• Featured

    မီးလောင်ပြင်ကို မီးငြှိမ်းသတ်ဖို့သွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ယာဉ်မတော်တဆဖြစ်ပြီး သေဆုံး

မင်္ဂလာဒုံမီးသတ်တပ်ဖွဲ့ကတပ်ကြပ်ကြီးတစ်ဦးသေဆုံးခဲ့တာပါ။

ဒီကနေ့ ဇန်နဝါရီလ (၁၈)ရက်နေ့ နေ့လယ်ပိုင်းက မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာဝင်းထဲက မြက်ခြောက်ပင်များ မီးလောင်မှုကို မီးငြှိမ်းသတ်ဖို့သွားတဲ့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ယာဉ်မတော်တဆမှုဖြစ်ပြီးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

သေဆုံးသွားတဲ့သူက အသက် (၃၈)နှစ်အရွယ်ဖြစ်ပြီး မင်္ဂလာဒုံမီးသတ်တပ်ဖွဲ့ကတပ်ကြပ်ကြီးတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ “ဟုတ်ပါတယ် ။ သူကဆိုင်ကယ်နဲ့ ...ဆိုင်ကယ်လဲပြီး တစ်ဖက်ကတွဲကားအောက်ထဲဝင်သွားတာ။ မီးငြှိမ်းသတ်ဖို့အသွားမှာဖြစ်သွားတာ။အခုနာရေးကိစ္စအတွက်လိုအပ်တာတွေပြင်ဆင်နေတယ်”လို့ ပုလဲမီးသတ်တပ်ဖွဲ့ တာဝန်ခံ ကိုထင်လင်းအောင် Duwunကိုပြောပါတယ်။

ဒီဖြစ်စဉ်က ဒီကနေ့ နေ့လယ် ၂နာရီလောက်ကဖြစ်ပွါးခဲ့တာဖြစ်ပြီး လက်ရှိမှာ သေဆုံးသူရဲ့ အလောင်းကိုတော့ မေဓာဝီဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ ဇေကမ္ဘာဝန်းအတွင်းမီးလောက်မှုကိုတော့ မီးသတ်ယာဉ် (၄)စီးနဲ့ မီးငြှိမ်းသတ်ခဲ့ပြီး နေ့လယ် (၃:၁၅)မိနစ်အချိန်မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က