• Telenor Myanmar လုပ်ငန်းများ M1 Group ထံ ရောင်းချ

ပြီးခဲ့တဲ့မေလထဲမှာ နော်ဝေးခရောင်း ၆.၅ ဘီလျံ (ကန်ဒေါ်လာ ၇၅၂ သန်း) အရှုံးပေါ်ခဲ့ပါတယ်

Telenor Group ဟာ မြန်မာနိုင်ငံအတွင်း လည်ပတ်နေတဲ့ Mobile Operations အားလုံးကို M1 Group ဆီ ဒေါ်လာ ၁၀၅ သန်းနဲ့ ရောင်းဖို့ သဘောတူညီချက်ရပြီလို့ ကြေညာထားပါတယ်။

ပြည်တွင်းက Telenor လုပ်ငန်းတွေ ရောင်းမယ်လို့ သတင်းထွက်ပြီး တစ်ပတ်ခန့်အကြာမှာ ကုမ္ပဏီက တရားဝင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ နော်ဝေးတယ်လီကွန်းအော်ပရေတာ Telenor Group ဟာ Telenor Myanmar လုပ်ငန်းကို လက်ဘနွန်ရင်းနှီးမြှပ်နှံရေးလုပ်ငန်း M1 Group ကို ရောင်းခဲ့တာ ဖြစ်ပါတယ်။ 

"မြန်မာနိုင်ငံအတွင်းက လက်ရှိဖြစ်ပေါ်မှုတွေနဲ့ အခြေအနေအရပ်ရပ် ယိုယွင်းလာမှုတွေက အခုလို ကုမ္ပဏီကို လွှဲပြောင်းရောင်းချဖို့ ဆုံးဖြတ်ချက်ကို ဖြစ်လာခဲ့တာပါ။" လို့ Telenor က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ Telenor အမှုဆောင်အရာရှိချုပ် Sigve Brekke ရဲ့ အဆိုအရ လုပ်ငန်းဆက်လက် လည်ပတ်နေဦးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ 

Telenor ဟာ ပြီးခဲ့တဲ့မေလထဲမှာ နော်ဝေးခရောင်း ၆.၅ ဘီလျံ (ကန်ဒေါ်လာ ၇၅၂ သန်း) အရှုံးပေါ်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က