• Featured

    စမတ်ဖုန်းလောကထဲက ထွက်သွားဖို့ စဉ်းစားနေတဲ့ LG

ဖုန်းဈေးကွက်ထဲက ထွက်တော့မလား

ပြိုင်ဘက်စမတ်ဖုန်းကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ဖို့ ရုန်းကန်နေရတဲ့ LG ဟာ ဒီနှစ်ထဲမှာ စမတ်ဖုန်းဈေးကွက်ကနေ ထွက်ခွာဖို့ စဉ်းစားနေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်ကျော်အတွင်း ဒေါ်လာ ၄.၅ ဘီလျံခန့် ဆုံးရှုံးခဲ့ပြီးနောက် LG စမတ်ဖုန်းစီးပွားရေးဟာ ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ဖို့ ရုန်းကန်နေခဲ့ရတာ ဖြစ်ပါတယ်။ အခုချိန်မှာ LG အနေနဲ့ စမတ်ဖုန်းစီးပွားရေးမှာ ကြီးမားတဲ့ အပြောင်းအလဲတွေ လုပ်ဖို့ စဉ်းစားနေတယ်လို့ ဝန်ထမ်းတွေကို ကုမ္ပဏီရဲ့ CEO ကွမ်ဘောင်ဆွတ်က အသိပေးထားကြောင်း The Verge သတင်းက ဆိုပါတယ်။

image

Photo: hindustantimes

ဗုဒ္ဓဟူးနေ့က ကုမ္ပဏီအတွင်း ပေးပို့တဲ့ ရုံးတွင်းအသိပေးစာမှာ LG ဖုန်းစီးပွားရေးအတွက် ဦးတည်ချက်ပြောင်းဖို့ ရှိကြောင်းကို ကွမ်ဘောင်ဆွတ်က သတိပေးထားပါတယ်။ "မိုဘိုင်းထုတ်ကုန်အတွက် ကမ္ဘာ့ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုဟာ ပိုပြီး ပြင်းထန်လာနေတာကြောင့် LG အနေနဲ့ အကောင်းဆုံး ရွေးချယ်မှုနဲ့ မဆုံးဖြတ်ချင်တာတွေ ဆုံးဖြတ်ဖို့ ရှိပါတယ်။" လို့ တရားဝင်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်မှာပဲ ကုမ္ပဏီဟာ စမတ်ဖုန်းစီးပွားရေးလုပ်ငန်း အရွယ်အစား လျှော့ချတာ ၊ ဈေးကွက်က ထွက်တာနဲ့ အရောင်းကိစ္စတွေအပါအဝင် လုပ်နိုင်တဲ့လုပ်ထုံးတွေအားလုံး လုပ်ဆောင်သွားဖို့ စဉ်းစားနေတယ်လို့ ပါရှိပါတယ်။ LG Electronics စီမံခန့်ခွဲရေးပိုင်းအနေနဲ့ ၂၀၂၁ ခုနှစ်မှာ မိုဘိုင်းလ်စီးပွားရေး စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့လိုအပ်တဲ့ ဘယ်လို ဆုံးဖြတ်ချက်မျိုးမဆို ချမှတ်ဖို့ ကတိကဝတ်ပြုထားပေမယ့် အခုထိတော့ ဘာကိုမှ အတည်ပြုဆုံးဖြတ်ချက်ထုတ်တာမျိုး မလုပ်ရသေးဘူးလို့ LG ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Photo: notebookcheck

LG ဟာ G7 ၊ V40 ၊ G8 နဲ့ V50 စတဲ့ ထုတ်ကုန်တွေနဲ့ Samsung ၊ Huawei တို့ကို ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပေမယ့် ဈေးကွက်ဝေစုအနေနဲ့ အားမကောင်းခဲ့ပါဘူး။ အခုနောက်ပိုင်းမှာ ဆန်းသစ်ပြီးဆွဲဆောင်မှုရှိတဲ့ LG Velvet နဲ့ Wing စမတ်ဖုန်းသစ်တွေ ထုတ်ဖို့ ကြိုးစားပေမယ့် ထင်သလောက် မပေါက်ခဲ့ပါဘူး။ IDC ရဲ့ အစီရင်ခံစာအရ ကမ္ဘာ့စမတ်ဖုန်းဈေးကွက်မှာ Samsung ၊ Huawei ၊ Xiaomi ၊ Vivo နဲ့ Apple တို့က ကြီးစိုးနေတယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့တစ်ပတ် Consumer Electronics Show မှာ LG စမတ်ဖုန်းစီးပွားရေးလုပ်ငန်းကနေ ပြိုင်ဘက်တွေနဲ့ ခွဲထွက်တဲ့ Rollable ထုတ်ကုန်သစ်ကို မိတ်ဆက်ပြသခဲ့ပါတယ်။ ပုံမှန်ဖုန်းတစ်လုံး အရွယ်အစားကနေ တက်ဘလက်အငယ်စားတစ်ခုလို ဖြစ်အောင် ဘေးဘောင်ကို ဆွဲဆန့်နိုင်မယ့် Resizable Screen သုံး LG Rollable ဖုန်းကို ဒီနှစ်ထဲ ဈေးကွက်မှာ ဖြန့်ချိသွားဖို့လည်း ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က