• ပထမအသုတ် iQOO 7 ရောင်းချမှု ယွမ်သန်း ၂၀၀ ဖိုးရှိ

memory configuration နှစ်မျိုးနဲ့ ထွက်ထားတာပါ

ပြီးခဲ့တဲ့တစ်ပတ်ကပဲ မိတ်ဆက်ခဲ့တဲ့ iQOO 7 ကို စတင်ရောင်းချတဲ့ ပထမဆုံးနေ့မှာ ယွမ် သန်း ၂၀၀ ကျော် (ဒေါ်လာ ၃၀.၉ သန်းဖိုး) ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရောင်းချနိုင်ခဲ့တဲ့ အလုံးအရေအတွက်ကိုတော့ iQOO က ပြောကြားခြင်း မရှိပါဘူး။ iWOO 7 ဟာ Memory Configuration နှစ်မျိုးနဲ့ လာပါတယ်။ Base Model ဖြစ်တဲ့ RAM 8GB/128GB storage ဟာ ၃၇၉၈ ယွမ် (မြန်မာငွေ ၇ သိန်း ၈ သောင်းခန့်) နဲ့ 12GB/256GB storage ကို ၄၁၉၈ ယွမ် (မြန်မာငွေ ၈ သိန်း ၆ သောင်းကျော်) ဈေးနဲ့ ရောင်းချနေတာပါ။ တကယ်လို့ ပထမနေ့ ရောင်းချမှုမှာ လူအများစုသာ base Model ကို ဝယ်မယ်ဆိုရင် အနည်းဆုံး အလုံးရေ ၅ သောင်းကျော် ရောင်းချရဖို့ ရှိပါတယ်။

image



iQOO 7 ဟာ Snapdragon 888 SoC သုံး flagship ဖုန်းတစ်လုံးအနေနဲ့ ဈေးကွက်ထဲ ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ display နဲ့ charging ပိုင်းကလည်း ဆွဲဆောင်မှုအားကောင်းကောင်းနဲ့ ထွက်ရှိလာတာပါ။ ကာလာ ၃ မျိုးနဲ့ လာပြီး ကျောဘက် Panel ဒီဇိုင်းကလည်း သုံးမျိုးထွက်ထားတာ ဖြစ်ပါတယ်။ BMW ဗားရှင်းဆိုရင် အဖြူကိုမှ ထောင်လိုက် အနီအပြာ အနက် အစင်းကြောင်းတွေနဲ့ ထွက်လာပါတယ်။ အပြာနုကာလာ Panel ဟာ ဗြောင်အချောသားဖြစ်ပြီး အနက်မှာ Texture grip အစင်းမြှောင်းတွေနဲ့ တစ်မျိုးထုတ်ထားတာပါ။

မျက်နှာပြင် ၆.၆၂ လက်မ FullHD+ AMOLED display သုံးထားပြီး refresh rate ကိုလည်း flagship ဖုန်းတစ်လုံးနဲ့အညီ 120Hz support ပေးထားပါတယ်။ software update သစ်မှာ screen touch sampling rate ကို 1000Hz အထိ ပေးမယ်လို့ဆိုပါတယ်။ 4D vibration experience ကိုလည်း ပိုကောင်းအောင် အဆင့်မြှင့်တင်သွားမှာပါ။ Gaming အသားပေးဖုန်းစီးရီးအနေနဲ့ display နဲ့တင် ကျေနပ်အားရစရာပါ။

Gaming ပိုင်းအတွက် landscapte mode မှာ ဘယ်ညာ pressure sensitive စနစ် ၊ dual stereo စပီကာသစ်တွေနဲ့ performance turning စနစ်တို့လည်း ထည့်သွင်းထားပါတယ်။ တခြား highlight features တွေအနေနဲ့ OriginOS သစ် ၊ Snapdragon 888 SoC ၊ 48MP triple lens နဲ့ 120W charging ပါ 4000 mAh ဘက်ထရီတွေလည်း ပါရှိပါတယ်။ နိုင်ငံတကာ ဈေဂကွက်ထဲ ဝင်မယ့်ရက်တော့ ပြောကြားခြင်း မရှိသေးပါဘူး။ 

Share

Loading Next Article...
က္က