rank အစုံက ပါဝင်ခဲ့ပါတယ်

PUBG Mobile ဂိမ်းစည်းကမ်းဖောက်ပြီး စနစ်ထဲ Hack ခဲ့တဲ့ သန်းနဲ့ချီတဲ့ဟက်ကာတွေကို တစ်ပတ်အတွင်း ကစားခွင့်ရပ်ဆိုင်းလိုက်တယ်လို့ Tencent က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၈ ရက်ကနေ ၁၄ ရက်အတွင်း ထုတ်ပြန်တဲ့ Anti-Cheating ရီပို့အရ PUBG Mobile ကို Hacks တဲ့နည်းလမ်းနဲ့ တရားမဝင်လိမ်လည် cheats လုပ်ပြီး ကစားခဲ့တဲ့ အကောင့်ပေါင်း ၁၂၁၇၃၄၂ ခုကို အပြီးတိုင် ပိတ်ပင်လိုက်ကြောင်း ဖော်ပြခဲ့ပါတယ်။ ပိတ်လိုက်တဲ့ အကောင့်တွေထဲက ၄၈% ခန့်ကို သူတို့ရဲ့ ဇာတ်ကောင် model ပြောင်းတာကြောင့်နဲ့ ‌aimbot အလိုအလျောက် ပစ်မှတ်ထောက်လှမ်းတဲ့ levels ပြောင်းစေတဲ့ နည်းတွေ သုံးခဲ့တာကြောင့် ပိတ်လိုက်တာပါ။



Photo: Gizmochina

X-Ray vision စနစ် သုံးတာကြောင့် ဟက်ကာတွေရဲ့ ၂၂% ၊ မြန်နှုန်း Speed hack တာကြောင့် ၁၂% နဲ့ damage area ပြောင်းလို့ ၇% ကို ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။ အစီရင်ခံစာမှာ Ban ခံရစဉ်က ဟက်ကာတွေရဲ့ Ranks ပါ ပြထားပါတယ်။ Ranks အရ Bronze ၃၈% ၊ Silver ၁၁% ၊ Gold ၉% ၊ Platinum ၁၁% ၊Diamond ၁၂% ၊ Crown ၁၀% ၊ Ace ၆% နဲ့ Conqueror က ၃% စီ ရှိတယ်လို့ ဆိုပါတယ်။

PUBG Mobile ဟာ ကမ္ဘာပေါ်မှာ ကစားသူအများဆုံး Battle Royale ဂိမ်းတစ်ခု ဖြစ်ပြီး Fortnite Battle Royale ၊ NetEase ရဲ့ မိုဘိုင်းဂိမ်း Knives Out နဲ့ တခြားဂိမ်းတွေထက် ကစားသူများပါတယ်။ PUBG Mobile ကို ကမ္ဘာအရပ်ရပ်မှာ ကစားသူ သန်း ၆၀၀ ခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။လူကြိုက်များလှတဲ့ ဂိမ်းဖြစ်တဲ့အတိုင်း ဂိမ်းကို Hack ကစားတာ ၊ မသမာမှုတွေ Cheat လုပ်ကစားတာတွေကလည်း စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။

Photo: Gizmochina

ပြီးခဲ့တဲ့ တစ်ပတ်ထဲမှာ Tencent ဟာ PUBG Mobile အတွက် mode ၊ weapon နဲ့ တခြား features သစ်တွေ ပါတဲ့ patch 1.2 ဖြန့်ချိခဲ့ပါတယ်။ new Mode ကို Runic Power လို့ ခေါ်ပြီး ပလေယာတွေကို chicken dinner ရဖို့အတွက် သုံးနိုင်မယ့်စွမ်းရည်တချို့ ပေးထားပါတယ်။ PUBG Mobile ဟာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ အိန္ဒိယနိုင်ငံအတွင်း ပြန်ဝင်ရောက်လာခဲ့ပြီး ဒေါ်လာသန်း ၁၀၀ ပါ ရင်းနှီးမြှပ်နှံခဲ့ပါတယ်။ 

Share

Loading Next Article...
က္က