာပါ။ Bluetooth နဲ့ Air Gestures support ပါတာကြောင့် Presentation လုပ်ရာမှာရော Media control လုပ်ရာမှာပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ S Pen Pro အကြောင်း အချက်အလက်သစ်တွေ မသိရသေးသလို ဈေးနှုန်းလည်း ထွက်မလာသေးပါဘူး။

နှစ်ကုန်ပိုင်းမှ ဈေးကွက်ဝင်ဖို့ ရှိပြီး Wired Charging လား Wireless charging လားဆိုတာလည်း မပြောနိုင်သေးပါဘူး။ ပုံမှန် S Pen ထက် အရွယ်အစားကြီးလာတာကြောင့် ပိုပြီး သက်တောင့်သက်သာ ဖြစ်လာဖို့ ရှိပါတယ်။ S Pen Pro ကို Galaxy S21 Ultra အပြင် OneUI 3.1 သွင်းထားတဲ့ Stylus ပါ Galaxy Note 10/20 series နဲ့ Galaxy Tab S6/S7 တို့မှာပါ သုံးနိုင်မှာ ဖြစ်ပါတယ်။ 

Photo: androidpolice

Galaxy S21 Ultra မှာ ပါတဲ့ S Pen ကို Notes series မှာလို slot ပေါက်နဲ့ ထည့်သွားမှာ မဟုတ်ဘဲ carrying case သီးသန့်ဝယ်ပြီး ဖုန်းနဲ့အတူ တစ်ပါတည်း သယ်သွားနိုင်မှာပါ။ Galaxy S21 Ultra အတွက် လက်ရှိထွက်ထားတဲ့ S Pen ဟာ ဘက်ထရီမပါတာကြောင့် Bluetooth လုပ်ဆောင်ချက် မရပါဘူး။ တစ်ခုရှိတာက Wacom နည်းပညာကြောင့် ဖုန်း display အနားကပ်ပြီး တချို့ shortcuts တွေကို Pen အပေါ်က ခလုတ်နှိပ်ရင် ဖုန်းက သိနိုင်မှာပါ။ 

Samsung ဟာ Wacom နည်းပညာစတိုင် stylus ရောင်းတဲ့ third-party ကုမ္ပဏီတွေက S Pen ကိုလည်း support ပေးထားပါတယ်။ လက်ရှိ S Pen ဟာ သူချည်းသက်သက် ဒေါ်လာ ၄၀ ကျသင့်ပြီး Case နဲ့ဆိုရင် ဒေါ်လာ ၇၀ ကျသင့်မယ်လို့ ဆိုပါတယ်။ လာမယ့် ၂၀၂၂ နဲ့ နောက်ပိုင်းထွက် Galaxy S series တွေမှာတော့ S Pen features ကို ထည့်သွင်းလာဖို့လည်း မျှော်လင့်ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က