Xiaomi ကတော့ Slider နဲ့ Rollable နှစ်မျိုးစပ် Full Screen ဒီဇိုင်း ဖုန်းနည်းပညာသစ်ကို မူပိုင်ခွင့်တင်ထားပြီ ဖြစ်ပါတယ်။
Xiaomi Mi Mix series ဟာ Bezel-less ဒီဇိုင်းဖုန်းတွေကို နာမည်ကြီးပါတယ်။ အခုတော့ Mi Mix ဖုန်းသစ်တွေ မမြင်ရတာလည်း အတော်ကြာပြီ ဖြစ်ပါတယ်။ Mi Mix တွေ အသစ် ထွက်မလာပေမယ့် Concept ဖုန်းဖြစ်တဲ့ Mi Mix Alpha လို ပတ်ပတ်လည် Screen ပြည့်ပါတဲ့ ဖုန်းမျိုးကို Xiaomi က မိတ်ဆက်ပြသခဲ့ပါတယ်။ အခုလည်း ကုမ္ပဏီဟာ Full Screen မှန်ပြင်ပြည့်ဒီဇိုင်းကိုမှ Slider ဖုန်းလိုလည်း သုံးနိုင်ပြီး Rollable လည်း လုပ်နိုင်မယ့် Patent သစ်တစ်ခု နိုင်ငံတကာမူပိုင်ခွင့်ရုံးတွေမှာ တင်ထားပါတယ်။

Photo: droid
Xiaomi မူပိုင်ခွင့်သစ်ကို နာမည်ကြီး မူပိုင်ခွင့်သတင်းဖော်ပြသူ LetsGoDigital က ပြန်ပြီး ဖောက်သည်ချထားပါတယ်။ LetsGoDigital က ရရှိတဲ့ မူပိုင်ခွင့်တင်မှုအရ Beijing Xiaomi Mobile Software ဟာ ကမ္ဘာ့ဉာဏမူပိုင်ခွင့်ရုံး WIPO နဲ့ အမေရိကန် မူပိုင်ခွင့်နဲ့ ကုန်ပစ္စည်း အမှတ်တံဆိပ်ရုံး USPTO တို့မှာ ဒီမူပိုင်ခွင့်ကို တင်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ မူပိုင်ခွင့်ကျလာကြောင်း ထွက်ရှိတာက ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၉ ရက်နေ့ ဖြစ်ပါတယ်။
မူပိုင်ခွင့် အထောက်အထားတွေအရဆိုရင် Xiaomi ဒီဇိုင်းသစ်မှာ Mi Mix 3 5G လိုမျိုး Selfie ကင်မရာအိမ်ဝှက်ထားတဲ့ Slider display ပါရှိမှာပါ။ ထူးခြားတာက display ဟာ ရှေ့ခြမ်းတင် ရှိတာမျိုးမဟုတ်ဘဲ ဖုန်းအောက်ဘက်ကနေ အနော် Panel တစ်ဝက်အထိ ရောက်သွားမှာ ဖြစ်ပါတယ်။ ဒီတော့ Screen မရှိတဲ့ နေရာဟာ ဖုန်းအနောက် Rear Panel ရဲ့ အပေါ်ဘက်နဲ့ ဘေးဘောင်နှစ်ခုပဲ ရှိမှာ ဖြစ်ပါတယ်။
ကျောဘက် ဒီဇိုင်းဟာ ပြီးခဲ့တဲ့နှစ်က မူပိုင်ခွင့်တင်ခဲ့တဲ့ Xiaomi AI Super Camera စမတ်ဖုန်း မူပိုင်ခွင့်နဲ့ ဆင်ပါတယ်။ အဲ့ဒီမူပိုင်ခွင့်မှာတော့ ကျောဘက် display လွတ်နေတဲ့ Panel ဟာ Zoom lens တစ်ခုပါ 108MP အကြီးစားကင်မရာကြီးတစ်လုံး သုံးထားခဲ့တာ ဖြစ်ပါတယ်။ အခု Rollable ဒီဇိုင်းမှာတော့ အထဲမှာ Roller ယန္တရားတစ်မျိုး သုံးပြီး ဆယ်လ်ဖီဆွဲချိန်မှာအထဲက Slider ကို ဆွဲထုတ်ပေးနိုင်ဖို့ ရှိပါတယ်။
Photo: droid
ဒီ Slider ကို Voice Command သုံးပြီးလည်း ရွှေ့နိုင်မယ်လို့ ဆိုပါတယ်။ Xiaomi အနေနဲ့ ဒီဖုန်းကိုလည်း Mi Mix Alpha လိုမျိုး Concept ဖုန်းအနေနဲ့ပဲ မိတ်ဆက်လာဖို့ ရှိပြီး ဈေးကွက်ဝင် ထုတ်ကုန်အဖြစ် ဖြန့်ချိသွားဖို့ အလားအလာနည်းပါတယ်။ အခု မူပိုင်ခွင့်ဒီဇိုင်းပုံကို LetsGoDigital နဲ့ပူးပေါင်းပြီး စက်မှုဒီဇိုင်းပညာရှင်တစ်ဦးဖြစ်တဲ့ Sarang Sheth ဆိုသူက ဖန်တီးထားတာ ဖြစ်ပါတယ်။