• Huawei နဲ့ Verizon တို့အကြား တစ်နှစ်ကျော်ကြာခဲ့တဲ့ နည်းပညာမူပိုင်ခွင့်အငြင်းအခုံ ပြေလည်မှုရ

အခုတော့ Verizon ဘက်က လေသံပြောင်းခဲ့ပြီ ဖြစ်ပါတယ်။

၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ Verizon ရဲ့ Huawei နည်းပညာလိုင်စင်သုံးစွဲမှုအပေါ် နှစ်ဘက်သဘောထားကွဲလွဲမှုဟာ ပြန်ပြီး ပြေလည်မှုရသွားပြီလို့ ဆိုပါတယ်။ 

Huawei နဲ့ Verizon တို့အကြား ကာလရှည် ရင်ဆိုင်ခဲ့ရတဲ့ မူပိုင်ခွင့်နည်းပညာနဲ့ ပတ်သက်တဲ့ အငြင်းအခုံကိစ္စဟာ ၂၀၁၉ ခုနှစ်က စတင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအချိန်က Huawei ဟာ Verizon ကို ချဉ်းကပ်ပြီး ကုမ္ပဏီပိုင်နည်းပညာတချို့ သုံးထားတဲ့အပေါ် လိုင်စင်ဆောင်ဖို့ ပြောခဲ့တယ်လို့ Engadget သတင်းမှာ ဖော်ပြထားပါတယ်။ တစ်နှစ်နီးပါးကြာ ညှိနှိုင်းမှုတွေ လုပ်ပေမယ့် ၂၀၂၀ ဇန်နဝါရီ ၂၁ ရက်နေ့မှာ ဆွေးနွေးမှု ပျက်ခဲ့ရာကနေ တရားစွဲဖို့ဖြစ်လာတာပါ။

image

Photo: Verizon

Huawei ဟာ အမေရိကန်နိုင်ငံ တက္ကဆက် တရားရုံးတွေမှာ Verizon တယ်လီကွန်းမှာ တရားစွဲဆိုမှုအမြောက်အများလုပ်ခဲ့ပါတယ်။ စွဲချက်ထဲမှာ Verizon ရဲ့ အခြေခံအဆောက်အဦတွေမှာ Huawei မူပိုင်ခွင့်တင်ထားတဲ့ နည်းပညာ Patent ၁၂ ခု သုံးထားတယ်လို့ ဆိုပါတယ်။ ထိုအချိန်က Huawei ရဲ့ တရားစွဲချက်တွေဟာ PR Stunt (လူတွေ အာရုံစိုက်အောင် တမင်ထွင်ထားတာ) လို့ ပြောခဲ့ပါတယ်။

အခုတော့ Verizon ဘက်က လေသံပြောင်းခဲ့ပြီ ဖြစ်ပါတယ်။ "Huawei ပါဝင်တဲ့ နည်းပညာမူပိုင်ခွင့် တရားစွဲဆိုမှုတွေ ကျေအေးသွားတဲ့အပေါ် Verizon အနေနဲ့ ဝမ်းသာပျော်ရွှင်ပါတယ်။ ဘယ်လိုကျေအေးသွားတယ်ဆိုတာတွေကို ရှင်းလင်းတင်ပြသွားမှာ မဟုတ်ပေမယ့် ကျွန်တော်တို့အဖွဲ့ဟာ အမူရုပ်သိမ်းအောင်အကြာကြီး အားစိုက်ခဲ့ရပါတယ်" လို့ Verizon ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရစ်ချ်ယန်းက ဆိုပါတယ်။


Photo: Reuters

Huawei ဟာ မူပိုင်ခွင့်နည်းပညာတွေကနေ ငွေရှာဖို့ စီစဉ်ထားကြောင်း ၂၀၂၁ အစမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကုမ္ပဏီထုတ် 5G ကွန်ရက်ပစ္စည်းတွေအပေါ် အမေရိကန် နဲ့ တခြားနိုင်ငံတချို့က ပိတ်ပင်ထားပေမယ့် Huawei အနေနဲ့ နည်းပညာလိုင်စင်ကြေးကနေ ငွေရှာဖို့ လုပ်နေတာ ဖြစ်ပါတယ်။ Huawei ဟာ ကမ္ဘာပေါ်မှာ 5G နဲ့ ဆိုင်တဲ့ စံနည်းပညာမူပိုင်ခွင့်တွေ အများဆုံး ပိုင်ဆိုင်တဲ့ ကုမ္ပဏီလည်း ဖြစ်ပါတယ်။

Huawei ရဲ့ နည်းပညာလိုင်စင်ကနေ ငွေရှာမှုဟာ ၂၀၁၉ နဲ့ ၂၀၂၁ အကုန်အတွင်း အပိုဝင်ငွေ ဒေါ်လာ ၁.၃ ဘီလျံအထိ ရရှိနိုင်ဖို့လည်း ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က