• မောင်းသူမဲ့ကားအတွက် 5nm chip ထုတ်ဖို့ Samsung နဲ့ Tesla ပူးပေါင်း

TSMC ကို ကျော်နိုင်ဖို့ ရှိပါတယ်

Samsung ကုမ္ပဏီဟာ နာမည်ကျော် လျှပ်စစ်ကားကုမ္ပဏီ Tesla နဲ့ ပေါင်းပြီး မောင်းသူမဲ့ကားပိုင်းအတွက် chips ထုတ်လုပ်မှု လုပ်ဆောင်တော့မယ်လို့ ကိုရီးယားက လာတဲ့ သတင်းတစ်ပုဒ်က ဆိုပါတယ်။  


Asia-E ကိုရီးယားသတင်းအရ Tesla နဲ့ Samsung တို့ဟာ မောင်းသူမဲ့ကားအတွက် 5nm chips ထုတ်လုပ်ရေးမှာ ပူးပေါင်းလိုက်တယ်လို့ ဖော်ပြထားပါတယ်။ အစောပိုင်းက Tesla ဟာ ထိုင်ဝမ် Semiconductor ကုမ္ပဏီ TSMC နဲ့ ပူးပေါင်းပြီး မျိုးဆက်သစ်မောင်းသူမဲ့ chips တွေအတွက် TSMC ရဲ့ 7nm Chips နည်းပညာ သုံးမယ်လို့ သတင်းထွက်ခဲ့တာပါ။ လက်ရှိမှာ COVID-19 ကပ်ဘေးကြောင့် ဈေးကွက်အတွင်း chipset ပြတ်တောက်မှုတွေ ပိုဖြစ်လာတာကြောင့် Samsung ဟာ Automobile အတွက် semiconductor စီးပွားရေးလုပ်ငန်းကို တိုးချဲ့ဖို့လည်း ရှိပါတယ်။

image

Photo: tomsguide

5nm chip အတွက် လက်ရှိမှာ Samsung စက်ရုံအနေနဲ့ သုတေသနနဲ့ ဖွံ့ဖြိုးမှုအဆင့်မှာပဲ ရှိသေးပြီး ဒီ chips တွေကို Tesla မောင်းသူမဲ့ကားတွေမှာ တပ်ဆင်သွားမယ်လို့ ဆိုပါတယ်။ 5nm Extreme Ultraviolet (EUV) process သုံးပြီး chip ထုတ်လုပ်မှုကို လက်ရှိမှာ Samsung နဲ့ TSMC လို ကုမ္ပဏီတချို့လောက်ပဲ ထုတ်လုပ်နိုင်တာ ဖြစ်ပါတယ်။ Samsung ဟာ hardware 3.0 ကွန်ပျူတာအတွက် Tesla ရဲ့ လက်ရှိ မောင်းသူမဲ့ချပ်စ်ထုတ်လုပ်ရေးမှာပါ မိတ်ဖက်ကုမ္ပဏီအဖြစ် ပါဝင်နေပါတယ်။ ဒီ chips ကတော့ 14nm နည်းပညာဟောင်းကို သုံးပြီး ထုတ်လုပ်ထားတာပါ။

Samsung ဟာ မောင်းသူမဲ့ကားနည်းပညာပိုင်းကို ဦးတည်ထားတဲ့ အဆင့်မြင့် မောင်းနှင်မှုအကူစနစ် ADAS အတွက်လည်း အဖွဲ့အစည်းတည်ဆောက်မှုအသစ် ပြန်ဖွဲ့ထားသလို အင်အားလည်း တိုးချဲ့ထားပါတယ်။ ADAS နည်းပညာစနစ်ဟာ မောင်းသူမဲ့ ကားအချင်းချင်း လုံခြုံစွာ ဆက်သွယ်ရေးနိုင်စေမှာ ဖြစ်သလို အာရုံခံ Sensor အချက်အလက်တွေ ထိန်းချုပ်မှုမှာပါ ပိုပြီး အထောက်အကူဖြစ်လာမှာပါ။ 

တကယ်လို့ Tesla နဲ့ မျိုးဆက်သစ် မောင်းသူမဲ့ကားချပ်စ် ထုတ်လုပ်ရေးမှာ ပူးပေါင်းသွားမယ်ဆိုရင် Samsung ဟာ TSMC ကို ခြိမ်းခြောက်နိုင်မှာ ဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က