• Featured

    CES ပွဲမှာ ပြခဲ့တဲ့ Rollable ဖုန်း ဒီနှစ်ထဲ ဈေးကွက်တင်သွားဖို့ရှိနေ

မြန်ာမာငွေ ၃၄ သိန်းကျော် ဈေးအထိ ပေါက်ဖို့ ရှိပါတယ်

အွန်လိုင်းပွဲအနေနဲ့ ကျင်းပနေတဲ့ CES 2021 ပွဲမှာ LG ကနေ LG Rollable နာမည်နဲ့ Screen ဆွဲထုတ်နိုင်မယ့် ဖုန်းတစ်လုံးကို နမူနာမိတ်ဆက်ခဲ့ပါတယ်။

LG Rollable ဟာ အရင်ကလည်း Slide-Out Display သုံး မျိုးဆက်သစ်ဖုန်းနမူနာတွေကို အမြည်းမိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီ တစ်ခု ဖြစ်ပါတယ်။ LG ရဲ့ Explorer Project ရဲ့ စမ်းသပ်ထုတ်ကုန်တစ်ခုဖြစ်ပြီး အနာဂါတ်မှာ LG ဟာ display ဆိုဒ် ဆွဲထုတ်နိုင်မယ့်နည်းပညာကို ကုမ္ပဏီရဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုသွားမှာပါ။ သတင်းတွေအရ ဒီနှစ် စက်တင်ဘာအကုန်မှာ LG Rollable ဖုန်းကို ဈေးကွက်မှာ ဖြန့်ချိဖို့ ရှိတယ်လို့ ဆိုပါတယ်။

image

Photo: reportdoor


"အခု CES 2021 မှာ ထုတ်ပြသွားပြီ ဖြစ်လို့ ဒီနှစ်ထဲမှာ ဖြန့်ချိဖြစ်ဖို့ ရှိတယ်လို့တော့ ပြောနိုင်ပါတယ်" လို့ LG ရဲ့ ပြောရေးဆိုခွင့်ရှိသူက Nikkei ကို ပြောပါတယ်။ 

LG Rollable ဟာ တရုတ် display နည်းပညာကုမ္ပဏီ BOE ထုတ် flexible OLED display ကို သုံးသွားဖို့ ရှိပါတယ်။ ဒီ OLED display စနစ်ဟာ ဖုန်းကိုယ်ထည်ကနေ Screen ကို ဘေးဘက် ဆွဲဆန့်ထုတ်နိုင်စေမှာပါ။ LG ကတော့ ဒီထုတ်ကုန်မှာ သုံးတဲ့ display နည်းပညာနဲ့ screen size အပါအဝင် တခြားအချက်အလက်အသေးစိတ်တွေ အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။


Screen ဟာ ပုံမှန် ဖုန်းတစ်လုံးဆိုဒ်ကနေ တက်ဘလက်တစ်လုံးလို အပြန်အလှန် ပြောင်းလဲနိုင်မှာ ဖြစ်ပြီး LG ကတော့ ဒီနည်းပညာကို Resizable Screen လို့ နာမည်ပေးထားပါတယ်။ LG Rollable ဖုန်း အပေါ်နဲ့ အောက်ဘောင်တွေမှာ ပုံမှန် ဖုန်းတစ်လုံးအရွယ်အစားကနေ တက်ဘလက်ဆိုဒ်ပြောင်းဖို့ Roller Motor Mechanism သုံးထားဖို့ ရှိပါတယ်။ ဒီနည်းပညာဟာ တလောက မြင်တွေ့ခဲ့ရတဲ့ OPPO X 2021 Concept ဖုန်းနဲ့ ဆင်ပါတယ်။


ဖုန်းနှစ်မျိုးစလုံးဟာ ညာဘက်အခြမ်းကနေ Screen ကို ဆွဲထုတ်တာ ဖြစ်ပါတယ်။ လောလောဆယ် Tip ပေးထားတဲ့ ဈေးနှုန်းအရ LG Rollable ဟာ အမေရိကန်ဈေးကွက်ထဲ ဒေါ်လာ ၂၅၆၀ (မြန်မာငွေ ၃၄ သိန်းခန့်) ဈေးနဲ့ ရောင်းချသွားမယ်လို့ သတင်းတွေ ပြေးနေပါတယ်။ ဒီအကြောင်းကို ၂၀၂၁ နှစ်မကုန်ခင် တရားဝင် ကြားသိရဖို့ ရှိပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က