• Featured

    မြန်မာငွေ ၃၃ သိန်းကျော်တန် Sony 5G ဖုန်း ထွက်ရှိ

Xperia 1 II ထက် ဈေးနှစ်ဆပိုကြီး ပါတယ်

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက Xperia 1 II နဲ့ Xperia 10 II တို့နဲ့အတူ ကြေညာခဲ့တဲ့ Xperia Pro ကို အမေရိကန်ဈေးကွက်မှာ ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။

အမေရိကန်ဈေးကွက်ရောက် Sony ရဲ့ ပထမဆုံး 5G ဖုန်းလည်း ဖြစ်ပြီး ဈေးကလည်း ဒေါ်လာ ၂၅၀၀ နဲ့ တကယ့် Ultra-Premium ဈေးနဲ့ လာပါတယ်။ ထုတ်ထားတဲ့ ဖုန်းကလည်း စမတ်ဖုန်းပုံစံနဲ့ လာတဲ့ တကယ့် ပရော်ဖက်ရှင်နယ် ကင်မရာသမားတွေနဲ့ Videgraphers တွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတာလို့ ဆိုရမှာပါ။ ဖုန်း HDMI inputs ကို သုံးပြီး ကင်မရာသမားတွေအတွက် external monitor အနေနဲ့ပါ လုပ်ဆောင်နိုင်မယ့် ဖုန်းဖြစ်ပါတယ်။

image

Photo: gizchina

Micro HDMI ကြောင့် Sony Xperia Pro ကို 4K Monitor တစ်ခုလို သုံးနိုင်မှာပါ။ Sub-6GHz နဲ့ mmWAve 5G ကွန်ရက်နှစ်မျိုးစလုံး ချိတ်ဆက်မှု ပါဝင်တာကြောင့် Video နဲ့ Live footage တွေကို အမြန် Upload တင်နိုင်မှာလည်း ဖြစ်ပါတယ်။ HDMI input နဲ့ အမေရိကန်က 5G ကွန်ရက် ပံ့ပိုးမှုကလွဲရင် Xperia Pro ရဲ့ Hardware ဟာ Xperia 1 II နဲ့ သိပ်မကွာပါဘူး။ Xperia 1 II က အမေရိကန်မှာ 4G Only အနေနဲ့ပဲ ဝင်ပြီး ဥရောပမှာတော့ 5G support ဗားရှင်းနဲ့ လာပါတယ်။ 

မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ OLED display သုံးထားတဲ့ ဒီဖုန်းဟာ 4K resolution နဲ့ HDR support စနစ် ပါရှိပါတယ်။ 4K resolution ဆိုပေမယ့် တကယ်တမ်း ရုပ်ထွက်ကတော့ sub-4K ရုပ်ထွက်လို့ ဆိုရမယ့် 3840 x 1644p နဲ့ လာပါတယ်။ကိုယ်ထည်အချိုးက 21:9 ဖြစ်ပါတယ်။ processor ကိုလည်း Xperia 1 II လိုပဲ Snapdragon 865 processor သုံးထားပြီး ဘက်ထရီ ပါဝါ 4000 mAh ပါရှိပါတယ်။

ကျောဘက်မှာလည်း 12MP wide ၊ tele နဲ့ ultrawide ကင်မရာ သုံးလုံးကိုပဲ သုံးထားပါတယ်။ ဈေးကတော့ ဒေါ်လာ ၁၂၀၀ တန် Xperia 1 II ထက် နှစ်ဆကျော် ပိုများပါတယ်။ များရတဲ့ အကြောင်းအရင်းကလည်း ပြောခဲ့တဲ့အတိုင်း 5G support ပါခြင်းနဲ့ professional users တွေအတွက် အထူး အသုံးဝင်တဲ့ HDMI input ပါလာခြင်းပဲ ဖြစ်ပါတယ်။ Xperia 1 II ဖုန်းအောက်ခြေမှာ USB-C port တစ်ခုပဲ ပါရှိတာ ဖြစ်ပါတယ်။

Photo: Tech Advisor


Xperia Pro မှာ USB-C port နေရာမှာ HDMI input လာပြီး USB-C port ကို ဘယ်ဘက်ရွှေ့ထားတာ ဖြစ်ပါတယ်။ HDMI output ထွက်တဲ့ ဘယ်ကင်မရာနဲ့မဆို တွဲသုံးနိုင်ပြီး 4K 60fps HDR video stream ပြနိုင်မယ်လို့ ဆိုပါတယ်။ Xperia Pro ဟာ သူ့ရဲ့ HDMI Inpute ကနေ ဗွီဒီယို footage တွေကို YouTube ပေါ် တိုက်ရိုက် Stream တင်နိုင်မှာ ဖြစ်ပါတယ်။ Streaming အတွက် StreamLabs န့ StreamYard တို့ကနေ တခြားပလက်ဖောင်းတွေ ဖြစ်တဲ့ Twitch ၊ Facebook Live တို့လည်း support ပေးထားပါတယ်။

Sony Xperia Pro 5G ကို Verizon ကနေ ဒေါ်လာ ၂၅၀၀ (မြန်မာငွေ ၃၃ သိန်းကျော်) ဈေးနဲ့ ရောင်းချနေပြီ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က