• တက္ကဆက်မှာ 3nm chip စက်ရုံဆောက်ဖို့ Samsung ဒေါ်လာ ၁၀ ဘီလျံ ရင်းနှီးမြှပ်နှံဖို့ရှိ

ဆုံးဖြတ်ချက် ကျမလားသေးပါဘူး

ထိပ်တန်း Semiconductor ထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Samsung ဟာ တက္ကဆက်ပြည်နယ်မှာ အဆင့်မြင့် 3nm chip တွေ ထုတ်လုပ်မယ့် စက်ရုံတစ်ခု ဆောက်လုပ်ဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

Bloomberg သတင်းအရ တက္ကဆက်ပြည်နယ် အော်စတင်မြို့မှာ ဆောက်လုပ်ဖို့ မျှော်မှန်းထားတဲ့ အဆင့်မြင့် chip ထုတ်ုလပ်မှု စက်ရုံအတွက် Samsung ဟာ ဒေါ်လာ ၁၀ ဘီလျံကျော် သုံးစွဲသွားဖို့လည်း ရှိတယ်လို့ ဆိုပါတယ်။ ဒီစက်ရုံကနေ 3nm လိုမျိုး အဆင့်မြင့် နည်းပညာသုံး processor တွေ ထုတ်လုပ်ဖို့လည်း ရှိပါတယ်။ တကယ်လို့ စီမံကိန်းသာ အထမြောက်ခဲ့မယ်ဆိုရင်တော့ စက်ရုံဆောက်လုပ်ရေးကို ဒီနှစ်ထဲမှာပဲ စတင်သွားဖို့ ရှိပါတယ်။

image

Photo: GSMArena

စက်ရုံလည်ပတ်မှုကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ အစောဆုံး လည်ပတ်နိုင်ဖို့လည်း ရှိပါတယ်။ အမေရိကန်အခြေစိုက် Samsung ရဲ့ ဒီအဆင့်မြင့် chip စက်ရုံဟာ တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးတင်းမာမှုများ ကြုံတွေ့နေရတဲ့ အမေရိကန်ဖောက်သည်တွေနဲ့ စာချုပ်သစ်တွေ ချုပ်ဆိုဖို့အတွက် အခွင့်အလမ်းတစ်ခုလည်း ဖြစ်လာနိုင်ပါတယ်။ Apple အတွက် chipset တွေ ထုတ်ပေးနေတဲ့ TSMC နဲ့လည်း Samsung ရဲ့ ပြိုင်ဆိုင်မှုဟာပိုပြီး ပြင်းထန်လာမှာပါ။

ထိုင်ဝမ်အခြေစိုက် TSMC ကုမ္ပဏီဟာ အမေရိကန်နိုင်ငံ အရီဇိုးနားအခြေစိုက် စက်ရုံမှာ ဒေါ်လာ ၁၂ ဘီလျံ ရင်းနှီးမြှပ်နှံထားပါတယ်။ လက်ရှိမှာလည်း Apple ရဲ့ နောက်ဆုံးပေါ် iPhones နဲ့ Macs ထုတ်ကုန်တွေအတွက် 5nm processor တွေကို ထုတ်လုပ်ပေးနေတာပါ။ အရီဇိုးနား chips စက်ရုံကနေ လာမယ့် ၂၀၂၄ ခုနှစ်မှာ chips တွေ စတင် ထုတ်လုပ်သွားမယ်လို့ ခန့်မှန်းထားပါတယ်။ 

Photo: phonearena


Samsung အနေနဲ့ အမေရိကန်မှာ စက်ရုံသစ် တည်ဆောက်မယ့် အစီအစဉ်ပေါ် အခုထိ ဆုံးဖြတ်ချက်မချရသေးဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ထွက်လာခဲ့တဲ့ Nikkei သတင်းတစ်ပုဒ်မှာတော့Samsung ဟာ ၉၀ ပြည့်လွန်နှစ်တွေကတည်းက ထုတ်လုပ်မှု လုပ်နေခဲ့တဲ့ အော်စတင်မှာ စတုရန်းမီတာ ၄ သိန်း ၄ သောင်းကျယ်တဲ့ မြေကွက်လပ်တစ်ခု ဝယ်ထားတယ်လို့ ဆိုပါတယ်။ 

Reuters ရဲ့ သတင်းဖော်ပြချက်အရ Samsung ဟာ လာမယ့် ဆယ်စုနှစ်တစ်ခုကျော်အတွင်း non-memory chip ကဏ္ဍမှာ ဒေါ်လာ ၁၁၆ ဘီလျံ ရင်းနှီးမြှပ်နှံဖို့ ပြင်ဆင်ထားတယ်လို့ ဆိုပါတယ်။ လက်ရှိ အော်စတင်မှာ ထုတ်လုပ်နေတဲ့ chips တွေဟာ နည်းပညာ သိပ်မမြင့်မားတဲ့ 14nm process nodes နဲ့ ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ လာမယ့် ၂၀၂၂ ခုနှစ်က စပြီး Samsung ဟာ 3nm processor node နည်းပညာ အခြေခံ chipset ‌တွေ စတင်ထုတ်လုပ်လာဖို့လည်း မျှော်မှန်းထားပါတယ်။ 

Share

Loading Next Article...
က္က