• ချစ်သူရဲ့ Birthday Surprise ကြောင့် ပျော်နေတဲ့ မင်းခန့်ဟိန်း

ပရိသတ်တွေကလည်း မွေးနေ့ အမှတ်တရလေးတွေ လုပ်ပေးထားတယ်လို့ သိရပါတယ်။

Project K အဖွဲ့ဝင် မင်းခန့်ဟိန်းကတော့ ဒီနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့လေးမှာ ပျော်ရွှင်စရာ အမှတ်တရလေးတွေ ရှိတဲ့အကြောင်းပြောလာခဲ့ပါတယ်။ 

image

ဇန်နဝါရီလ ၁၈ ရက်နေ့ကတော့ အဆိုတော် မင်းခန့်ဟိန်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ မွေးနေ့မှာ ဘာအစီအစဉ်မှမရှိလို့ အိမ်ထဲမှာ အနားယူနေတဲ့သူ့ကို ချစ်သူလေးက Birthday Surprise လာလုပ််လို့ ပျော်နေရတယ်လို့ သူက ဆိုပါတယ်။ 

" HBD to me မွေးနေ့ရှင်က အခန်းမှာဖြစ်သလိုနေနေတဲ့ချိန် BD cake နဲ့ surprise လာလုပ်ပေးတဲ့

ချစ်သူရေ ကျေးဇူးပါနော်။ မနေ့ထဲက Messenger ကနေရော Facebook မှာရော ဆုတောင်းမေတ္တာတွေ ပို့သပေးကြတဲ့ မိတ်ဆွေတွေ အစ်ကိုတွေ အစ်မတွေအယောက်ချင်းစီတိုင်းကို

စိတ်ထဲကနေ ကျေးဇူးတင်ပါတယ်ခင်ဗျ" ဆိုပြီးတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့တာပါ။ 

Photo: HSH

ဒါ့အပြင် မင်းခန့်ဟိန်းကို ချစ်ခင်ပေးကြတဲ့ ပရိသတ်တွေကလည်း မွေးနေ့ မတိုင်ခင်ကတည်းက မွေးနေ့ လက်ဆောင်လေးတွေနဲ့ အလှူအတန်းတွေ လုပ်ပေးထားကြတယ်လို့လည်း သူက ဆိုပါတယ်။ 

" မွေးနေ့ မတိုင်ခင်ကတည်းကနေ လက်ဆောင်ပို့ပေးကြတဲ့ Gum လေးတွေရယ်။ ကျွန်တော့်အတွက် အလှူလေးတွေ လုပ်ပေးနေတာကို မြင်ရတာတွေကြောင့် တကယ်ပဲ ပျော်ရွှင် ဝမ်းသာ ရပါတယ်။ Thanks you so much" ဆိုပြီးတော့လည်း ဆက်လက် ရေးသားထားပါသေးတယ်။ 

Photo: MeiMei Lay

မင်းခန့်ဟိန်းကိုတော့ Project K အဖွဲ့ဝင် တစ်ယောက်အနေနဲ့ ပရိသတ်တွေ သိရှိပြီးသားဖြစ်မှာပါ။ သူ့ကို ချစ်တဲ့ ပရိသတ်တွေကတော့ ချစ်စနိုးနဲ့ ပိစိ လို့ ခေါ်လေ့ရှိကြပါတယ်။ Project K အဖွဲ့မှာ ထက်ဘုန်းနိုင်၊ ဝီလျှံ၊ ဘုန်းနေမင်း၊ဘုန်းနေလင်း၊ ဟိန်းရာ၊ ရဲရင့်သော်နဲ့ မင်းခန့်ဟိန်းတို့ပါဝင်ပါတယ်။ ဒီဇင်ဘာလ (၁၀) ရက်နေ့တုန်းကလည်း မင်းခန့်ဟိန်းရဲ့ Single Song သီချင်းအဖြစ် “ ရာနှုန်းပြည့်” ဆိုတဲ့ သီချင်းလေး ထွက်ရှိထားတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က