ပြည်တွင်းမှာ Trend ဖြစ်လာမယ့် နည်းပညာအခြေပြု Startups လုပ်ငန်းတွေ

နည်းပညာအမြင်အားကောင်းပြီး Technical Skill မြင့်မားတဲ့ မျိုးဆက်သစ်လူငယ်တွေဟာ တီထွင်ဆန်းသစ်မှုရှိတဲ့ အိုင်ဒီယာတစ်ခုကို အခြေပြုပြီး Startups တွေ တည်ထောင်ဖို့လည်း ကြိုးစားနေပါတယ်။

Startup ဆိုတဲ့ စကားရပ်ဟာ တာထွက်အဆင့်မှာ ရှိနေသေးတဲ့ ကုမ္ပဏီ ၊ လုပ်ငန်းတစ်ခုခုကို ဆိုလိုတာ ဖြစ်ပါတယ်။ နည်းပညာခေတ်မှာတော့ Startups တွေဟာ နည်းပညာအခြေပြု Startups တွေက အများစုပါပဲ။ အကောင်းဆုံး Startups တွေဟာ များသောအားဖြင့် ကွဲပြားဆန်းသစ်တဲ့အိုင်ဒီယာတွေပေါ် အခြေခံထားပါတယ်။

               မြန်မာနိုင်ငံမှာလည်း ကမ္ဘာနဲ့ ရင်ဘောင်တန်းမယ့် Startups လုပ်ငန်းတွေ နဲ့ Startups အိပ်မက်ကို တစိုက်မတ်မတ် အကောင်အထည်ဖော်နေတဲ့ လူငယ်တွေ ဒုနဲ့ဒေး ရှိနေပါတယ်။ နည်းပညာအမြင်အားကောင်းပြီး Technical Skill မြင့်မားတဲ့ မျိုးဆက်သစ်လူငယ်တွေဟာ တီထွင်ဆန်းသစ်မှုရှိတဲ့ အိုင်ဒီယာတစ်ခုကို အခြေပြုပြီး Startups တွေ တည်ထောင်ဖို့လည်း ကြိုးစားနေပါတယ်။

               Startup တွေဟာ နည်းပညာအမြင်အခြေခံတဲ့ လမ်းသစ်ဖောက်ထွင် စီးပွားရေးပုံစံဖြစ်ပြီး ခေတ်ကာလအလျောက် ပြောင်းလဲမှုအမြန်ဆုံးနဲ့ အခွင့်အလမ်းအားအကောင်းဆုံး လုပ်ငန်းထဲမှာ ပါနေပါတယ်။ မြန်မာနိုင်ငံမှာရော Tech Startups တွေ ဘယ်ရေစီးမှာ ဦးတည်နေပြီလဲ။ နောက်ပိုင်း အားကောင်းလာမယ့် Startup ပုံစံတွေက ဘာတွေ ဖြစ်မလဲ။ တစ်ချက်လောက် အတူ ခန့်မှန်းကြည့်ရအောင်ပါ။


(၁) အွန်လိုင်း Health Care

image


Photo: Pexels


               COVID-19 ကပ်အတွင်း စီးပွားရေးနဲ့ လူမှုရေးပုံစံအပြောင်းအလဲတွေဟာ Startup တွေရဲ့ လမ်းကြောင်းနဲ့ အရှိန်ပေါ် အတော်ကြီး သက်ရောက်မှုရှိခဲ့ပါတယ်။ အခြေခံ လူနေမှုပုံစံတွေဟာ ဒစ်ဂျစ်တယ်ကူးပြောင်းမှုလှိုင်းပေါ် တွန်းတင်လိုက်သလို ရောက်လာခဲ့ပါတယ်။ Digital Economy ဆိုတဲ့ အသုံးအနှုန်းကလည်း တွင်ကျယ်လာပါတယ်။ COVID-19 ဂယက်ဟာ နည်းပညာအရွေ့ကို ပိုအရှိန်တင်ပေးလိုက်တဲ့ သဘောပါ။

               ဒီအရွေ့မှာ စောင့်ကြည့်ရမယ့် Startups တွေထဲမှာ အွန်လိုင်းကနေ ကျန်းမာရေးရာအကြံပေးချက်တွေ ၊ တိုင်ပင်ဆွေးနွေးမှုတွေ လုပ်နိုင်မယ့် Online Doctor နဲ့ Tele Medical Services တွေလည်း ပါပါတယ်။ အရေးပေါ်အခြေအနေမှာ ၂၄ နာရီ အချိန်ပြည့် ကျန်းမာရေးဆိုင်ရာ အတိုင်ပင်ခံ ဆရာဝန်တွေကို လှမ်းဆက်သွယ်နိုင်မယ့် Virtual Clinic လိုမျိုး ဝန်ဆောင်မှုတွေအပေါ် နည်းပညာအခြေပြုပြီး စီးပွားရေးအိုင်ဒီယာနဲ့ ဈေးကွက်သစ်တွေလည်း ပေါ်ပေါက်လာဖို့ ရှိပါတယ်။


(၂) Green Tech


Photo: Pexels


               Digital Tools တွေ သုံးပြီး ကမ္ဘာကြီးကို စောင့်ရှောက်နိုင်ပါတယ်။ AI နည်းပညာသုံးထားတဲ့ အသေးစား micro IoT ထုတ်ကုန်တွေ နဲ့ ဒရုန်းတွေ သုံးပြီး လေထုအရည်အသွေး တိုင်းတာတာ ၊ စိုက်ပျိုးရေးနည်းပညာ ပံ့ပိုးတာ ၊ စိုက်ခင်းစောင့်ကြည့်အစီရင်ခံမှုလုပ်တာ စတဲ့ Green Tech ကဏ္ဍကနေ Startup သစ်တွေ ထွက်လာနိုင်ပါတယ်။ 5G ကွန်ရက်နည်းပညာ ၊ Machine Learning နဲ့ နောက် လက်လှမ်းမီလာမယ့် Robotics အသုံးပြုမှုတွေ တွင်ကျယ်လာပြီဆိုရင် Agri Tech နယ်ပယ်ဟာ အရေးပါတဲ့ စီးပွားရေးနယ်ပယ်တစ်ခုအဆင့်ကို ရောက်လာမှာ သေချာသလောက် ရှိပါတယ်။


(၃) ပညာရေးနည်းပညာ


Photo: Pexels


               EdTech လို့ အတိုကောက်ခေါ်နေကြတဲ့ ပညာရေးနည်းပညာဟာ မြန်မာနိုင်ငံက Tech Startups တွေ အာရုံစိုက်လာတဲ့နယ်ပယ်ထဲမှာ ပါပါတယ်။ အင်တာနက်ကွန်ရက် ချိတ်ဆက်မှု အားကောင်းလာပြီ ၊ နိုင်ငံဖွံ့ဖြိုးတည်ငြိမ်မှုနဲ့ လူနေမှုပုံစံ တက်ရိပ်ပြလာပြီဆိုရင် ဒစ်ဂျစ်တယ်တတ်ကျွမ်းမှုနဲ့ ပညာရေးဟာ ချိတ်ဆက်သွားနိုင်မှာပါ။ EdTech နယ်ပယ်ဟာ အလားအလာအကောင်းဆုံးနဲ့ ဆန်းသစ်တီထွင်မှုအရှိဆုံး လူမှုစီးပွားရေးပုံစံတစ်ခုအထိ ဖြစ်လာမယ်လို့လည်း တွက်ချက်ထားပါတယ်။


(၄) အွန်လိုင်းဝန်ဆောင်မှုများ


Photo: Pexels


               Lifestyle Tech တွေဟာ အောင်မြင်တဲ့ စီးပွားရေးအဖြစ် အမြဲရှိနေမှာပါ။ စီးပွားရေးလောကရဲ့ အခြေခံအကျဆုံး စားသုံးသူအလိုကျ ထုတ်ကုန်/ဝန်ဆောင်မှုတွေ ရောင်းချဖန်တီးမှုတွေကို Online Services တွေအဖြစ် ပုံစံပြောင်းပြီး အိုင်ဒီယာကောင်းကောင်းနဲ့ စီးပွားရေးလုပ်ငန်းသစ်တွေ အမျိုးမျိုးကို မြင်ရဖို့ မျှော်လင့်ထားပါတယ်။ ဒီထဲမှာ အလှအပရေးရာ ၊ စားသောက်ကုန် ကဏ္ဍ ၊ အရောင်းအဝယ် ၊ အိမ်အရောက်ဝန်ဆောင်မှုများ ၊ အားကစားနဲ့ ကိုယ်လက်ကြံ့ခိုင်ရေး ၊ အတိုင်ပင်ခံလုပ်ငန်း ကနေ Talent ချိတ်ဆက်ရေးလုပ်ငန်းတွေအထိ အကုန်ပါပါတယ်။

               Startup တစ်ခုဟာ ဒေါ်လာ ဘီလျံနဲ့ ချီတန်တဲ့ Unicorns တွေအထိ ကြီးထွားနိုင်တဲ့ အခြေအနေကောင်းတွေ ရှိပါတယ်။ အောင်မြင်တဲ့ Startup တစ်ခု ဖြစ်လာဖို့ ဆိုရင် Technical Skills နဲ့ Idea ကောင်းရှိရုံတင် မရဘဲ ထုတ်ကုန်ကြော်ငြာရေး နည်းပညာ ၊ ဈေးကွက်အရွေ့ နားလည်မှု ၊ ဆန်းသစ်တီထွင်နိုင်ပြီး ရေရှည်သွားနိုင်မယ့် စီးပွားရေးအစီအမံကောင်းတွေ ရှိထားဖို့ စတဲ့စတဲ့ အကြောင်းတရားတွေကလည်း အထောက်အပံ့ပေးဖို့ လိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က