Facebook နဲ့ Instagram အတွက် content ဖန်တီးတဲ့သူတွေကို ချီးမြှင့်ဖို့အတွက် ဒေါ်လာ ၁ ဘီလျံကျော် ရင်းနှီးမြှပ်နှံမယ့် ပရိုဂရမ်သစ်တွေ လုပ်ဆောင်သွားမယ်လို့ Facebook CEO မတ်ခ်ဇူကာဘတ်ခ်က ဆိုပါတယ်။
Facebook ပိုင် ပလက်ဖောင်းတွေပေါ်က creators တွေအတွက် ဒေါ်လာ ၁ ဘီလျံကျော် ရင်းနှီးမြှပ်နှံမယ့်အစီအစဉ်ကို ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကနေ စတင်သွားဖို့ ရှိတယ်လို့ Engadget သတင်းက ဖော်ပြထားပါတယ်။
"သန်းနဲ့ချီရှိနေတဲ့ creators တွေအတွက် ပိုက်ဆံရှာဖို့ အကောင်းဆုံး ပလက်ဖောင်းတွေ ဖြစ်အောင် တည်ဆောက်ချင်ပါတယ်။"လို့ Facebook ပို့စ်တစ်ခုမှာ မတ်ခ်ဇူကာဘတ်ခ်က ရေးထားပါတယ်။ "creators တွေပေါ် ရင်းနှီးမြှပ်နှံတာက ကျွန်တော်တို့အတွက် အဆန်းတော့မဟုတ်ပေမယ့် ကာလအလျောက် ဒီအပိုင်းကို ပိုတိုးချဲ့ရမယ့်အပေါ် စိတ်လှုပ်ရှားမိပါတယ်"

Photo: technohoop
Facebook အနေနဲ့ Facebook နဲ့ Instagram ပလက်ဖောင်းတွေပေါ်မှာ အမိုက်စား content ဖန်တီးတဲ့ creators တွေအတွက် ဆုချီးမြှင့်ပေးသွားမှာ ဖြစ်ပြီး creators တိုင်းအတွက် ငွေပေးသွားမယ်လို့လည်း သိရပါတယ်။ Facebook ရဲ့ ရည်ရွယ်ချက်ကတော့ Creators တွေကို ကုမ္ပဏီရဲ့ Apps တွေပေါ်မှာ ရေရှည်ရပ်တည်နိုင်တဲ့ အောင်မြင်မှု ရှာဖွေနိုင်အောင် ဖန်တီးပေးဖို့ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို မကြာခင်မှာ ကုမ္ပဏီဘက်က ဆက်ပြီး ထုတ်ပြန်သွားမယ်လို့လည်း ဆိုပါတယ်။
Facebook ဟာ မကြာခင်မှာ Instagram နဲ့ Facebook app ထဲမှာ Bonus ဆိုတဲ့ ကဏ္ဍတစ်ရပ် ထည့်သွင်းသွားဖို့ ပြင်နေပါတယ်။ ဒီ section ကနေ Creators တွေဟာ Facebook ပိုင် လူမှုကွန်ရက်တွေကနေ ပိုက်ဆံဘယ်လိုရှာနိုင်မလဲဆိုတာ ကြည့်နိုင်မှာပါ။ လောလောဆယ်မှာ Instagram Livestream မှာ ကြော်ငြာထိုးဖို့အတွက် IGTV ads တွေ sign up လုပ်ထားတဲ့ creators တွေလည်း bonus တွေ ရနေပါတယ်။ သီးသန့် Gamers တချို့အတွက်လည်း Stars bonus တွေ ပေးထားပါတယ်။
Photo: engadget
Facebook နဲ့ ပြိုင်ဘက် လူမှုကွန်ရက်ကုမ္ပဏီတွေ ဖြစ်တဲ့ YouTube ၊ Substack ၊ Twitch နဲ့ TikTok တို့ကလည်း content creators တွေကို ငွေပေးပြီး ဆွဲဆောင်နေပါတယ်။ နာမည်ကျော် video-sharing app တစ်ခု ဖြစ်တဲ့ TikTok ကတော့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လကုန်ပိုင်းမှာ ဗွီဒီယို Content ဖန်တီးသူတွေအတွက် ဒေါ်လာသန်း ၂၀၀ တန် ရံပုံငွေအစီအစဉ်တစ်ရပ် ကြေညာခဲ့ပါတယ်။ TikTok Creators Funds အစီအစည်မှာ ပထမအသုတ်အနေနဲ့ နာမည်ကြီး Video Creator ၁၉ ဦးကို ရွေးချယ်ထားတယ်လို့လည်း The Verge သတင်းက ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇွန်လထဲမှာတော့ Facebook အနေနဲ့ ၂၀၂၂ ခုနှစ်အထိ creators တွေရဲ့ ဝင်ငွေထဲကနေ ကောက်ခံဖြတ်တောက်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။ Facebook ဟာ ပြီးခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး နာမည်ကြီး Gaming creators တွေနဲ့လည်း စာချုပ်တွေ ချုပ်ဆိုထားပါတယ်။