• Featured

    မဟာဗန္ဓုလတံတားအဆင်း ယာဉ်ကိုးစီးဆင့်တိုက်မှုဖြစ်စဉ်မှာ တစ်ဦးသာ ဒဏ်ရာရရှိ

လက်ကွဲရှဒဏ်ရာသာရရှိခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ဇန်နဝါလ (၁၉)ရက်နေ့ မနက်ပိုင်းကဖြစ်ပွါးခဲ့တဲ့ ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလတံတားအဆင်းက ယာဉ်ကိုးစီးဆင့်တိုက်မှုဖြစ်စဉ်မှာ တစ်ဦးသာဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

image

photo-ရှင်သန်ရေးကူညီမှုအသင်း

အဆိုပါ ဒဏ်ရာရရှိတဲ့သူက လက်ပြတ်ရှဒဏ်ရာသာရရှိခဲ့တာဖြစ်ပြီး သွေးထွက်လွန်နေတာကြောင့်လက်ရှိမှာ ရန်ကုန်ဆေးရုံကြီးကိုပို့ဆောင်ကာဒဏ်ရာကိုဆေးကုသမှုတွေဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။ 

“ ယာဉ်ကအားလုံး ကိုးစီးဆင့်တိုက်တာပါ။ ဆင့်တိုက်တဲ့ကားတွေက (၂၂)ဘီးယာဉ်၊ ဆီဘောက်ဆာကား၊ ရေသန့်ကားနဲ့ Taxi ယာဉ်တွေပါတယ်။ ဖြစ်စဉ်ကကြီးပေမယ့် ဒဏ်ရာရတဲ့သူက တစ်ယောက်ပါပဲ။ လက်ပြတ်ရှဒဏ်ရာရတာ။နဲနဲတော့နက်တယ် သွေးထွက်များတယ်။ ဆေးရုံကိုပို့ပြီး ဒဏ်ရာကို ဆေးထည့်တာတွေ၊ချုပ်တာတွေလုပ်ပေးနေတယ်။ စိုးရိမ်ရတဲ့အနေအထားမဟုတ်ပါဘူး”လို့ ဖြစ်စဉ်အတွင်းသွားရောက်ကူညီခဲ့တဲ့ ရှင်သန်ရေးကူညီမှုအသင်းမှ အတွင်းရေးမှူး ဒေါ်မြဝင်းတင်က Duwun ကိုပြောပါတယ်။

photo-ရှင်သန်ရေးကူညီမှုအသင်း

ဒီကနေ့ မနက် (၁၀)နာရီခွဲ ဝန်းကျင်လောက်က ပုဇွန်တောင် Ocean ရှေ့က မဟာဗန္ဓုလတံတားအဆင်းမှာ ယာဉ်(၉)စီးဆင့်တိုက်မှုဖြစ်ပွါးခဲ့တာပါ။ ဖြစ်စဉ်အတွင်း ကြီးကြီးမားမားထိခိုက်ဒဏ်ရာရရှိခဲ့သူမရှိခဲ့ဘဲ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ယာဉ်မောင်းတွေကိုတော့ လက်ရှိ ယာဉ်မှုစစ်ရုံးမှာစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။

ယာဉ်မောင်းတွေကို စစ်ဆေးမှုတွေလုပ်ပြီးမှ ဖြစ်စဉ်နဲ့ပတ်သက်လို့ အမှုဖွင့်အရေးယူမှုတွေလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ယာဉ်မှုစစ်ရုံးကဆိုပါတယ်။ ထိခိုက်ဒဏ်ရာရရှိမှု ကြီးကြီးမားမားမရှိခဲ့ပေမယ့် ယာဉ်သုံးစီးကတော့ ဆိုးဆိုးရွားရွားပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က