Double Dating အဖွဲ့သားတွေက ယွန်းယွန်းကို Surprise လုပ်ခဲ့ကြတာပါ။

ယွန်းယွန်းကတော့ အသက်(၂၁) နှစ်ပြည့် မွေးနေ့လေးကို မထင်မှတ်ထားတဲ့ အရာလေးတွေနဲ့ အလှူအတန်းတွေ လုပ်ခွင့်ရခဲ့လို့ ပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။ 

သရုပ်ဆောင် ယွန်းယွန်းကတော့ ဒီနေ့ (ဇန်နဝါရီလ ၁၉ ရက်) မှာ အသက်(၂၁) နှစ်ပြည့်ပြီဖြစ်ပါတယ်။ ဒီနေ့မှာ ကျရောက်တဲ့ သူ့ရဲ့ မွေးနေ့ကိုတော့အလှူအတန်းတွေ လုပ်ရင်းဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့အလှူလေးတွေကို ကိုယ်တိုင်လုပ်ခွင့်ရတဲ့ ပီတိလေးတွေကို အခုလို ပြောပြလာပါတယ်။ 



“ ယွန်းရဲ့ မွေးနေ့တိုင်းကတော့ အလှူအတန်းတွေ လုပ်နေကြပါ။ ဒီနေ့ မွေးနေ့မှာတော့ ဗဟိုအမျိုးသမီး ဆေးရုံကြီးမှာ ကိုယ်ကြိုက်တဲ့ ဟင်းတွေကို ရွေးပြီး လှူထားတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ဝန်ဆောင်မိခင်တွေက ကျန်းမာရေးအခြေအနေကြောင့်မို့လို့ မွေးခါနီးမှာတောင် လူနာစောင့်တွေ အများကြီးနဲ့ နေလို့မရဘူး။ တစ်ယောက်တည်း နေရတဲ့ အချိန်တွေမှာ အင်အားရှိဖို့လိုတယ်လေ။ ကိုဗစ်ကာလမှာ ကလေးမွေးရတာကလည်း ဒုက္ခဖြစ်မှာလေ။ ဒါကြောင့် ခွန်အားပေးတဲ့အနေနဲ့ လှူဖြစ်သွားတာပါ” လို့ သူကဆိုပါတယ်။ 

ဒါ့အပြင် အောင်မင်းခန့်၊ စည်သူဝင်း၊ သိန်းလင်းစိုး နဲ့ သဇင်ထူးမြင့်တို့ (Double Dating) အဖွဲ့သားတွေကလည်း ယွန်းယွန်းကို Birthday Surprise လုပ်ခဲ့ကြတာတွေ့ရပါတယ်။ ဒီ Surprise လေးနဲ့ ပတ်သက်ပြီး ယွန်းယွန်းရဲ့ ပီတိလေးကိုလည်း အခုလို ပြောပြခဲ့ပါတယ်။ 

“ မခိုင်နှင်းဝေဆီမှာ သွားလှူမယ်ဆိုတာ တကယ်ကို မသိခဲ့ဘူး။ ဒီမနက်ကျတော့မှ သိရတော့ အရမ်းပျော်သွားတယ်။ ပြီးတော့ ကလေးလေးတွေက ချစ်ဖို့ကောင်းတယ် ၊ မခိုင်နှင်းဝေကလည်း တကယ်ကို မေတ္တာ စစ်စစ်နဲ့ အုပ်ချုပ်ထားတာဆိုတော့ ဂေဟာလေးက ပျော်ဖို့ကောင်းတယ်။ (၂၁) နှစ်ပြည့် မွေးနေ့ကိုတော့ ဘာမှ လုပ်စရာမရှိတော့ဘူးလို့ ထင်ထားတာ။ ကိုယ်ထင်ထားတာတွေနဲ့ တကယ် ဆန့်ကျင်ဘက်ပဲ။ အများကြီးလည်း ပျော်ရတယ်” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 


ယွန်းယွန်းဟာ ဗီဒီယိုဇာတ်ကားပေါင်း (၃၀၀) ကျော်နဲ့ ရုပ်ရှင်ဇာတ်ကား (၃၀)ကျော် ရိုက်ကူးခဲ့ရတဲ့ နာမည်ကြီး ကလေး သရုပ်ဆောင်တစ်ယောက် ဖြစ်ခဲ့ပါတယ်။ ငယ်စဉ်ကတည်းက ကျရာဇာတ်ရုပ်တွေကို ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ သူမဟာ ၂၀၁၂ခုနှစ်က “တိမ်မင်းသမီးရဲ့ ဒဏ္ဍရီ”ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး ကလေးသရုပ်ဆောင်ဆု(အထူးဆု) ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဆယ်ကျော်သက်အရွယ်ကို ရောက်လာတဲ့ အချိန်မှာတော့ ယွန်းယွန်းက “ရွှေမင်းသမီးနဲ့ လူလိမ်” ဇာတ်လမ်းတွဲမှာ အဓိကအမျိုးသမီးဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့ပြီး နောက်ထပ် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးဖို့ရှိသေးတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က